ကိုယ်မလှူနိုင်ပေမယ့် လုပ်အားဒါနနဲ့ ပါဝင်လုပ်ဆောင်နေတဲ့ လူရွှင်တော် ကောင်းကျော်

ကိုယ်မလှူနိုင်ပေမယ့် လုပ်အားဒါနနဲ့ ပါဝင်လုပ်ဆောင်နေတဲ့ လူရွှင်တော် ကောင်းကျော်

အခုလို COVID 19 ရောဂါနဲ့ပတ်သက်လို့ တတ်နိုင်သလောက် လုပ်ဆောင်တဲ့အခါ မိမိကိုယ်တိုင်ကလည်း ငွေကြေးချို့တဲ့သူတစ်ဦးဖြစ်တာကြောင့် လုပ်အားဒါနနဲ့ နိုင်သလောက် ပါဝင်လုပ်ဆောင်နေတယ်လို့ လူရွှင်တော် ကောင်းကျော် က ပြောပါတယ်။

သူဟာ လက်ရှိမှာ လူရွှင်တော် ဒိန်းဒေါင် ဦးစီးလုပ်ဆောင်နေတဲ့ ချွန်တွန်းပရဟိတအဖွဲ့မှာ ပါဝင်လုပ်ကိုင်နေပြီး လုပ်အားဒါနအလှူအနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

“အစ်ကိုတို့တောင် အလုပ်အကိုင်မရှိတာ ခုနှစ်လလောက်ရှိပြီ၊ ကိုယ်တို့က မလဲအောင် ကိုယ့်ဟာကိုယ်တောင့်ခံပေမယ့် တစ်ချို့ကျတော့ တော်တော်လေး အခက်အခဲဖြစ်တယ်၊ တစ်ချို့ဆို အခက်အခဲဖြစ်လို့ လာပြောတယ်၊ အစ်ကိုကလည်း မလှူနိုင်တော့ လှူချင်တဲ့သူတွေ အဆင်ပြေအောင် အခုအချိန်ကလည်း အားနေတော့ လုပ်မယ်ဆိုပြီးတော့ လုပ်ကြတာ၊ ကိုယ်တွေက အလုပ်မရှိအကိုင်မရှိလို့  ခုနှစ်လကျော်လောက် ဒုက္ခရောက်နေပြီ အောက်မေ့တာ ကိုယ့်ထက်ဒုက္ခရောက်တာတွေ့တော့ စိတ်ထဲမကောင်းဘူး၊ တော်ရုံနဲ့တော့ သူတို့က အကူညီမတောင်းကြဘူး၊ ငတ်လာတော့လည်း မရှက်ကြတော့ဘူး၊ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ဆိုတဲ့ စကားလိုပေါ့၊ တကယ်ငတ်လို့ အကူအညီတောင်းတဲ့သူအပေါ်  ကူညီပေးပေမယ့် အပြည့်အဝအကူအညီမပေးနိုင်ဘူး၊ ကိုယ်တွေက လုပ်အားပဲစိုက်ရတာပေါ့၊ ကိုယ့်ငွေမဟုတ်တော့လေ၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုပေါ်မူတည်ပြီး လုပ်ပေးတာဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

