ကြိုးစားမှုရလဒ် ထွက်လာပြီဆိုတဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်

ကြိုးစားမှုရလဒ် ထွက်လာပြီဆိုတဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်

အနုပညာအလုပ်ကို ဝါသနာပါတာကြောင့် အနုပညာလောကထဲ ခြေစုံပစ်ဝင်ရောက်လုပ်ကိုင်နေတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ဖြစ်သော ချမ်းမင်းရဲထွဋ် ဟာ သူ့ရဲ့ အနုပညာသက်တမ်း ငါးနှစ်တာကာလထဲမှာ သူလိုချင်တဲ့ အနေအထားရဲ့ ၅၀ ရာခိုင်နှုန်းလောက် ရလာဒ်ထွက်ပေါ်နေတဲ့ အခြေအနေမျိုးရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့လို အသစ်တွေက အခွင့်အရေးရဖို့လိုတယ်၊ ကိုယ်ဘယ်လောက်တော်တော် ဘယ်လောက် ထက်မြက်နေပါစေ၊ ကိုယ်လုပ်ခွင့်ရမှလည်း အရေးကြီးတယ်၊ ကျွန်တော် အနုပညာလုပ်တာက ငါးနှစ် ဝန်းကျင်ရှိပြီ၊ ပထမ သုံးနှစ်လောက်က မော်ဒယ်ပိုင်းနဲ့ပတ်သက်ပြီးလုပ်တယ်၊ နောက်ပိုင်း နှစ်နှစ်အတွင်းမှာ သရုပ်ဆောင်တာကိုလုပ်တယ်၊ အခုတော့ ရုပ်ရှင်ကားတွေ များများရိုက်ဖို့ လုပ်နေတယ်၊ ဒီငါးနှစ်အတွင်း ကျွန်တော့်အနေနဲ့ ၅၀ ရာခိုင်နှုန်းလောက်တော့ ရလာပြီလို့ယူဆတယ်၊ အရင်ကဆိုရင် မင်းသားလုပ်ဖို့ဆိုတာ အရမ်းဝေးပါတယ်၊ ကျွန်တော်က နယ်ကနေလာတဲ့သူ ဖြစ်တော့ မဖြစ်နိုင်ဘူးလို့တောင်ထင်မိတာ။ အခု လမ်းကြောင်းပေါ် ရောက်လာပြီ၊ အနုပညာနဲ့ပတ်သက်ပြီး ကျွန်တော်လုပ်ထားတာလေးတွေရှိတယ်၊ ပရိသတ်ရှေ့ကို မထွက်လာသေးတာပေါ့နော်၊ ဒီငါးနှစ်အတွင်းမှာ ဒီနေရာရောက်လာရတာကို ကျေနပ်ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ကြိုးစားဖို့ရှိပါတယ်၊ ဒီငါးနှစ်ထဲမှာ အခက်အခဲတွေများစွာကိုလည်း ဖြတ်ကျော်ခဲ့ရပါတယ်”လို့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်က ရှင်းပြပါတယ်။

သူ့အနေနဲ့ လက်ရှိမှာ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးဖို့မရှိသေးဘဲ ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးဖို့သာ လုပ်ဆောင်နေကြောင်း၊ ဇာတ်လမ်းတွေထဲ ဗီလိန်ခန်းတွေမှာ အများဆုံးသရုပ်ဆောင်ခဲ့ပေမယ့် ယခုနောက်ပိုင်း မှာတော့ အတည်အခန့်နဲ့ အချစ်ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဇာတ်လမ်းတွဲက ရိုက်ဖို့မရှိဘူး ဆိုတာကလည်း MRTV4 တို့ဘာတို့က လာပြီး ကမ်းလှမ်းတာရှိတယ်၊ ကျွန်တော် အချိန်မပေးနိုင် တာပါ၊ ကြော်ငြာပိစိလေးတွေကို လက်ခံထားတာတွေနဲ့ တစ်ချို့ကိစ္စလေးတွေ လက်ခံထားတော့ အချိန်မရဘူး ဖြစ်နေတယ်၊ Sky Net paypar view ကဏ္ဍ အတွက် ရိုက်တယ်၊ ဗီလိန်ခန်းမှာ သရုပ်ဆောင်နေရာကနေ အခုရုံတင်တဲ့ ပုရိဿ ဇာတ်ကားမှာဆိုရင် ရယ်စရာကောင်းအောင် သရုပ်ဆောင်ထားတယ်၊ နောက်ပြီးတော့ “သုံးကကြီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ထားတယ်၊ စိုးမြတ်သူဇာ၊ နန်းဆုဦး တို့နဲ့ ရိုက်ထားတယ်၊ တော်တော်များများက ဗီလိန် ဇာတ်ရုပ်နေရာက ရိုက်ခဲ့ရတယ်၊ ဒါပေမဲ့လို့ “ကံ့ကော်နီ”တို့ဘာတို့မှာတော့ ဗီလိန်မလုပ်ရဘူး၊ ဆယ်တန်းကျောင်းသားလေး နေရာကနေသရုပ်ဆောင်ရတယ်၊ ဇာတ်ကား တော်တော်များများလဲ ဒီနှစ်ထဲ ရုံတင်နိုင်ဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော့်အနေနဲ့ ဒီမှာမြင်နေရတဲ့ လူတွေရဲ့ နေရာပေါ့၊ အဲ့ဒီလို ဇာတ်ရုပ်နေရာတွေမှာ ဝင်ပြီးတော့ သရုပ်ဆောင်ချင်တယ်၊ ကျွန်တော်မဟုတ်တဲ့ သူတို့နေရာ ကနေ ခံစားချင်တယ်”လို့ သူက ဆက်ပြောပါတယ်။

