ကမ္ဘာလုံးဝင်ငွေ ဒေါ်လာသန်း ၁၈၀ အထိရှိလာတဲ့ Fast & Furious ဇာတ်ကားသစ်

ကမ္ဘာလုံးဝင်ငွေ ဒေါ်လာသန်း ၁၈၀ အထိရှိလာတဲ့ Fast & Furious ဇာတ်ကားသစ်

ဒီတစ်ပတ်ပွဲဦးထွက်ရုံတင်ပြသတဲ့ Fast & Furious ဇာတ်ကားသစ် Hobbs & Shaw ကနေ ကမ္ဘာတစ်ဝန်းဝင်ငွေ ဒေါ်လာသန်း ၁၈၀ အထိရရှိနေပြီဖြစ်ပါတယ်။

အမေရိကန် Box Office မှာ ဒေါ်လာသန်း ၆၀ နဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နေပြီး၊ တရုတ်နိုင်ငံမပါ ကမ္ဘာတစ်ဝန်းဝင်ငွေ ဒေါ်လာသန်း ၁၂၀ အထိရှိသွားပြီဖြစ်လို့ ပွဲဦးထွက်သီတင်းပတ်မှာတင် စုစုပေါင်း ဒေါ်လာသန်း ၁၈၀ ဝင်ငွေရရှိထားပါတယ်။

တစ်ပတ်အတွင်း ကမ္ဘာတစ်ဝန်းဝင်ငွေအရကြည့်မယ်ဆိုရင် ခုချိန်ထိတော့ Fast & Furious ထုတ်လုပ်ရေးရဲ့တတိယဝင်ငွေအများဆုံး ဇာတ်ကားနေရာမှာ ရှိပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ The Fate of the Furious ဇာတ်ကားမှာ ဒေါ်လာ၅၄၁ သန်း၊ Furious 7 မှာ ၃၉၈ သန်း အသီးသီးစံချိန်တင်ဝင်ငွေရခဲ့ပါတယ်။

Dwayne Johnsonနဲ့ Jason Stathamတို့ရဲ့အမာခံပရိသတ်တွေရှိတဲ့ တရုတ်နိုင်ငံမှာတော့ လာမယ့်သြဂုတ်လ ၂၃ ရက်နေ့မှာ ပွဲဦး ထွက်ပြသ မှာဖြစ်လို့ ပရိသတ်အားပေးမှု ဘယ်လောက်ရှိတယ်ဆိုတာ စောင့်ကြည့်ဖို့လိုပါတယ်။  ပြီးခဲ့တဲ့ Fast & Furiousနောက်ဆုံး ၂ ကားမှာတော့ တရုတ်တစ်နိုင်ငံတည်းကနေ တစ်ကားစီအတွက် ဒေါ်လာသန်း ၄၀၀ အထိ စံချိန်တင်ဝင်ငွေရခဲ့ပါတယ်။

ဒီဇာတ်ကားကို John Wickနဲ့ Deadpool 2 ဒါရိုက်တာ David Leitchက ဖန်တီးရိုက်ကူးထားပါတယ်။ Hobbsနဲ့ Shawကလည်း မူရင်း သရုပ်ဆောင်တွြေ ဖစ်တဲ့ Dwayne Johnsonနဲ့ Jason Stathamကိုပဲ ပြန်သုံးထားပါတယ်။ Furious 7 ဇာတ်ကား မှာ စတင်မိတ်ဆက်ခဲ့တဲ့ Hobbsနဲ့ Shawက ဒီကားမှာ အဓိကသရုပ်ဆောင်တွေ ဖြစ်လာခဲ့ပါတယ်။ The Fate of the Furious ဇာတ်ကားတုန်းက ဗြိတိန်အေးဂျင့်ဟောင်း Shawနဲ့ အမေရိကန်ထောက်လှမ်းရေးက Hobbs တို့ Dominic (Vin Diesel)နဲ့ ပူးပေါင်းခဲ့သလိုမျိုး၊ အခုဒီဇာတ်ကားမှာလည်း လူသားမျိုးနွယ် တစ်ခုလုံးပြောင်းလဲပစ်နိုင်တဲ့ ဆိုက်ဘာမျိုးဗီဇအဆင့်မြှင့်ထားတဲ့ဗီလိန်တစ်ဦးကို ဟန့်တားနိုင်ဖို့အတွက် ရန်ဖက်နှစ်ဦး ဘယ်လိုပူးပေါင်းမလဲ ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။

ရည်မွန်
Ref: flickeringmyth
နယူးယောက်၊ သြဂုတ် ၅

(  Zawgyi   )

