ကိုယ်လုံပညာသားသမီးတွေကို သင်ပေးမယ့် မင်းရာဇာ

ကိုယ်လုံပညာသားသမီးတွေကို သင်ပေးမယ့် မင်းရာဇာ

အက်ရှင်မင်းသားအဖြစ် လူသိများတဲ့ သရုပ်ဆောင် မင်းရာဇာဟာ သူ့ရဲ့သားသမီးတွေကို စိတ်ဓာတ်ကြံ့ခိုင်စေရေး အတွက် ကိုယ်လုံပညာကို အားကစားတစ်ခုသဖွယ် သင်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။

လက်ရှိကာလတွင် သူဟာ သမီးဖြစ်သူနဲ့ သားဖြစ်သူကို ပိုင်ဆိုင်ထားပြီး အက်ရှင်ဇာတ်လမ်းတွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်ရင်း လုပ်ကိုင် လို့နေတာဖြစ်ပါတယ်။ “သူတို့ဝါသနာပါရာလည်း သင်ပေါ့လေ၊ ဒီဟာက အားသာချက် ရှိပါတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ အဲ့ဒီလို ကိုယ့်ကိုယ်ကိုယုံကြည်မှု အတွက်လည်း ဒီဟာကပဲ ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်၊ အဓိကကတော့ စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း ရစေတယ်၊ ဒါက ဘ၀ အတွက်လည်း အများကြီး အထောက်အကူပြုစေတယ်လေ”လို့ သရုပ်ဆောင် မင်းရာဇာက ရှင်းပြပါတယ်။ သူ့ရဲ့ သမီးနဲ့သားဟာ အသက် ငါးနှစ်နီးပါးကွာခြားသလို သားသမီးတွေအတွက် ပညာအမွေကိုသာ ပေးလို ကြောင်း၊ ပညာရေးနဲ့ပတ်သက်လို့လည်း အကောင်းဆုံးဖြစ်အောင် မိဘကပံ့ပိုးပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ “ကျွန်တော်ဆိုရင် အားငယ်ချိန်တွေ လဲကျချိန်တွေရှိခဲ့တယ်၊ အောင်မြင်ချိန်တွေမှာလည်း ကိုယ့်ကိုထိန်းပေးမယ့်သူရှိဖို့ အရေးကြီးပါတယ်”လို့ သူက ဆက်ပြောပါတယ်။

အက်ရှင်ဇာတ်လမ်းတွေရိုက်ကူးတဲ့အခါမှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ဟာ ကိုယ်လုံပညာကို တတ်မြောက် ထားဖို့ကလည်း အရေးကြီးသလို ဘဝအတွက်လည်း များစွာအကျိုးရှိစေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်ဖို့ ကာရိုက်တာပိုင်းကို ပြင်ဆင်နေတာတွေရှိသလို တစ်ဖက်ကလည်း မိသားစုအတွက် အချိန်ပေးပြီးလုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ “ကျွန်တော့်ကလေးတွေကို ပညာအမွေ ပေးနိုင်အောင်တော့ ကြိုးစားမှာဖြစ်ပါတယ်၊ သရုပ်ဆောင်ဝါသနာပါတာပဲဖြစ်ဖြစ်၊ မပါတာပဲဖြစ်ဖြစ် သူတို့ဝါသနာပါရာကိုတော့ လုပ်ခိုင်းမှာပေါ့”လို့လည်း သူက ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း  
ရန်ကုန်၊ ဧပြီ ၁၉ 

(  Zawgyi  )

 အက္ရွင္မင္းသားအျဖစ္ လူသိမ်ားတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာဟာ သူ႔ရဲ႕သားသမီးေတြကို စိတ္ဓာတ္ႀကံ့ခိုင္ေစေရး အတြက္ ကိုယ္လုံပညာကို အားကစားတစ္ခုသဖြယ္ သင္ေပးဖို႔ရွိတယ္လို႔ ေျပာပါတယ္။

လက္ရွိကာလတြင္ သူဟာ သမီးျဖစ္သူနဲ႔ သားျဖစ္သူကို ပိုင္ဆိုင္ထားၿပီး အက္ရွင္ဇာတ္လမ္းေတြမွာ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ရင္း လုပ္ကိုင္ လို႔ေနတာျဖစ္ပါတယ္။ “သူတို႔ဝါသနာပါရာလည္း သင္ေပါ့ေလ၊ ဒီဟာက အားသာခ်က္ ရွိပါတယ္၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတယ္၊ အဲ့ဒီလို ကိုယ့္ကိုယ္ကိုယုံၾကည္မႈ အတြက္လည္း ဒီဟာကပဲ ေပးစြမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္၊ အဓိကကေတာ့ စိတ္ဓာတ္ႀကံ့ခိုင္မႈကိုလည္း ရေစတယ္၊ ဒါက ဘ၀ အတြက္လည္း အမ်ားႀကီး အေထာက္အကူျပဳေစတယ္ေလ”လို႔ သ႐ုပ္ေဆာင္ မင္းရာဇာက ရွင္းျပပါတယ္။ သူ႔ရဲ႕ သမီးနဲ႔သားဟာ အသက္ ငါးႏွစ္နီးပါးကြာျခားသလို သားသမီးေတြအတြက္ ပညာအေမြကိုသာ ေပးလို ေၾကာင္း၊ ပညာေရးနဲ႔ပတ္သက္လို႔လည္း အေကာင္းဆုံးျဖစ္ေအာင္ မိဘကပံ့ပိုးေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္ဆိုရင္ အားငယ္ခ်ိန္ေတြ လဲက်ခ်ိန္ေတြရွိခဲ့တယ္၊ ေအာင္ျမင္ခ်ိန္ေတြမွာလည္း ကိုယ့္ကိုထိန္းေပးမယ့္သူရွိဖို႔ အေရးႀကီးပါတယ္”လို႔ သူက ဆက္ေျပာပါတယ္။

အက္ရွင္ဇာတ္လမ္းေတြ႐ိုက္ကူးတဲ့အခါမွာ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ဟာ ကိုယ္လုံပညာကို တတ္ေျမာက္ ထားဖို႔ကလည္း အေရးႀကီးသလို ဘဝအတြက္လည္း မ်ားစြာအက်ိဳးရွိေစတယ္လို႔ ဆိုပါတယ္။ လတ္တေလာမွာ ဇာတ္ကားတစ္ကားအတြက္ သ႐ုပ္ေဆာင္ဖို႔ ကာ႐ိုက္တာပိုင္းကို ျပင္ဆင္ေနတာေတြရွိသလို တစ္ဖက္ကလည္း မိသားစုအတြက္ အခ်ိန္ေပးၿပီးလုပ္ကိုင္ေနရတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ့္ကေလးေတြကို ပညာအေမြ ေပးႏိုင္ေအာင္ေတာ့ ႀကိဳးစားမွာျဖစ္ပါတယ္၊ သ႐ုပ္ေဆာင္ဝါသနာပါတာပဲျဖစ္ျဖစ္၊ မပါတာပဲျဖစ္ျဖစ္ သူတို႔ဝါသနာပါရာကိုေတာ့ လုပ္ခိုင္းမွာေပါ့”လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း  
ရန္ကုန္၊ ဧၿပီ ၁၉