ခင်နှင်းဦး

【 ဆောင်းပါး 】 “ကိုဗစ်ဒုတိယလှိုင်းကို မျက်စပစ်နေတဲ့ နှာခေါင်းစည်းများနှင့် မခွာရက်နိုင်သူများ”

မြန်မာဆိုတာ မြန်မာ့သတ္တိကိုတော့ပြလိုက်ရမှ နေသာထိုင်သာရှိကြစမြဲ။ကိုဗစ်ပထမလှိုင်းကို မြန်မာတို့ အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ပြီလို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပြောစကားက နောက်ကျနေသည်။ရွှေမြန်မာတို့ကား ပထမလှိုင်းကို အောင်မြင်စွာဖြတ်ကျော်ပြီးပြီ၊ ငါတို့ဆီ ငဗစ်မလာပြီဟု ယုံကြည်စိတ်ချကြလေရကား၊ အစိုးရဘက်မှချမှတ်ထားသည့် စည်းကမ်းများကို အနည်းငယ်လျှော့ပေးလိုက်သည်နှင့် လတ်လျားလတ်လျား လမ်းသလားကြသည်။ကိုဗစ်ပထမလှိုင်းဖြတ်နေစဉ်ကပင် နှာခေါင်းစည်းမတပ်သူတွေ ဒုနှင့်ဒေးရှိခဲ့လေရာ၊ တီဗီတွင် ခဏခဏလာသည့် လက်ဆေးဖို့ပညာပေးထက် နှာခေါင်းစည်းတပ်ဖို့ ပညာပေးအားနည်းခဲ့သည်။

【 ဆောင်းပါး 】 ဒုတိယကိုဗစ်လှိုင်းနဲ့ တက်ထောင်တတ်တဲ့ ဒို့ရွှေမြန်မာ

၂၁ ရာစုနည်းပညာခေတ်မှာ ရွာကြီးတစ်ရွာဖြစ်လာတဲ့ ငါတို့ကမ္ဘာ စတဲ့ ဘဝင်တွေနဲ့ရှင်သန်နေတဲ့ လူဆိုသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ မျက်စိနဲ့မမြင်ရတဲ့ အလွန်မှုန်မွှားမွှား သတ္တဝါငယ်လေးကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်ကြရတာ ၉ လအတွင်း ချဉ်းနင်းလာပါပြီ။ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ အကောင်ငယ်ဟာ မရှိမကောင်း ရှိမကောင်း အိမ်နီးချင်း စိနတိုင်းဆီက ခရီးစခဲ့ပေမဲ့၊ ဩဘာနမိတ်ထွန်းတဲ့ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းပေါ်က အတုမရှိတဲ့ ချာယာဏသီ မြန်မာပြည်ကိုတော့ မျက်နှာသာပေးခဲ့ရှာပါတယ်။ကိုရိုနာကောင်ငယ်ဟာ ချာယာဏသီ မြန်မာပြည်ကိုကျော်လွှားပြီး  ကမ္ဘာပတ်ပါလေရော။

【 ဆောင်းပါး 】 “ငြိမ်းချမ်းသာယာနေချင့်စဖွယ် လူ့ဘောင်အတွက် လိုအပ်နေသည့် လူသားဝါဒ”

လူ့ဘဝကို တိုတောင်းတယ်လို့ ပြောတဲ့သူကပြောပြီး လူ့ဘဝခရီးဟာ ရှည်လျားကြမ်းတမ်းလှပါတယ်ရယ်လို့ ညည်းညူချင်သူတွေက ညည်းညူတတ်ကြတာ လူသားတို့သဘာဝပါ။တကယ်တော့ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ်ခုံမင်လှကြပါတယ်။ဘဝကိုရလာပြီး ရှင်သန်ရတဲ့အခိုက်အတန့်လေးမှာ လူတိုင်းသာယာအေးချမ်းတဲ့ဘဝကို ဖြတ်သန်းချင်ကြတာပါ။ဒါပေမဲ့ လူသားတွေဟာ ရခဲတဲ့လူ့ဘဝမှာ တကယ်ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာဖြတ်သန်းကြရပါရဲ့လား။

【 ဆောင်ပါး 】 ဗြဟ္မစိုရ်တရား တိုးပွားလာစေတဲ့ ကိုဗစ်-၁၉

လူသားဘဝကိုရလာသူတိုင်း အေးချမ်းသာယာတဲ့ဝန်းကျင်မှာ နေထိုင်လိုကြပါတယ်။ကျန်းမာချမ်းသာ ဘေးကင်းချင်ကြပါတယ်။လူသားတွေရဲ့ဘဝ သာယာလှပဖို့ ကာယကံရှင် လူတစ်ဦးချင်းပေါ်မူတည်နေသလို သူရှင်သန်ရတဲ့ ခေတ်၊ စနစ်နဲ့ လူ့ဘောင်ဝန်းကျင်ပေါ်မှာလည်း မူတည်ပါတယ်။လူ့သမိုင်းအဆက်ဆက်ကို ပြန်ငဲ့ကြည့်ရင် လူသားတွေအတွက်၊ အေးချမ်းသာယာချိန်ရှိခဲ့ကြသလို၊ ခက်ထန်ကြမ်းတမ်း ဆိုးဝါးတဲ့ကာလတွေကိုလည်း ဖြတ်ကျော်ခဲ့ကြရတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။

【 ဆောင်းပါး 】 “ကိုဗစ်-၁၉ နှင့် မိရိုးဖလာဗုဒ္ဓဘာသာများကြားမှ ဝိရောဓိ”

ကိုဗစ်-၁၉ ကပ်ရောဂါကြီးက၊ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်လိုက်ပါသည်။နေ့ညမပြတ် မရပ်မနားလှုပ်ရှားနေသော လူသားများနှင့် သူတို့၏ နေ့တဓူဝလုပ်ငန်းများ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများအား၊ ကိုဗစ်က ဆွဲခါလှုပ်ယမ်းလိုက်ပြီးနောက် လူသားတို့၏ လုပ်ငန်းစဉ်အားလုံးကို နှေးကွေးလေးလံသွားစေပေသည်။သိပ္ပံနှင့် နည်းပညာရပ်များ နေ့စဉ်တိုးတက်ဖြစ်ထွန်းနေချိန်တွင် သဘာဝအပေါ်အောင်ပွဲခံရန် နေ့ညမပြတ်ကြိုးပမ်းနေကြသော လူသားများကို မမြင်ရသော ဗိုင်းရပ်စ်ပိုးငယ်လေးများက အရှိုက်ကိုပင့်၍ ထိုးနှက်လိုက်ပေသည်။၂၀၂၀ နှစ်ဦးသည် ကမ္ဘာ့လူသားတို့အလယ်၌ ဘွားခနဲပေါ်လာသော ရောဂါကပ်ဘေးနှင့် မမြင်ရသောပိုးငယ်လေးများပြုသမျှ နုရမည့်အဖြစ်မှ လွတ်မြောက်ရန်