ကျောင်းသား/ကျောင်းသူ ၁၂ ဦး ပြေတီဦး ဖောင်ဒေးရှင်းက ထောက်ပံ့ကြေးပေး

ကျောင်းသား/ကျောင်းသူ ၁၂ ဦး ပြေတီဦး ဖောင်ဒေးရှင်းက ထောက်ပံ့ကြေးပေး

ပညာသင်ကြားဖို့ အခက်အခဲရှိနေသော ပြည်တွင်း ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအတွက် သရုပ်ဆောင် ပြေတီဦး ရဲ့ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက ဒီကနေ့မနက်မှာ ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဒါကို နှစ်စဉ်လုပ်ပါတယ်၊ ပရဟိတအတွက် ဝါသနာပါတဲ့ ကျွန်တော်အတွက် အလှူရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ ဝိုင်းဝန်းကူညီကြသူတွေနဲ့ အခုလိုဖောင်ဒေးရှင်းလေး ထောင်ထားပြီးတော့ ပညာသင် စရိတ် အခက်အခဲဖြစ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းကနေ ကူညီနေတာ ဖြစ်ပါတယ်”လို့ သရုပ်ဆောင် ပြေတီဦးက ပြောပါတယ်။

အဲ့ဒီလို ပညာသင်စရိတ် ထောက်ပံ့ပေးတဲ့ အခမ်းအနားကို ဒီကနေ့(နိုဝင်ဘာ ၂၉ရက်) မနက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းက Orchid ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆေးတက္ကသိုလ်တက်ရောက်တဲ့ ကျောင်းသား ငါးဦး၊ ကျောင်းသူ နှစ်ဦးတို့ အပါအဝင် ခုနစ်ဦး၊ နည်းပညာတက္ကသိုလ် တက်ရောက်တဲ့ ကျောင်းသား ငါးဦး စုစုပေါင်း ၁၂ ဦးကို အခမ်းအနားဖြင့် ပေးအပ်ကူညီခဲ့ကြတာ ဖြစ်ပါတယ်။

“ဒီပညာသင် ထောက်ပံ့ကြေးက သူတို့ကို လစဉ်လစဉ်တိုင်းပုံမှန်ပေးသွားမှာပါ၊ သတ်မှတ်စည်းကမ်းတွေတော့ သတ်မှတ် ထားတာရှိပါတယ်၊ ကျောင်းပြီးတဲ့အထိ ပေးသွားမှာပါ”လို့ သရုပ်ဆောင် ပြေတီဦး က ရှင်းပြပါတယ်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးအဖြစ် ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ တစ်ဦးလျှင် လစဉ် ကျပ် တစ်သိန်းနှုန်း ရရှိမှာဖြစ်ပြီး ကျောင်းပိတ်ချိန်တွေမှာ လစဉ် ကျပ်နှစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း၊ ပညာသင်ဖို့ အမှန်တကယ် လိုအပ်နေတဲ့သူတွေကိုသာ အခုလို ထောက်ပံ့ကူညီတာဖြစ်လို့ ပညာသင်ထောက်ပံ့ ကြေး ရရှိတဲ့ ကျောင်းသားကျောင်းသူတွေဟာ တစ်နှစ်တစ်တန်းမှန်မှန်အောင်ဖို့ လိုအပ်သလို စာမေးပွဲကျရှုံးပါက ထောက်ပံ့မှုမှ ရပ်ဆိုင်းမှာဖြစ်ပြီး တခြားသော အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေကို လက်ခံထားသူများလည်း မဖြစ်ဖို့လိုအပ်တယ်လို့ သတ်မှတ်ထားလျက်ရှိပါတယ်။ ဒါ့အပြင် ပညာသင်စရိတ် ထောက်ပံ့မှုရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ပညာသင်ကာလအတွင်း ပါတီ၊ နိုင်ငံရေးကိစ္စတွေနဲ့ ကင်းရှင်းဖို့လိုအပ်ပြီး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိပါက မိမိနိုင်ငံအတွင်းက မရှိနွမ်းပါးတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို အနည်းဆုံး ငါးနှစ် ဦးစားပေးလုပ်ကိုင်ဖို့ ခံဝန်ချက် ရေးထိုးရန်လည်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အခုပညာသင်ထောက်ပံ့ကြေးအတွက် လွန်ခဲ့သော အောက်တိုဘာ လထဲမှာ လျှောက်လွှာတွေ စတင်လက်ခံ ခဲ့တာဖြစ်သလို အမှန်တကယ်လိုအပ်တဲ့သူတွေကို စိစစ်ရွေးချယ်ကာ အခုလိုပေးအပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီ ပြေတီဦး ပညာရေးဖောင်ဒေးရှင်းဟာ လွန်ခဲ့တဲ့၂၀၁၀ ပြည့်နှစ်က စတင်လုပ်ဆောင်ခဲ့ကြသလို အခုလာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ ကိုးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အဲ့ဒီကြားကာလထဲမှာ အခုအချိန်အထိ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော် ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုဖောင်ဒေးရှင်းအနေနဲ့ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(က)ရဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ခရီးစရိတ်အဖြစ် ကျပ်နှစ်သိန်းနှုန်းကို ထောက်ပံ့ခဲ့တာတွေရှိသလို အခုပညာသင်နှစ် နှစ်စပိုင်းမှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် သားသမီးတွေအတွက် ဗလာစာအုပ် ၁၅၈ ဒါဇင်ကိုလည်း ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။  

