ကြော်ငြာတွေသာ ရိုက်ဖြစ်နေတဲ့ သရုပ်ဆောင် နေခြည်ဦး

ကြော်ငြာတွေသာ ရိုက်ဖြစ်နေတဲ့ သရုပ်ဆောင် နေခြည်ဦး

သရုပ်ဆောင် နေခြည်ဦး ဟာ အခုရက်ပိုင်းထဲ ကြော်ငြာတွေနဲ့ အလှဓာတ်ပုံတွေကိုသာ အများဆုံး ရိုက်ကူး နေရတယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ သရုပ်ဆောင်ပိုင်းမှာသာမက ကြော်ငြာတွေ ရိုက်ကူးတဲ့အခါမှာလည်း အဝတ်အစား ပုံစံ ဒီဇိုင်းတွေ ဖက်ရှင်တွေကို အဓိကထားပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “ဒီနေ့ဝတ်ထား တဲ့ ဟာက ဂယက်ထအောင်တော့ ဝတ်တာမဟုတ်ဘူး၊ ဆံပင် Colour လေး ထပ်ထားတယ်၊ နေခြည်ဦး ဆိုပြီး ချပြနိုင်တဲ့ဟာမျိုးလောက်ပါပဲ၊ ဖက်ရှင်နဲ့ပတ်သက်ရင် နေခြည်က Freedom လုပ်တတ်တယ်၊ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်၊ နေခြည်ကို တိုင်ပင်ပေးတယ်၊ သူများ ဝတ်ဆိုရင်တောင် နေခြည်ရဲ့ စိတ်ကမဝတ်ဘူး၊ စိတ်ကူးပေါ်မူတည်ပြီးတော့ ဝတ်ဖြစ်တယ်၊ အခုလည်း ဆံပင်တုနဲ့လိုက်တယ်လို့တော့ ပြောကြတယ်၊ ဆံပင်အတွက်လည်း တော်တော်လေး ငွေကုန်ခံပြီး အတုလုပ်ထားရတယ်”လို့ သရုပ်ဆောင် နေခြည်ဦးက ပြောပါတယ်။

သူမအနေနဲ့ ဆံပင်တုတွေကိုလည်း အတို၊ အရှည် ဒီဇိုင်းမျိုးစုံကို စီစဉ်ကာ သွားရောက်မယ့် ပွဲပေါ် မူတည်ပြီး ဝတ်ဆင်မယ့် ဖက်ရှင်ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ ဆံပင်တုတွေကိုလည်း စီစဉ်လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးတာတွေမရှိသေးပေမယ့် လာမယ့် သြဂုတ်လထဲမှာတော့ ဇာတ်ကား ရိုက်ကူးဖို့ စီစဉ်ထားကြောင်း၊ ဇာတ်ကားထဲ မှာသရုပ်ဆောင် ရမယ့် စရိုက်သဘာဝအရ အစားအသောက် အနေအထိုင်တွေကိုလည်း ယခုကတည်းက ကြိုတင်ပြင်ဆင်
နေရတယ်လို့ သိရပါတယ်။

“ဈေးအရမ်းကြီးတဲ့ ဆံပင်တုကိုလည်း ခေါင်းအတိုင်းကို ပေးပြီးတော့ ချုပ်ရတယ်၊ အဲ့ဒါမှလည်း ပိုပြီးတော့ အဆင်ပြေမှာပေါ့နော်၊ နောက်လထဲမှာ ရုပ်ရှင်ကားရိုက်ဖို့ ပြင်ဆင်နေတယ်၊ အစား အသောက် ထိန်းထားနေရတယ်၊ အဓိက ကတော့ Body ကို ထိန်းထားရတယ်၊ အသားအရေ အများကြီး ထိန်း တယ်၊ အသားလှတဲ့အထဲမှာတော့ နေခြည်က မပါဘူး၊ မြန်မာမိန်းကလေး အများစုက အသားညိုလို့ တင်းတိတ်ထွက်တာများတယ်၊ တင်းတိတ်ကို ဂရုစိုက်သင့်တယ်၊ ဈေးများမှ Quarlity များတာ မဟုတ်ဘူး၊ Skin Care ကို ပုံမှန်သုံးသင့်တယ်၊ သုံး၊ လေး လလောက်တော့ အနည်းဆုံး လုပ်ရတယ်” လို့ သရုပ်ဆောင် နေခြည်ဦးက ဆိုပါတယ်။