အဆိုပါပရဟိတအဖွဲ့မှာ ဦးဆောင်လုပ်ကိုင်နေတဲ့ လူရွှင်တော် ဒိန်းဒေါင် ကိုယ်တိုင် အခက်အခဲကြုံနေသူတွေအပေါ် စိတ်မကောင်းဖြစ်ကာ ဆွဲကြိုးရောင်းပြီး လှူလိုက်တဲ့အထိ လုပ်ဆောင်ခဲ့တာတွေရှိသလို တတ်နိုင်သမျှ လုပ်အားဒါနအနေနဲ့လည်း ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“တစ်ချို့က တစ်ကိုယ်ရေအခက်အခဲတွေ တောင်းဆိုတာတွေများတယ်၊ အိမ်လခမပေးနိုင်တာတို့၊ ဘာဖိုးညာဖိုးတို့ပေါ့၊ အဲ့ဒီလို လူအနည်းစုထက် အများစုအတွက်လှူပေးတာက များပါတယ်၊ အိမ်ခြေဘယ်လောက်လဲ စားသောက်ဖို့အရမ်းခက်နေလားဆိုပြီး ကြည့်ပြီးတော့ လူအများအတွက် အကူအညီပေးတာ၊ အခုရက်ပိုင်းမှာ ဖုန်းလည်းမကိုင်အားဘူး၊ ဖေ့ဘွတ်မက်ဆင်ဂျာက ပြောထားလည်း ပြန်မပြောနိုင်ဘူး ဖြစ်နေတယ်၊ အစ်ကို့မိန်းမက စျေးလေးပြန်ရောင်းတော့ ကိုယ့်မိသားစု စားဝတ်နေရေးအတွက်တော့ လောလောဆယ် မပူရတော့ဘူးပေါ့၊ ဒီကိုဗစ်ကြီး ပြီးသွားရင်တော့ အနုပညာလုပ်ငန်းတွေ ပြန်လုပ်မယ်၊ ပျော်ပျော်ရွှင်ရွှင်ဆုံချင်ပါတယ်လို့ပဲ ပြောချင်တယ်” လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။

လက်ရှိမှာ ချွန်တွန်းပရဟိတအဖွဲ့နဲ့အတူ အကူအညီပေးနေသလို အမျိုးသမီးဖြစ်သူရဲ့ အွန်လိုင်းစျေးရောင်းချမှုကြောင့် ဝယ်ယူသူတွေအတွက် Delivery လိုက်ပို့တဲ့ အလုပ်ကိုလည်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကောင်းကျော်)
ရန်ကုန်၊ အောက်တိုဘာ - ၂၈

( Zawgyi )

အခုလို COVID 19 ေရာဂါနဲ႔ပတ္သက္လို႔ တတ္ႏိုင္သေလာက္ လုပ္ေဆာင္တဲ့အခါ မိမိကိုယ္တိုင္ကလည္း ေငြေၾကးခ်ိဳ႕တဲ့သူတစ္ဦးျဖစ္တာေၾကာင့္ လုပ္အားဒါနနဲ႔ ႏိုင္သေလာက္ ပါဝင္လုပ္ေဆာင္ေနတယ္လို႔ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ က ေျပာပါတယ္။

သူဟာ လက္ရွိမွာ လူ႐ႊင္ေတာ္ ဒိန္းေဒါင္ ဦးစီးလုပ္ေဆာင္ေနတဲ့ ခြၽန္တြန္းပရဟိတအဖြဲ႕မွာ ပါဝင္လုပ္ကိုင္ေနၿပီး လုပ္အားဒါနအလႉအေနနဲ႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

“အစ္ကိုတို႔ေတာင္ အလုပ္အကိုင္မရွိတာ ခုႏွစ္လေလာက္ရွိၿပီ၊ ကိုယ္တို႔က မလဲေအာင္ ကိုယ့္ဟာကိုယ္ေတာင့္ခံေပမယ့္ တစ္ခ်ိဳ႕က်ေတာ့ ေတာ္ေတာ္ေလး အခက္အခဲျဖစ္တယ္၊ တစ္ခ်ိဳ႕ဆို အခက္အခဲျဖစ္လို႔ လာေျပာတယ္၊ အစ္ကိုကလည္း မလႉႏိုင္ေတာ့ လႉခ်င္တဲ့သူေတြ အဆင္ေျပေအာင္ အခုအခ်ိန္ကလည္း အားေနေတာ့ လုပ္မယ္ဆိုၿပီးေတာ့ လုပ္ၾကတာ၊ ကိုယ္ေတြက အလုပ္မရွိအကိုင္မရွိလို႔  ခုႏွစ္လေက်ာ္ေလာက္ ဒုကၡေရာက္ေနၿပီ ေအာက္ေမ့တာ ကိုယ့္ထက္ဒုကၡေရာက္တာေတြ႕ေတာ့ စိတ္ထဲမေကာင္းဘူး၊ ေတာ္႐ုံနဲ႔ေတာ့ သူတို႔က အကူညီမေတာင္းၾကဘူး၊ ငတ္လာေတာ့လည္း မရွက္ၾကေတာ့ဘူး၊ ႀကိဳက္မရွက္၊ ငိုက္မရွက္၊ ငတ္မရွက္ဆိုတဲ့ စကားလိုေပါ့၊ တကယ္ငတ္လို႔ အကူအညီေတာင္းတဲ့သူအေပၚ  ကူညီေပးေပမယ့္ အျပည့္အဝအကူအညီမေပးႏိုင္ဘူး၊ ကိုယ္ေတြက လုပ္အားပဲစိုက္ရတာေပါ့၊ ကိုယ့္ေငြမဟုတ္ေတာ့ေလ၊ အလႉရွင္ေတြရဲ႕ လႉဒါန္းမႈေပၚမူတည္ၿပီး လုပ္ေပးတာျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

