ကိုယ့်ကိုယ်ကို အမြဲလန်းဆန်းအောင် ပြင်ဆင်နေတယ်ဆိုတဲ့ သရုပ်ဆောင် မင်းဦး

ကိုယ့်ကိုယ်ကို အမြဲလန်းဆန်းအောင် ပြင်ဆင်နေတယ်ဆိုတဲ့ သရုပ်ဆောင် မင်းဦး

ဘယ်နေရာကိုပဲရောက်ရောက် ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ့်ကိုယ်ကိုအမြဲလန်းဆန်းအောင်ပြင်ဆင်ပြီး ကြိုးစားနေတယ်လို့ သရုပ်ဆောင် မင်းဦး က ပြောပါတယ်။

သူဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို အကယ်ဒမီဆုရတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ သရုပ်ဆောင်အလုပ်တွေအပြင် ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်နေကြောင်း၊ လက်ရှိကာလမှာလည်း မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ ဓာတ်ပုံရိုက်တာတွေ၊ ဂုဏ်ပြုတေးသီချင်းသီဆိုတာတွေမှာ ပါဝင်သီဆိုခဲ့ရသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

“ကျွန်တော်က ကိုယ့်ကိုယ်ကိုအမြဲလန်းဆန်းအောင်နေတယ်၊ ဒါမှလည်း အနုပညာအလုပ်ဆိုတာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ အတွေးသစ် အကြံသစ် စိတ်ကူးသစ်တွေနဲ့ လုပ်ဆောင်နိုင်မှာလို့မြင်တယ်၊ ဘယ်နေရာပဲရောက်ရောက် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့က အားလုံးနဲ့အဆင်ပြေအောင်နေတယ်၊ တခြားသူနဲ့ပဲဖြစ်ဖြစ် ပရိသတ်နဲ့ပဲဖြစ်ဖြစ်ပေါ့၊ အမှန်အတိုင်းပြောရရင် ဓာတ်ပုံရိုက်ရတာ ဒီလိုအချိန်ကျတော့ ပျင်းလာတယ်၊ ဒီလိုအသက်အရွယ်တော့ မရိုက်ချင်တော့ဘူး၊ နောက်တော့လည်း သူ့ဟာနဲ့သူပျော်သွားတာပဲ အဲလိုပဲပျော်အောင်နေရတာပဲလေ” လို့ ၎င်းက ရှင်းပြပါတယ်။

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရတဲ့အတွက်လည်း သူ့အတွက် ဂုဏ်ယူမဆုံးဖြစ်မိသလို COVID ကြောင့် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခွင့်မပြုသေးပေမယ့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေကို လုပ်ဆောင်ထားကြောင်း၊ ဇာတ်လမ်းတွဲတွေရိုက်ကူးဖို့အတွက်လည်းရှိနေပြီး COVID အလွန်မှာ ဇာတ်လမ်းတွဲတွေဘက်ကိုလည်း မှန်းထားတယ်လို့ သိရပါတယ်။

“အစကတော့ ရုပ်ရှင်ရိုက်ဖို့ ဇာတ်တွေပြင်ထားတာပေါ့၊ နောက်တော့ ရုပ်ရှင်မရိုက်ဖြစ်တော့ဘူး၊ အခုနောက်ပိုင်းတော့ ဇာတ်လမ်းတွဲဘက်ကို ပြန်ပြီးစဉ်းစားလာတာပေါ့၊ ဇာတ်လမ်းတွဲဘက်ကိုရိုက်ဖို့ ပြန်ပြီးတော့ပြင်ဆင်နေရတာပေါ့၊ နောက်ပိုင်းက ဇာတ်လမ်းတွဲတွေခေတ် ဖြစ်လာတယ်လေ” လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ပရိသတ်နှစ်သက်စေမယ့် ဇာတ်လမ်းတွေ ရိုက်ကူးထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့အစီအစဉ်တွေ၊ စိတ်ကူးလေးတွေကိုလည်း အခုလို COVID ကာလမှာ ပြင်ဆင်ရင်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။  

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၂၀

( Zawgyi )

ဘယ္ေနရာကိုပဲေရာက္ေရာက္ ဘယ္လိုပဲျဖစ္ေနျဖစ္ေန ကိုယ့္ကိုယ္ကိုအၿမဲလန္းဆန္းေအာင္ျပင္ဆင္ၿပီး ႀကိဳးစားေနတယ္လို႔ သ႐ုပ္ေဆာင္ မင္းဦး က ေျပာပါတယ္။

