ကြိုးစားမှုအတွက် နေရာတစ်ခုအမြဲရှိနေတယ်လို့တေးသံရှင် ရိန်မိုး က ပြောလာ

ကြိုးစားမှုအတွက် နေရာတစ်ခုအမြဲရှိနေတယ်လို့တေးသံရှင် ရိန်မိုး က ပြောလာ

ကြိုးစားမှုတွေကို ပုံမှန်မပြတ်လုပ်ဆောင်နေဖို့ လိုအပ်သလို ကြိုးနေသူတွေအတွက် နေရာတစ်ခုက အမြဲရှိနေတယ်လို့ တေးသံရှင် ရိန်မိုးက ပြောကြားခဲ့ပါတယ်။

ပရိသတ်နဲ့ ဝေးကွာနေတဲ့ တေးသံရှင် ရိန်မိုးဟာ သူ့ရဲ့ ရော့ခ် သီချင်းခွေဖြစ်တဲ့ "လူပေ"လို့ နာမည်ရသော တေးသီချင်း ခွေကို ရန်ကုန်မြို့က House of Orchid မှာ ဒီကနေ့ (မေလ ၉ရက်) မွန်းလွဲပိုင်းမှာ စာနယ်ဇင်းတွေထံ မိတ်ဆက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပြီး ယင်းပွဲအပြီး မေးမြန်းရာမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

"အခုလို Social Media တွေ တွင်ကျယ်နေတဲ့ ခေတ်မှာ ကြိုးစားမှုတွေက ပိုလိုအပ်ပါတယ်၊ ခေတ်ရေစီးကြောင်းလို့ အကြောင်းပြပြီး ပေါ်ပင်သွားလုပ်လို့ မသင့်တော်ပါဘူး၊ ကျွန်တော့်ကို ဆရာတစ်ယောက်က ပြောဖူးတယ်၊ အရည်အချင်း ရှိတဲ့ လူတစ်ယောက်အတွက် နေရာတစ်ခုက အမြဲတမ်းရှိတယ်၊ ကိုယ့်ဘက်က အမြဲကြိုးစားနေဖို့သာ လိုတယ်လို့ ပြောဖူးတယ်၊ ကျွန်တော်လည်း အဲ့ဒီအတိုင်း ကြိုးစားနေပါတယ်"လို့ တေးသံရှင် ရိန်မိုးက ဆိုပါတယ်။

အခုနောက်ပိုင်းမှာ Challenge တွေဟာ အလွန်များသလို ယခင်ကထက် ပိုပြီးကြိုးစားလုပ်ကိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်ကြောင်း၊ ယခုအခွေထဲမှာ ရော့ခ်တေးသီချင်း ခုနစ်ပုဒ် ပါဝင်ပြီး ကရင်တိုင်းရင်းသား တေးရေးဆရာ သုံးဦးက ရေးသားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့တွေဟာ ကိုယ့်အရည်အချင်းရှိသလောက် ကြိုးစားနေဖို့လိုပါတယ်၊ ကိုယ့်ဘက်က ရေသာခိုပြီး လုပ်နေလို့မရပါဘူး၊ ကျွန်တော်က ရော့ခ် သီချင်းကြိုက်တော့ ဒီအခွေမှာလည်း ရော့ခ်ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားထားပါတယ်၊ Quality နည်းနည်းမှ မလျှော့ဘူး၊ ခံစားကြည့်ပါ"လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။ သူဟာ တေးသီချင်းတွေအတွက် ကြိုးပမ်းလုပ်ဆောင်နေတာကြောင့် ပရိသတ်နဲ့ ဝေးကွာနေတယ်လို့ ထင်စရာဖြစ်ပေမယ့် ပရိသတ်တွေအတွက် အမြဲစဉ်းစားကာ ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ မေ ၉

(   Zawgyi  )

 ႀကိဳးစားမႈေတြကို ပုံမွန္မျပတ္လုပ္ေဆာင္ေနဖို႔ လိုအပ္သလို ႀကိဳးေနသူေတြအတြက္ ေနရာတစ္ခုက အၿမဲရွိေနတယ္လို႔ ေတးသံရွင္ ရိန္မိုးက ေျပာၾကားခဲ့ပါတယ္။