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၂၉

( Zawgyi )

ပညာသင္ၾကားဖို႔ အခက္အခဲရွိေနေသာ ျပည္တြင္း ေဆးတကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ နည္းပညာတကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ သ႐ုပ္ေဆာင္ ေျပတီဦး ရဲ႕ ေျပတီဦး ပညာေရးေဖာင္ေဒးရွင္းက ဒီကေန႔မနက္မွာ ေထာက္ပံ့ေၾကး ေပးအပ္ခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဒါကို ႏွစ္စဥ္လုပ္ပါတယ္၊ ပရဟိတအတြက္ ဝါသနာပါတဲ့ ကြၽန္ေတာ္အတြက္ အလႉရွင္ေတြရဲ႕ ပူးေပါင္းပါဝင္မႈေတြ၊ ဝိုင္းဝန္းကူညီၾကသူေတြနဲ႔ အခုလိုေဖာင္ေဒးရွင္းေလး ေထာင္ထားၿပီးေတာ့ ပညာသင္ စရိတ္ အခက္အခဲျဖစ္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ကြၽန္ေတာ္တို႔ တတ္ႏိုင္တဲ့အပိုင္းကေန ကူညီေနတာ ျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ေျပတီဦးက ေျပာပါတယ္။

အဲ့ဒီလို ပညာသင္စရိတ္ ေထာက္ပံ့ေပးတဲ့ အခမ္းအနားကို ဒီကေန႔(ႏိုဝင္ဘာ ၂၉ရက္) မနက္က ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ဘုရားလမ္းက Orchid ဟိုတယ္မွာ က်င္းပခဲ့တာျဖစ္ၿပီး ေဆးတကၠသိုလ္တက္ေရာက္တဲ့ ေက်ာင္းသား ငါးဦး၊ ေက်ာင္းသူ ႏွစ္ဦးတို႔ အပါအဝင္ ခုနစ္ဦး၊ နည္းပညာတကၠသိုလ္ တက္ေရာက္တဲ့ ေက်ာင္းသား ငါးဦး စုစုေပါင္း ၁၂ ဦးကို အခမ္းအနားျဖင့္ ေပးအပ္ကူညီခဲ့ၾကတာ ျဖစ္ပါတယ္။

“ဒီပညာသင္ ေထာက္ပံ့ေၾကးက သူတို႔ကို လစဥ္လစဥ္တိုင္းပုံမွန္ေပးသြားမွာပါ၊ သတ္မွတ္စည္းကမ္းေတြေတာ့ သတ္မွတ္ ထားတာရွိပါတယ္၊ ေက်ာင္းၿပီးတဲ့အထိ ေပးသြားမွာပါ”လို႔ သ႐ုပ္ေဆာင္ ေျပတီဦး က ရွင္းျပပါတယ္။