သူဟာ မျက်စိအဝေးမှုန်သူလည်းဖြစ်သလို မျက်ကပ်မှန်တပ်ဆင်ထားပြီး သူနဲ့လိုက်ဖက်မယ်လို့လည်းထင်ကာ သူလည်းနှစ်သက်တဲ့ ပါးသိုင်းမွှေးကို ထားထားကြောင်း၊ လူမှုကွန်ရက်ပေါ်မှာ ပုံတစ်ပုံတင်လိုက်တာနဲ့ မျိုးစုံပြောခံရတာတွေရှိပြီး ဝေဖန်အကြံပြုလာတွေထဲက ပြုပြင်သင့်တာကို ပြုပြင်သလို Negative Comment တွေကိုတော့ လစ်လျူရှုထားကြောင်း၊ အနုပညာအလုပ်ကို တစ်သက်လုံးလုပ်သွားဖို့ရည်ရွယ်ထား တာကြောင့်လည်း အကောင်းအဆိုး အပြောအဆိုတွေကို ခံရဖို့ကိုလည်း ကြိုတင်မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် - ၈

( Zawgyi )

အႏုပညာအလုပ္ကို ဝါသနာပါတာေၾကာင့္ အႏုပညာေလာကထဲ ေျခစုံပစ္ဝင္ေရာက္လုပ္ကိုင္ေနတဲ့ သ႐ုပ္ေဆာင္သစ္ တစ္ေယာက္ျဖစ္ေသာ ခ်မ္းမင္းရဲထြဋ္ ဟာ သူ႔ရဲ႕ အႏုပညာသက္တမ္း ငါးႏွစ္တာကာလထဲမွာ သူလိုခ်င္တဲ့ အေနအထားရဲ႕ ၅၀ ရာခိုင္ႏႈန္းေလာက္ ရလာဒ္ထြက္ေပၚေနတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔လို အသစ္ေတြက အခြင့္အေရးရဖို႔လိုတယ္၊ ကိုယ္ဘယ္ေလာက္ေတာ္ေတာ္ ဘယ္ေလာက္ ထက္ျမက္ေနပါေစ၊ ကိုယ္လုပ္ခြင့္ရမွလည္း အေရးႀကီးတယ္၊ ကြၽန္ေတာ္ အႏုပညာလုပ္တာက ငါးႏွစ္ ဝန္းက်င္ရွိၿပီ၊ ပထမ သုံးႏွစ္ေလာက္က ေမာ္ဒယ္ပိုင္းနဲ႔ပတ္သက္ၿပီးလုပ္တယ္၊ ေနာက္ပိုင္း ႏွစ္ႏွစ္အတြင္းမွာ သ႐ုပ္ေဆာင္တာကိုလုပ္တယ္၊ အခုေတာ့ ႐ုပ္ရွင္ကားေတြ မ်ားမ်ား႐ိုက္ဖို႔ လုပ္ေနတယ္၊ ဒီငါးႏွစ္အတြင္း ကြၽန္ေတာ့္အေနနဲ႔ ၅၀ ရာခိုင္ႏႈန္းေလာက္ေတာ့ ရလာၿပီလို႔ယူဆတယ္၊ အရင္ကဆိုရင္ မင္းသားလုပ္ဖို႔ဆိုတာ အရမ္းေဝးပါတယ္၊ ကြၽန္ေတာ္က နယ္ကေနလာတဲ့သူ ျဖစ္ေတာ့ မျဖစ္ႏိုင္ဘူးလို႔ေတာင္ထင္မိတာ။ အခု လမ္းေၾကာင္းေပၚ ေရာက္လာၿပီ၊ အႏုပညာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္လုပ္ထားတာေလးေတြရွိတယ္၊ ပရိသတ္ေရွ႕ကို မထြက္လာေသးတာေပါ့ေနာ္၊ ဒီငါးႏွစ္အတြင္းမွာ ဒီေနရာေရာက္လာရတာကို ေက်နပ္ပါတယ္၊ ေရွ႕ဆက္ၿပီးေတာ့လည္း ႀကိဳးစားဖို႔ရွိပါတယ္၊ ဒီငါးႏွစ္ထဲမွာ အခက္အခဲေတြမ်ားစြာကိုလည္း ျဖတ္ေက်ာ္ခဲ့ရပါတယ္”လို႔ သ႐ုပ္ေဆာင္ ခ်မ္းမင္းရဲထြဋ္က ရွင္းျပပါတယ္။

