ဗြိတိသျှကိုကိုမောင်

【 သရော်စာ 】 “ကျွန်တော်နှင့် မှောင်ခိုဆံသ”

ခေါက်တံခါးလေးချပ်အနက်မှ တစ်ချပ်လေး ဟထားသည်ကို တွေ့ရသဖြင့် ကျွန်တော့်ရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။ဆိုင်ထဲသို့ အသာလှမ်းကြည့်လိုက်၏။

Mask တပ်ထားသော ခေါင်းကလေးတစ်လုံး ပြူလာသည်။

“ရလား”

ကျွန်တော်က လေသံဖြင့် မေးလိုက်သည်။

သူက ခေါင်းဆတ်ပြလိုက်၏။လက်ယပ်ခေါ်၏။

ပတ်ဝန်းကျင်အခြေအနေကို ကျွန်တော်အကဲခတ်လိုက်ပြီး ဟ ထားသော တံခါးချပ်ဆီသို့ လှမ်းခဲ့လိုက်သည်။

“ကျွန်တော်လည်း မနေနိုင်တော့လို့ပါဗျာ..ဟူး...တော်သေးတာပေါ့”

“ကျွန်တော်တို့လည်း ဒီနေ့မှ အခြေအနေကြည့် လှုပ်ရှားရတာ..လာ..လာ”

ကျွန်တော်က လက်ဖြန့်ပေးလိုက်သည်။

【 သရော်စာ 】 ကိုဗစ်နှင့် စာရေးဆရာဒုက္ခ

ခေါင်းစဥ်ကြည့်ပြီးတော့ ဒီဘဲ ခိုညည်းသလို ညည်းဦးမလားလို့ ထင်ကြရော့မယ်။ဒါမှမဟုတ် အိမ်ထဲမှာ မိန်းမနဲ့အတူပိတ်မိနေတဲ့ ဒုက္ခသည်ချင်းအတူတူ သင်းက ဘာများ ပိုချော်တောငေါ့နေဦးမှာလဲလို့ ဆိုကြရော့မယ်။

မဟုတ်ပါခင်ဗျာ။

ကျွန်တော့်လည်း ကျွန်တော့်ဒုက္ခနဲ့ ကျွန်တော်ပါ။ပြောပြပါ့မယ်။

【 သရော်စာ 】 နတ်ကြီးလေးပါး နယူးနော်မယ်အရေး ဆွေးနွေးခန်း

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆုတ် ၉ ရက်၊ နံနက် ၈ နာရီ ၃၀ အခါသမယတွင် ရန်ကုန်မြို့စောင့် နတ်ကြီးလေးပါးဖြစ်သော ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ မှော်ဘီဘိုးဘိုးကြီး၊ ဥက္ကလာပဘိုးဘိုးကြီးတို့သည် ရန်ကုန်မြို့၊ ကွာရန်တင်းစင်တာတစ်ခုရှေ့တွင် နှာခေါင်းစည်းမေးချိတ်လျက် တစ်ယောက် ခြောက်ပေအကွာမှ အောက်ပါအတိုင်း စည်းဝေးပြောဆိုကြသည်ဟူ၏။

【 သရော်စာ 】 ကျွန်တော်နှင့် ဆရာကိစ္စ

ကျွန်တော်တို့ မြန်မာလူမျိုးသည် အင်မတန် ဆရာခေါ်လွယ်ကြသည်။ဆရာခေါ်လွယ်ကြသလို ဆရာလည်း အင်မတန်အခေါ်ခံချင်ကြသည်။ကျောင်းမှာ စာသင်ပေးသည့် ဆရာအလုပ်လုပ်သူမို့ ဆရာခေါ်သည်က ထားပါတော့။

အချို့ကလည်း အလုပ်အကိုင်ကျွမ်းကျင်မှု နောက်ကနေ ဆရာတပ်ခေါ်ကြသည်။ဥပမာ - စာရေးခြင်းအလုပ်ဖြင့် ၀မ်းကျောင်းသူကို စာရေးဆရာ၊ စက်ချုပ်သူကို စက်ချုပ်ဆရာ၊ ၀ပ်ရှော့ပြင်သူကို ၀ပ်ရှော့ဆရာ။ယုတ်စွအဆုံး ဆိုက်ကားနင်းသူကိုပင် ဆိုက်ကားဆရာဟု သူ့ကျွမ်းကျင်မှုအရာကို ဆရာတင်ခေါ်တတ်ကြသည်။အဲ ဆေးကုရာတွင် ကျွမ်းကျင်သည့် သမားတော်များကိုကြ ဆေးကုဆရာဟုမခေါ်။ဆရာ၀န်တဲ့။

ဆားပုလင်းမောင်ဗြိ နှင့် ရွှေမှ ကြေးဖြစ်သွားသောအမှု

                      

တစ်နေ့သ၌ ကျွန်ုပ် ဒေါက်တာအဲလက်စ် နှင့် ဆားပုလင်းမောင်ဗြိ တို့သည် အလုံလမ်း၊ အမှတ်(၂၇)နေအိမ်တွင် ရှိနေကြလေသည်။မိုးကလေးကလည်း တစိမ့်စိမ့်ရွာနေသည်တွင် ဆားပုလင်းမောင်ဗြိ သည် လွန်စွာမှ ထူထဲလှသော စာအုပ်ကြီးတစ်အုပ်အား ခေါင်းအုံးလျက် သူ၏ ဖုန်းထဲ မှ မော်ဒယ်လ်မင်းသမီးပုံများကို တစ်ပုံပြီး တစ်ပုံး ပြူးပြဲကြည့်ရှုနေ၏။

Black Papper Crab

ပါဝင်ပစ္စည်းများ
ဂဏာန်း နှစ်ကောင်
black paper (ထမင်းစားဇွန်းနှစ်ဇွန်း)
whit paper (ထမင်းစားဇွန်း တစ်ဇွန်း)
ထောပတ် (ထမင်းစားဇွန်းနှစ်ဇွန်းခန့်)
ကြက်သွန်ဖြူ ကြိတ်ပြီးသား (ထမင်းစားဇွန်းတစ်ဇွန်း)
ကြက်သွန်နီ ပါးပါးလှီးပြီး စင်းထားသော (ထမင်းစားဇွန်းတစ်ဇွန်း)
ပဲငပိအနစ် (ထမင်းစားဇွန်းတစ်ဇွန်း)
ပျဉ်းတော်သိမ်ရွက်
ခရုဆီ ထမင်းစားဇွန်းတစ်ဇွန်း
ပဲငံပြာရည်အကြည် (ထမင်းစားဇွန်းသုံးဇွန်း)
သကြား (ထမင်းစားဇွန်းနှစ်ဇွန်း)
ငရုသီးအမှည့်တောင့် လေးတောင့်ခန့်

ပြုလုပ်နည်း