ကိုဗက်ကာလ မုန့်ဖုတ်သင်တန်းတက်နေတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

ကိုဗက်ကာလ မုန့်ဖုတ်သင်တန်းတက်နေတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ အွန်လိုင်းကနေ ကိတ်မုန့်ဖုတ်တဲ့သင်တန်းကို တက်ရောက်ပြီး မိသားစုဝင် တွေကို အိမ်မှာမုန့်လုပ်ကျွေးတာတွေနဲ့ Stay Home ကာလကို ဖြတ်ကျော်နေတယ်လို့ သိရပါတယ်။

“နန်းမြတ်က ဟင်းချက်ရတာတော့ ဝါသနာမပါဘူးလေ၊ အရင်ကဆိုရင် နေ့စဉ်ကလေး အလုပ် တွေ၊ ကိုယ့်အလုပ်တွေနဲ့ဆိုတော့ အခုလိုမုန့်တွေဘာတွေ မလုပ်ဖြစ်ဘူး၊ အခုကျတော့ အိမ်မှာပဲ နေနေရတဲ့အခါ အချိန်ရတော့ လုပ်ဖြစ်တာပါ၊ ကိတ်မုန့်ဖုတ်တာတို့ဘာတို့ကတော့ အွန်လိုင်းကနေ သင်တယ်၊ တခြားဟာတွေက You Tube ကနေ ကြည့်ပြီးလုပ်တယ်၊ မုန့်တစ်မျိုးစီကို လုပ်ပြီး တော့ မိသားစုတွေကိုကျွေးတယ်၊ မုန့်လုပ်တာတော့ ဝါသနာ ပါတယ်”လို့ သူက ရှင်းပြပါတယ်။

သူမဟာ အိမ်ထောင်တာဝန်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် အနုပညာအလုပ် တွေကို မလုပ်ဖြစ်တော့ တဲ့ အခြေအနေမျိုးဖြစ်နေပေမယ့် နောက်ပိုင်းမှာ ပြန်လည်လုပ်ကိုင်ဖို့လည်း စီစဉ်ထား တာတွေ ရှိတယ် လို့ သိရပါတယ်။

“ကလေးကလည်း ငယ်သေးတော့ အနုပညာအလုပ်တွေကိုမလုပ်ဖြစ်ပေမယ့် နည်းနည်းကြီး လာတဲ့အရွယ် ကျရင်တော့ ပြန်လုပ်မှာပါ၊ အခုတော့ နန်းမြတ်ရွေးချယ်ထားတဲ့ အိမ်ထောင်ဘက်၊ တည်ဆောက်ထားတဲ့ မိသားစုအပေါ် အရမ်းလည်း ကျေနပ်တယ်၊ ပျော်ရွှင်တဲ့နေ့ရက်တိုင်းကို ရောက်ခဲ့တယ်၊ ကလေးက အမေထက် သူ့အဖေကိုပိုကပ်တယ်၊ စကားတွေဆိုရင်လည်း နှစ်လုံး ဆင့်လေးတွေ ပြောတတ်နေပြီ၊ နန်းမြတ်ကို ချစ်ပေးတဲ့ သူတွေ အားလုံးကို ရင်ထဲအသည်းထဲ ကနေ ကျေးဇူးတင်ပါတယ်၊ အနုပညာအလုပ်တွေ ဝေးနေပေမယ့် နန်းမြတ်ကို မမေ့လိုက်ပါနဲ့၊ တတ်နိုင်သလောက်အနုပညာအလုပ်တွေ ပြန်လုပ်ပါမယ်၊ အခုလိုကာလမှာလည်း ကျန်းမာရေး ကို ဂရုစိုက်ကြပါလို့ သတိပေးပြောချင်ပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG )
ရန်ကုန်၊ မေ ၂၄

(  Zawgyi  )

 သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းဟာ အြန္လိုင္းကေန ကိတ္မုန႔္ဖုတ္တဲ့သင္တန္းကို တက္ေရာက္ၿပီး မိသားစုဝင္ ေတြကို အိမ္မွာမုန႔္လုပ္ေကြၽးတာေတြနဲ႔ Stay Home ကာလကို ျဖတ္ေက်ာ္ေနတယ္လို႔ သိရပါတယ္။

“နန္းျမတ္က ဟင္းခ်က္ရတာေတာ့ ဝါသနာမပါဘူးေလ၊ အရင္ကဆိုရင္ ေန႔စဥ္ကေလး အလုပ္ ေတြ၊ ကိုယ့္အလုပ္ေတြနဲ႔ဆိုေတာ့ အခုလိုမုန႔္ေတြဘာေတြ မလုပ္ျဖစ္ဘူး၊ အခုက်ေတာ့ အိမ္မွာပဲ ေနေနရတဲ့အခါ အခ်ိန္ရေတာ့ လုပ္ျဖစ္တာပါ၊ ကိတ္မုန႔္ဖုတ္တာတို႔ဘာတို႔ကေတာ့ အြန္လိုင္းကေန သင္တယ္၊ တျခားဟာေတြက You Tube ကေန ၾကည့္ၿပီးလုပ္တယ္၊ မုန႔္တစ္မ်ိဳးစီကို လုပ္ၿပီး ေတာ့ မိသားစုေတြကိုေကြၽးတယ္၊ မုန႔္လုပ္တာေတာ့ ဝါသနာ ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

သူမဟာ အိမ္ေထာင္တာဝန္တစ္ဖက္နဲ႔ ျဖစ္တဲ့အတြက္ အႏုပညာအလုပ္ ေတြကို မလုပ္ျဖစ္ေတာ့ တဲ့ အေျခအေနမ်ိဳးျဖစ္ေနေပမယ့္ ေနာက္ပိုင္းမွာ ျပန္လည္လုပ္ကိုင္ဖို႔လည္း စီစဥ္ထား တာေတြ ရွိတယ္ လို႔ သိရပါတယ္။

“ကေလးကလည္း ငယ္ေသးေတာ့ အႏုပညာအလုပ္ေတြကိုမလုပ္ျဖစ္ေပမယ့္ နည္းနည္းႀကီး လာတဲ့အ႐ြယ္ က်ရင္ေတာ့ ျပန္လုပ္မွာပါ၊ အခုေတာ့ နန္းျမတ္ေ႐ြးခ်ယ္ထားတဲ့ အိမ္ေထာင္ဘက္၊ တည္ေဆာက္ထားတဲ့ မိသားစုအေပၚ အရမ္းလည္း ေက်နပ္တယ္၊ ေပ်ာ္႐ႊင္တဲ့ေန႔ရက္တိုင္းကို ေရာက္ခဲ့တယ္၊ ကေလးက အေမထက္ သူ႔အေဖကိုပိုကပ္တယ္၊ စကားေတြဆိုရင္လည္း ႏွစ္လုံး ဆင့္ေလးေတြ ေျပာတတ္ေနၿပီ၊ နန္းျမတ္ကို ခ်စ္ေပးတဲ့ သူေတြ အားလုံးကို ရင္ထဲအသည္းထဲ ကေန ေက်းဇူးတင္ပါတယ္၊ အႏုပညာအလုပ္ေတြ ေဝးေနေပမယ့္ နန္းျမတ္ကို မေမ့လိုက္ပါနဲ႔၊ တတ္ႏိုင္သေလာက္အႏုပညာအလုပ္ေတြ ျပန္လုပ္ပါမယ္၊ အခုလိုကာလမွာလည္း က်န္းမာေရး ကို ဂ႐ုစိုက္ၾကပါလို႔ သတိေပးေျပာခ်င္ပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG )
ရန္ကုန္၊ ေမ ၂၄