ကိုဗက်ကာလအပန်းဖြေရင်း ဂိမ်းဆော့နေရတဲ့ တေးသံရှင် ရေမွန်

ကိုဗက်ကာလအပန်းဖြေရင်း ဂိမ်းဆော့နေရတဲ့ တေးသံရှင် ရေမွန်

တေးသံရှင် ရေမွန်ဟာ အခုလို ကာလမှာ Music အလုပ်တွေလည်း အားလပ်နေတာကြောင့် အပန်းဖြေတဲ့ အနေနဲ့ ဂိမ်းဆော့ကာ နေထိုင်နေတယ်လို့ သိရပါတယ်။“အခု ကျွန်တော့်အသက် ၃၂ နှစ်ရှိပြီ၊ ကျွန်တော် Music ကိစ္စပြီးတာနဲ့ တောက်လျှောက်ဆော့တာ၊ ဟိုးငယ်ငယ်ကတည်းက ဂိမ်းကို ဝါသနာပါတာ၊ တော်တော်လေးလည်း တောက်လျှောက် ဆော့ဖြစ်ခဲ့တယ်၊ Family Game တွေကစလို့ P2 ဂိမ်းတွေ ပြောရရင် အကုန်လုံးကို တစ်ခုမှမလွတ်ဘူး၊ အကုန်ဆော့ဖူး တယ်၊ ၁၀ တန်းတုန်းက Clan တွေဖွဲ့ပြီး အဖွဲ့လိုက်ဆော့တယ်၊ ဂိမ်းဆိုင်မှာပဲ နေတာများခဲ့တယ်။

ဂိမ်းဆိုင်မှာပဲ စားတယ်၊ အိပ်တယ်၊ နောက်ကျတော့ Music လုပ်မလား၊ ဂိမ်းဆော့မလားဆိုပြီး ကိုယ့်ဟာကိုယ် ရွေးချယ်ရင်း Music က ပိုစိတ်ဝင်စားတော့ Music ဘက်ရောက်လာတာပါ၊ များသောအားဖြင့် Dota  ခုတ်တယ်၊ တခြားဟာတွေ ဆော့တာလည်းရှိပါတယ်၊ Dota ကတော့ ပုံမှန်ဆော့ဖြစ်တာ”လို့ တေးသံရှင် ရေမွန်က ရှင်းပြပါတယ်။

ထိုဂိမ်းဆော့တာဟာ အကျိုးမရှိတဲ့အလုပ်လို့ သူ့ကိုမိဘတွေက ပြောဆိုဆုံးမခဲ့ကြပေမယ့် အခုခေတ်မှာ Gamer တွေက အားကစားသမားတွေထက်တောင် ဝင်ငွေများနေကြကြောင်း၊ Music အလုပ် မလုပ်ခင်ကတည်းက ရူးသွပ်ခဲ့တဲ့ Game ကို Second Carrer, E Sport အနေနဲ့ ပြန်ကစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ နေ့အလိုက် သတ်မှတ်ချက်တွေထားကာ ဂိမ်းအမျိုးမျိုးကို ရွေးချယ်ဆော့ကစားနေတယ်လို့ သိရပါတယ်။

“ကျွန်တော်က အင်္ဂါနေ့တစ်ရက် Off ကျန်တဲ့ရက်တွေ အကုန်လုံးကျန်တဲ့ရက်တွေမှာ ည ၈ နာရီတိုင်း Idiot Live လွှင့်ပြီး ဆော့ပါတယ်၊ တနင်္လာနေ့မှာ ဟိုးအရင်က ကစားဖူးတဲ့ ဂိမ်းတွေ ဆော့တယ်၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေး နေ့တွေမှာ Story Game မျိုးလေးတွေ ဆော့တယ်၊ သောကြာနေ့ကျတော့ PUBG ဆော့ပါတယ်၊ စနေ၊ တနင်္ဂနွေတို့မှာကျတော့ လူအဆော့များတဲ့ Mobile Legend တို့ဘာတို့ဆော့တယ်၊ အခုလို Home Stay ကာလ ဆိုတော့ Music အလုပ်တွေ ကလည်း သိပ်မလုပ်ရ ဘူးလေ၊ ဒါကြောင့်လည်း ကိုယ့်စိတ်အပန်းဖြေရာလည်း ရောက်တဲ့ အတွက် Game ပိုဆော့ဖြစ်တယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။          

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ မေ ၂၀

(  Zawgyi  )