အဆိုပါပရဟိတအဖြဲ႕မွာ ဦးေဆာင္လုပ္ကိုင္ေနတဲ့ လူ႐ႊင္ေတာ္ ဒိန္းေဒါင္ ကိုယ္တိုင္ အခက္အခဲႀကဳံေနသူေတြအေပၚ စိတ္မေကာင္းျဖစ္ကာ ဆြဲႀကိဳးေရာင္းၿပီး လႉလိုက္တဲ့အထိ လုပ္ေဆာင္ခဲ့တာေတြရွိသလို တတ္ႏိုင္သမွ် လုပ္အားဒါနအေနနဲ႔လည္း ဝိုင္းဝန္းႀကိဳးပမ္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“တစ္ခ်ိဳ႕က တစ္ကိုယ္ေရအခက္အခဲေတြ ေတာင္းဆိုတာေတြမ်ားတယ္၊ အိမ္လခမေပးႏိုင္တာတို႔၊ ဘာဖိုးညာဖိုးတို႔ေပါ့၊ အဲ့ဒီလို လူအနည္းစုထက္ အမ်ားစုအတြက္လႉေပးတာက မ်ားပါတယ္၊ အိမ္ေျခဘယ္ေလာက္လဲ စားေသာက္ဖို႔အရမ္းခက္ေနလားဆိုၿပီး ၾကည့္ၿပီးေတာ့ လူအမ်ားအတြက္ အကူအညီေပးတာ၊ အခုရက္ပိုင္းမွာ ဖုန္းလည္းမကိုင္အားဘူး၊ ေဖ့ဘြတ္မက္ဆင္ဂ်ာက ေျပာထားလည္း ျပန္မေျပာႏိုင္ဘူး ျဖစ္ေနတယ္၊ အစ္ကို႔မိန္းမက ေစ်းေလးျပန္ေရာင္းေတာ့ ကိုယ့္မိသားစု စားဝတ္ေနေရးအတြက္ေတာ့ ေလာေလာဆယ္ မပူရေတာ့ဘူးေပါ့၊ ဒီကိုဗစ္ႀကီး ၿပီးသြားရင္ေတာ့ အႏုပညာလုပ္ငန္းေတြ ျပန္လုပ္မယ္၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဆုံခ်င္ပါတယ္လို႔ပဲ ေျပာခ်င္တယ္” လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။

လက္ရွိမွာ ခြၽန္တြန္းပရဟိတအဖြဲ႕နဲ႔အတူ အကူအညီေပးေနသလို အမ်ိဳးသမီးျဖစ္သူရဲ႕ အြန္လိုင္းေစ်းေရာင္းခ်မႈေၾကာင့္ ဝယ္ယူသူေတြအတြက္ Delivery လိုက္ပို႔တဲ့ အလုပ္ကိုလည္း လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ေကာင္းေက်ာ္)
ရန္ကုန္၊ ေအာက္တိုဘာ - ၂၈