အဆိုပါ ပညာသင္ေထာက္ပံ့ေၾကးအျဖစ္ ရရွိတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ တစ္ဦးလွ်င္ လစဥ္ က်ပ္ တစ္သိန္းႏႈန္း ရရွိမွာျဖစ္ၿပီး ေက်ာင္းပိတ္ခ်ိန္ေတြမွာ လစဥ္ က်ပ္ႏွစ္ေသာင္းႏႈန္း သတ္မွတ္ထားေၾကာင္း၊ ပညာသင္ဖို႔ အမွန္တကယ္ လိုအပ္ေနတဲ့သူေတြကိုသာ အခုလို ေထာက္ပံ့ကူညီတာျဖစ္လို႔ ပညာသင္ေထာက္ပံ့ ေၾကး ရရွိတဲ့ ေက်ာင္းသားေက်ာင္းသူေတြဟာ တစ္ႏွစ္တစ္တန္းမွန္မွန္ေအာင္ဖို႔ လိုအပ္သလို စာေမးပြဲက်ရႈံးပါက ေထာက္ပံ့မႈမွ ရပ္ဆိုင္းမွာျဖစ္ၿပီး တျခားေသာ အဖြဲ႕အစည္းေတြရဲ႕ ေထာက္ပံ့ကူညီမႈေတြကို လက္ခံထားသူမ်ားလည္း မျဖစ္ဖို႔လိုအပ္တယ္လို႔ သတ္မွတ္ထားလ်က္ရွိပါတယ္။ ဒါ့အျပင္ ပညာသင္စရိတ္ ေထာက္ပံ့မႈရရွိတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ပညာသင္ကာလအတြင္း ပါတီ၊ ႏိုင္ငံေရးကိစၥေတြနဲ႔ ကင္းရွင္းဖို႔လိုအပ္ၿပီး ေဆးတကၠသိုလ္မွ ဆရာဝန္ဘြဲ႕ရရွိပါက မိမိႏိုင္ငံအတြင္းက မရွိႏြမ္းပါးတဲ့ ျပည္သူေတြရဲ႕ က်န္းမာေရးကို အနည္းဆုံး ငါးႏွစ္ ဦးစားေပးလုပ္ကိုင္ဖို႔ ခံဝန္ခ်က္ ေရးထိုးရန္လည္း သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

အခုပညာသင္ေထာက္ပံ့ေၾကးအတြက္ လြန္ခဲ့ေသာ ေအာက္တိုဘာ လထဲမွာ ေလွ်ာက္လႊာေတြ စတင္လက္ခံ ခဲ့တာျဖစ္သလို အမွန္တကယ္လိုအပ္တဲ့သူေတြကို စိစစ္ေ႐ြးခ်ယ္ကာ အခုလိုေပးအပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

အဲ့ဒီ ေျပတီဦး ပညာေရးေဖာင္ေဒးရွင္းဟာ လြန္ခဲ့တဲ့၂၀၁၀ ျပည့္ႏွစ္က စတင္လုပ္ေဆာင္ခဲ့ၾကသလို အခုလာမယ့္ ႏိုဝင္ဘာ ၃၀ ရက္ေန႔မွာေတာ့ ကိုးႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး အဲ့ဒီၾကားကာလထဲမွာ အခုအခ်ိန္အထိ ေက်ာင္းသား၊ ေက်ာင္းသူ ၂၀၀ ေက်ာ္ ကို ေထာက္ပံ့ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ထိုေဖာင္ေဒးရွင္းအေနနဲ႔ ေဆးတကၠသိုလ္ ေနာက္ဆုံးႏွစ္ အပိုင္း(က)ရဲ႕ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္လည္း ခရီးစရိတ္အျဖစ္ က်ပ္ႏွစ္သိန္းႏႈန္းကို ေထာက္ပံ့ခဲ့တာေတြရွိသလို အခုပညာသင္ႏွစ္ ႏွစ္စပိုင္းမွာလည္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဝင္ သားသမီးေတြအတြက္ ဗလာစာအုပ္ ၁၅၈ ဒါဇင္ကိုလည္း ပံ့ပိုးေပးခဲ့တယ္လို႔ သိရပါတယ္။  

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၉