သူ႔အေနနဲ႔ လက္ရွိမွာ ႐ုပ္သံဇာတ္လမ္းတြဲေတြ႐ိုက္ကူးဖို႔မရွိေသးဘဲ ႐ုပ္ရွင္ကားႀကီးေတြမွာ ပါဝင္႐ိုက္ကူးဖို႔သာ လုပ္ေဆာင္ေနေၾကာင္း၊ ဇာတ္လမ္းေတြထဲ ဗီလိန္ခန္းေတြမွာ အမ်ားဆုံးသ႐ုပ္ေဆာင္ခဲ့ေပမယ့္ ယခုေနာက္ပိုင္း မွာေတာ့ အတည္အခန႔္နဲ႔ အခ်စ္ဇာတ္လမ္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

“ဇာတ္လမ္းတြဲက ႐ိုက္ဖို႔မရွိဘူး ဆိုတာကလည္း MRTV4 တို႔ဘာတို႔က လာၿပီး ကမ္းလွမ္းတာရွိတယ္၊ ကြၽန္ေတာ္ အခ်ိန္မေပးႏိုင္ တာပါ၊ ေၾကာ္ျငာပိစိေလးေတြကို လက္ခံထားတာေတြနဲ႔ တစ္ခ်ိဳ႕ကိစၥေလးေတြ လက္ခံထားေတာ့ အခ်ိန္မရဘူး ျဖစ္ေနတယ္၊ Sky Net paypar view က႑ အတြက္ ႐ိုက္တယ္၊ ဗီလိန္ခန္းမွာ သ႐ုပ္ေဆာင္ေနရာကေန အခု႐ုံတင္တဲ့ ပုရိႆ ဇာတ္ကားမွာဆိုရင္ ရယ္စရာေကာင္းေအာင္ သ႐ုပ္ေဆာင္ထားတယ္၊ ေနာက္ၿပီးေတာ့ “သုံးကႀကီး” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ထားတယ္၊ စိုးျမတ္သူဇာ၊ နန္းဆုဦး တို႔နဲ႔ ႐ိုက္ထားတယ္၊ ေတာ္ေတာ္မ်ားမ်ားက ဗီလိန္ ဇာတ္႐ုပ္ေနရာက ႐ိုက္ခဲ့ရတယ္၊ ဒါေပမဲ့လို႔ “ကံ့ေကာ္နီ”တို႔ဘာတို႔မွာေတာ့ ဗီလိန္မလုပ္ရဘူး၊ ဆယ္တန္းေက်ာင္းသားေလး ေနရာကေနသ႐ုပ္ေဆာင္ရတယ္၊ ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားလဲ ဒီႏွစ္ထဲ ႐ုံတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ ကြၽန္ေတာ့္အေနနဲ႔ ဒီမွာျမင္ေနရတဲ့ လူေတြရဲ႕ ေနရာေပါ့၊ အဲ့ဒီလို ဇာတ္႐ုပ္ေနရာေတြမွာ ဝင္ၿပီးေတာ့ သ႐ုပ္ေဆာင္ခ်င္တယ္၊ ကြၽန္ေတာ္မဟုတ္တဲ့ သူတို႔ေနရာ ကေန ခံစားခ်င္တယ္”လို႔ သူက ဆက္ေျပာပါတယ္။

သူဟာ မ်က္စိအေဝးမႈန္သူလည္းျဖစ္သလို မ်က္ကပ္မွန္တပ္ဆင္ထားၿပီး သူနဲ႔လိုက္ဖက္မယ္လို႔လည္းထင္ကာ သူလည္းႏွစ္သက္တဲ့ ပါးသိုင္းေမႊးကို ထားထားေၾကာင္း၊ လူမႈကြန္ရက္ေပၚမွာ ပုံတစ္ပုံတင္လိုက္တာနဲ႔ မ်ိဳးစုံေျပာခံရတာေတြရွိၿပီး ေဝဖန္အႀကံျပဳလာေတြထဲက ျပဳျပင္သင့္တာကို ျပဳျပင္သလို Negative Comment ေတြကိုေတာ့ လစ္လ်ဴရႈထားေၾကာင္း၊ အႏုပညာအလုပ္ကို တစ္သက္လုံးလုပ္သြားဖို႔ရည္႐ြယ္ထား တာေၾကာင့္လည္း အေကာင္းအဆိုး အေျပာအဆိုေတြကို ခံရဖို႔ကိုလည္း ႀကိဳတင္ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ - ၈