ပရိသတ္နဲ႔ ေဝးကြာေနတဲ့ ေတးသံရွင္ ရိန္မိုးဟာ သူ႔ရဲ႕ ေရာ့ခ္ သီခ်င္းေခြျဖစ္တဲ့ "လူေပ"လို႔ နာမည္ရေသာ ေတးသီခ်င္း ေခြကို ရန္ကုန္ၿမိဳ႕က House of Orchid မွာ ဒီကေန႔ (ေမလ ၉ရက္) မြန္းလြဲပိုင္းမွာ စာနယ္ဇင္းေတြထံ မိတ္ဆက္ပြဲ က်င္းပခဲ့တာ ျဖစ္ၿပီး ယင္းပြဲအၿပီး ေမးျမန္းရာမွာ ေျပာျပခဲ့တာ ျဖစ္ပါတယ္။

"အခုလို Social Media ေတြ တြင္က်ယ္ေနတဲ့ ေခတ္မွာ ႀကိဳးစားမႈေတြက ပိုလိုအပ္ပါတယ္၊ ေခတ္ေရစီးေၾကာင္းလို႔ အေၾကာင္းျပၿပီး ေပၚပင္သြားလုပ္လို႔ မသင့္ေတာ္ပါဘူး၊ ကြၽန္ေတာ့္ကို ဆရာတစ္ေယာက္က ေျပာဖူးတယ္၊ အရည္အခ်င္း ရွိတဲ့ လူတစ္ေယာက္အတြက္ ေနရာတစ္ခုက အၿမဲတမ္းရွိတယ္၊ ကိုယ့္ဘက္က အၿမဲႀကိဳးစားေနဖို႔သာ လိုတယ္လို႔ ေျပာဖူးတယ္၊ ကြၽန္ေတာ္လည္း အဲ့ဒီအတိုင္း ႀကိဳးစားေနပါတယ္"လို႔ ေတးသံရွင္ ရိန္မိုးက ဆိုပါတယ္။

အခုေနာက္ပိုင္းမွာ Challenge ေတြဟာ အလြန္မ်ားသလို ယခင္ကထက္ ပိုၿပီးႀကိဳးစားလုပ္ကိုင္ေနရတဲ့ အေျခအေနမ်ိဳး ျဖစ္ေၾကာင္း၊ ယခုအေခြထဲမွာ ေရာ့ခ္ေတးသီခ်င္း ခုနစ္ပုဒ္ ပါဝင္ၿပီး ကရင္တိုင္းရင္းသား ေတးေရးဆရာ သုံးဦးက ေရးသားထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

"ကြၽန္ေတာ္တို႔ေတြဟာ ကိုယ့္အရည္အခ်င္းရွိသေလာက္ ႀကိဳးစားေနဖို႔လိုပါတယ္၊ ကိုယ့္ဘက္က ေရသာခိုၿပီး လုပ္ေနလို႔မရပါဘူး၊ ကြၽန္ေတာ္က ေရာ့ခ္ သီခ်င္းႀကိဳက္ေတာ့ ဒီအေခြမွာလည္း ေရာ့ခ္ပရိသတ္ေတြအတြက္ အေကာင္းဆုံး ႀကိဳးစားထားပါတယ္၊ Quality နည္းနည္းမွ မေလွ်ာ့ဘူး၊ ခံစားၾကည့္ပါ"လို႔လည္း သူက ဆက္ေျပာခဲ့ပါတယ္။ သူဟာ ေတးသီခ်င္းေတြအတြက္ ႀကိဳးပမ္းလုပ္ေဆာင္ေနတာေၾကာင့္ ပရိသတ္နဲ႔ ေဝးကြာေနတယ္လို႔ ထင္စရာျဖစ္ေပမယ့္ ပရိသတ္ေတြအတြက္ အၿမဲစဥ္းစားကာ ႀကိဳးပမ္းေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၉