 ဒီတစ္ပတ္ပြဲဦးထြက္႐ုံတင္ျပသတဲ့ Fast & Furious ဇာတ္ကားသစ္ Hobbs & Shaw ကေန ကမာၻတစ္ဝန္းဝင္ေငြ ေဒၚလာသန္း ၁၈၀ အထိရရွိေနၿပီျဖစ္ပါတယ္။

အေမရိကန္ Box Office မွာ ေဒၚလာသန္း ၆၀ နဲ႔ ထိပ္ဆုံးေနရာမွာရပ္တည္ေနၿပီး၊ တ႐ုတ္ႏိုင္ငံမပါ ကမာၻတစ္ဝန္းဝင္ေငြ ေဒၚလာသန္း ၁၂၀ အထိရွိသြားၿပီျဖစ္လို႔ ပြဲဦးထြက္သီတင္းပတ္မွာတင္ စုစုေပါင္း ေဒၚလာသန္း ၁၈၀ ဝင္ေငြရရွိထားပါတယ္။

တစ္ပတ္အတြင္း ကမာၻတစ္ဝန္းဝင္ေငြအရၾကည့္မယ္ဆိုရင္ ခုခ်ိန္ထိေတာ့ Fast & Furious ထုတ္လုပ္ေရးရဲ႕တတိယဝင္ေငြအမ်ားဆုံး ဇာတ္ကားေနရာမွာ ရွိပါတယ္။ ေနာက္ဆုံးထြက္ခဲ့တဲ့ The Fate of the Furious ဇာတ္ကားမွာ ေဒၚလာ၅၄၁ သန္း၊ Furious 7 မွာ ၃၉၈ သန္း အသီးသီးစံခ်ိန္တင္ဝင္ေငြရခဲ့ပါတယ္။

Dwayne Johnsonနဲ႔ Jason Stathamတို႔ရဲ႕အမာခံပရိသတ္ေတြရွိတဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ လာမယ့္ၾသဂုတ္လ ၂၃ ရက္ေန႔မွာ ပြဲဦး ထြက္ျပသ မွာျဖစ္လို႔ ပရိသတ္အားေပးမႈ ဘယ္ေလာက္ရွိတယ္ဆိုတာ ေစာင့္ၾကည့္ဖို႔လိုပါတယ္။  ၿပီးခဲ့တဲ့ Fast & Furiousေနာက္ဆုံး ၂ ကားမွာေတာ့ တ႐ုတ္တစ္ႏိုင္ငံတည္းကေန တစ္ကားစီအတြက္ ေဒၚလာသန္း ၄၀၀ အထိ စံခ်ိန္တင္ဝင္ေငြရခဲ့ပါတယ္။

ဒီဇာတ္ကားကို John Wickနဲ႔ Deadpool 2 ဒါ႐ိုက္တာ David Leitchက ဖန္တီး႐ိုက္ကူးထားပါတယ္။ Hobbsနဲ႔ Shawကလည္း မူရင္း သ႐ုပ္ေဆာင္ေတြျ ဖစ္တဲ့ Dwayne Johnsonနဲ႔ Jason Stathamကိုပဲ ျပန္သုံးထားပါတယ္။ Furious 7 ဇာတ္ကား မွာ စတင္မိတ္ဆက္ခဲ့တဲ့ Hobbsနဲ႔ Shawက ဒီကားမွာ အဓိကသ႐ုပ္ေဆာင္ေတြ ျဖစ္လာခဲ့ပါတယ္။ The Fate of the Furious ဇာတ္ကားတုန္းက ၿဗိတိန္ေအးဂ်င့္ေဟာင္း Shawနဲ႔ အေမရိကန္ေထာက္လွမ္းေရးက Hobbs တို႔ Dominic (Vin Diesel)နဲ႔ ပူးေပါင္းခဲ့သလိုမ်ိဳး၊ အခုဒီဇာတ္ကားမွာလည္း လူသားမ်ိဳးႏြယ္ တစ္ခုလုံးေျပာင္းလဲပစ္ႏိုင္တဲ့ ဆိုက္ဘာမ်ိဳးဗီဇအဆင့္ျမႇင့္ထားတဲ့ဗီလိန္တစ္ဦးကို ဟန႔္တားႏိုင္ဖို႔အတြက္ ရန္ဖက္ႏွစ္ဦး ဘယ္လိုပူးေပါင္းမလဲ ဆိုတာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ရည္မြန္
Ref: flickeringmyth
နယူးေယာက္၊ ၾသဂုတ္ ၅