သူဟာ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္သလို အကယ္ဒမီဆုရတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ၿပီး လက္ရွိမွာ သ႐ုပ္ေဆာင္အလုပ္ေတြအျပင္ ဒါ႐ိုက္တာအျဖစ္လည္း လုပ္ကိုင္ေနေၾကာင္း၊ လက္ရွိကာလမွာလည္း ျမန္မာ့႐ုပ္ရွင္ ႏွစ္ ၁၀၀ ျပည့္မွာ ဓာတ္ပုံ႐ိုက္တာေတြ၊ ဂုဏ္ျပဳေတးသီခ်င္းသီဆိုတာေတြမွာ ပါဝင္သီဆိုခဲ့ရသူတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

“ကြၽန္ေတာ္က ကိုယ့္ကိုယ္ကိုအၿမဲလန္းဆန္းေအာင္ေနတယ္၊ ဒါမွလည္း အႏုပညာအလုပ္ဆိုတာ တက္တက္ႂကြႂကြ လန္းလန္းဆန္းဆန္းနဲ႔ အေတြးသစ္ အႀကံသစ္ စိတ္ကူးသစ္ေတြနဲ႔ လုပ္ေဆာင္ႏိုင္မွာလို႔ျမင္တယ္၊ ဘယ္ေနရာပဲေရာက္ေရာက္ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္အေနနဲ႔က အားလုံးနဲ႔အဆင္ေျပေအာင္ေနတယ္၊ တျခားသူနဲ႔ပဲျဖစ္ျဖစ္ ပရိသတ္နဲ႔ပဲျဖစ္ျဖစ္ေပါ့၊ အမွန္အတိုင္းေျပာရရင္ ဓာတ္ပုံ႐ိုက္ရတာ ဒီလိုအခ်ိန္က်ေတာ့ ပ်င္းလာတယ္၊ ဒီလိုအသက္အ႐ြယ္ေတာ့ မ႐ိုက္ခ်င္ေတာ့ဘူး၊ ေနာက္ေတာ့လည္း သူ႔ဟာနဲ႔သူေပ်ာ္သြားတာပဲ အဲလိုပဲေပ်ာ္ေအာင္ေနရတာပဲေလ” လို႔ ၎က ရွင္းျပပါတယ္။

ျမန္မာ့႐ုပ္ရွင္ ႏွစ္ ၁၀၀ ျပည့္မွာ တစ္ဖက္တစ္လမ္းက ပါဝင္ခြင့္ရတဲ့အတြက္လည္း သူ႔အတြက္ ဂုဏ္ယူမဆုံးျဖစ္မိသလို COVID ေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးခြင့္မျပဳေသးေပမယ့္ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈအပိုင္းေတြကို လုပ္ေဆာင္ထားေၾကာင္း၊ ဇာတ္လမ္းတြဲေတြ႐ိုက္ကူးဖို႔အတြက္လည္းရွိေနၿပီး COVID အလြန္မွာ ဇာတ္လမ္းတြဲေတြဘက္ကိုလည္း မွန္းထားတယ္လို႔ သိရပါတယ္။

“အစကေတာ့ ႐ုပ္ရွင္႐ိုက္ဖို႔ ဇာတ္ေတြျပင္ထားတာေပါ့၊ ေနာက္ေတာ့ ႐ုပ္ရွင္မ႐ိုက္ျဖစ္ေတာ့ဘူး၊ အခုေနာက္ပိုင္းေတာ့ ဇာတ္လမ္းတြဲဘက္ကို ျပန္ၿပီးစဥ္းစားလာတာေပါ့၊ ဇာတ္လမ္းတြဲဘက္ကို႐ိုက္ဖို႔ ျပန္ၿပီးေတာ့ျပင္ဆင္ေနရတာေပါ့၊ ေနာက္ပိုင္းက ဇာတ္လမ္းတြဲေတြေခတ္ ျဖစ္လာတယ္ေလ” လို႔ ၎က ဆက္လက္ရွင္းျပခဲ့ပါတယ္။

ပရိသတ္ႏွစ္သက္ေစမယ့္ ဇာတ္လမ္းေတြ ႐ိုက္ကူးထုတ္လုပ္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့အစီအစဥ္ေတြ၊ စိတ္ကူးေလးေတြကိုလည္း အခုလို COVID ကာလမွာ ျပင္ဆင္ရင္း လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။  

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၂၀