 ေတးသံရွင္ ေရမြန္ဟာ အခုလို ကာလမွာ Music အလုပ္ေတြလည္း အားလပ္ေနတာေၾကာင့္ အပန္းေျဖတဲ့ အေနနဲ႔ ဂိမ္းေဆာ့ကာ ေနထိုင္ေနတယ္လို႔ သိရပါတယ္။“အခု ကြၽန္ေတာ့္အသက္ ၃၂ ႏွစ္ရွိၿပီ၊ ကြၽန္ေတာ္ Music ကိစၥၿပီးတာနဲ႔ ေတာက္ေလွ်ာက္ေဆာ့တာ၊ ဟိုးငယ္ငယ္ကတည္းက ဂိမ္းကို ဝါသနာပါတာ၊ ေတာ္ေတာ္ေလးလည္း ေတာက္ေလွ်ာက္ ေဆာ့ျဖစ္ခဲ့တယ္၊ Family Game ေတြကစလို႔ P2 ဂိမ္းေတြ ေျပာရရင္ အကုန္လုံးကို တစ္ခုမွမလြတ္ဘူး၊ အကုန္ေဆာ့ဖူး တယ္၊ ၁၀ တန္းတုန္းက Clan ေတြဖြဲ႕ၿပီး အဖြဲ႕လိုက္ေဆာ့တယ္၊ ဂိမ္းဆိုင္မွာပဲ ေနတာမ်ားခဲ့တယ္။

ဂိမ္းဆိုင္မွာပဲ စားတယ္၊ အိပ္တယ္၊ ေနာက္က်ေတာ့ Music လုပ္မလား၊ ဂိမ္းေဆာ့မလားဆိုၿပီး ကိုယ့္ဟာကိုယ္ ေ႐ြးခ်ယ္ရင္း Music က ပိုစိတ္ဝင္စားေတာ့ Music ဘက္ေရာက္လာတာပါ၊ မ်ားေသာအားျဖင့္ Dota  ခုတ္တယ္၊ တျခားဟာေတြ ေဆာ့တာလည္းရွိပါတယ္၊ Dota ကေတာ့ ပုံမွန္ေဆာ့ျဖစ္တာ”လို႔ ေတးသံရွင္ ေရမြန္က ရွင္းျပပါတယ္။

ထိုဂိမ္းေဆာ့တာဟာ အက်ိဳးမရွိတဲ့အလုပ္လို႔ သူ႔ကိုမိဘေတြက ေျပာဆိုဆုံးမခဲ့ၾကေပမယ့္ အခုေခတ္မွာ Gamer ေတြက အားကစားသမားေတြထက္ေတာင္ ဝင္ေငြမ်ားေနၾကေၾကာင္း၊ Music အလုပ္ မလုပ္ခင္ကတည္းက ႐ူးသြပ္ခဲ့တဲ့ Game ကို Second Carrer, E Sport အေနနဲ႔ ျပန္ကစားေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူဟာ ေန႔အလိုက္ သတ္မွတ္ခ်က္ေတြထားကာ ဂိမ္းအမ်ိဳးမ်ိဳးကို ေ႐ြးခ်ယ္ေဆာ့ကစားေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္က အဂၤါေန႔တစ္ရက္ Off က်န္တဲ့ရက္ေတြ အကုန္လုံးက်န္တဲ့ရက္ေတြမွာ ည ၈ နာရီတိုင္း Idiot Live လႊင့္ၿပီး ေဆာ့ပါတယ္၊ တနလၤာေန႔မွာ ဟိုးအရင္က ကစားဖူးတဲ့ ဂိမ္းေတြ ေဆာ့တယ္၊ ဗုဒၶဟူးနဲ႔ ၾကာသပေတး ေန႔ေတြမွာ Story Game မ်ိဳးေလးေတြ ေဆာ့တယ္၊ ေသာၾကာေန႔က်ေတာ့ PUBG ေဆာ့ပါတယ္၊ စေန၊ တနဂၤေႏြတို႔မွာက်ေတာ့ လူအေဆာ့မ်ားတဲ့ Mobile Legend တို႔ဘာတို႔ေဆာ့တယ္၊ အခုလို Home Stay ကာလ ဆိုေတာ့ Music အလုပ္ေတြ ကလည္း သိပ္မလုပ္ရ ဘူးေလ၊ ဒါေၾကာင့္လည္း ကိုယ့္စိတ္အပန္းေျဖရာလည္း ေရာက္တဲ့ အတြက္ Game ပိုေဆာ့ျဖစ္တယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။          

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ေမ ၂၀