သူမကို ဝေဖန်သူတွေလည်းရှိနေတာကြောင့် ပိုသတိထားပြီးတော့ ကြိုးစားနေကြောင်း၊ ပွဲတက်တာတွေက အစ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၇

(  Zawgyi  )

 သ႐ုပ္ေဆာင္ ေနျခည္ဦး ဟာ အခုရက္ပိုင္းထဲ ေၾကာ္ျငာေတြနဲ႔ အလွဓာတ္ပုံေတြကိုသာ အမ်ားဆုံး ႐ိုက္ကူး ေနရတယ္လို႔ ေျပာပါတယ္။

သူ႔အေနနဲ႔ သ႐ုပ္ေဆာင္ပိုင္းမွာသာမက ေၾကာ္ျငာေတြ ႐ိုက္ကူးတဲ့အခါမွာလည္း အဝတ္အစား ပုံစံ ဒီဇိုင္းေတြ ဖက္ရွင္ေတြကို အဓိကထားၿပီး လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ “ဒီေန႔ဝတ္ထား တဲ့ ဟာက ဂယက္ထေအာင္ေတာ့ ဝတ္တာမဟုတ္ဘူး၊ ဆံပင္ Colour ေလး ထပ္ထားတယ္၊ ေနျခည္ဦး ဆိုၿပီး ခ်ျပႏိုင္တဲ့ဟာမ်ိဳးေလာက္ပါပဲ၊ ဖက္ရွင္နဲ႔ပတ္သက္ရင္ ေနျခည္က Freedom လုပ္တတ္တယ္၊ ဖက္ရွင္ဒီဇိုင္းနဲ႔ ပတ္သက္တဲ့ သူငယ္ခ်င္းေတြလည္း ရွိတယ္၊ ေနျခည္ကို တိုင္ပင္ေပးတယ္၊ သူမ်ား ဝတ္ဆိုရင္ေတာင္ ေနျခည္ရဲ႕ စိတ္ကမဝတ္ဘူး၊ စိတ္ကူးေပၚမူတည္ၿပီးေတာ့ ဝတ္ျဖစ္တယ္၊ အခုလည္း ဆံပင္တုနဲ႔လိုက္တယ္လို႔ေတာ့ ေျပာၾကတယ္၊ ဆံပင္အတြက္လည္း ေတာ္ေတာ္ေလး ေငြကုန္ခံၿပီး အတုလုပ္ထားရတယ္”လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ေျပာပါတယ္။

သူမအေနနဲ႔ ဆံပင္တုေတြကိုလည္း အတို၊ အရွည္ ဒီဇိုင္းမ်ိဳးစုံကို စီစဥ္ကာ သြားေရာက္မယ့္ ပြဲေပၚ မူတည္ၿပီး ဝတ္ဆင္မယ့္ ဖက္ရွင္ဒီဇိုင္းနဲ႔ လိုက္ဖက္တဲ့ ဆံပင္တုေတြကိုလည္း စီစဥ္လုပ္ေဆာင္ေလ့ရွိတယ္လို႔ သိရပါတယ္။ လတ္တေလာမွာေတာ့ ဇာတ္ကား႐ိုက္ကူးတာေတြမရွိေသးေပမယ့္ လာမယ့္ ၾသဂုတ္လထဲမွာေတာ့ ဇာတ္ကား ႐ိုက္ကူးဖို႔ စီစဥ္ထားေၾကာင္း၊ ဇာတ္ကားထဲ မွာသ႐ုပ္ေဆာင္ ရမယ့္ စ႐ိုက္သဘာဝအရ အစားအေသာက္ အေနအထိုင္ေတြကိုလည္း ယခုကတည္းက ႀကိဳတင္ျပင္ဆင္
ေနရတယ္လို႔ သိရပါတယ္။

“ေဈးအရမ္းႀကီးတဲ့ ဆံပင္တုကိုလည္း ေခါင္းအတိုင္းကို ေပးၿပီးေတာ့ ခ်ဳပ္ရတယ္၊ အဲ့ဒါမွလည္း ပိုၿပီးေတာ့ အဆင္ေျပမွာေပါ့ေနာ္၊ ေနာက္လထဲမွာ ႐ုပ္ရွင္ကား႐ိုက္ဖို႔ ျပင္ဆင္ေနတယ္၊ အစား အေသာက္ ထိန္းထားေနရတယ္၊ အဓိက ကေတာ့ Body ကို ထိန္းထားရတယ္၊ အသားအေရ အမ်ားႀကီး ထိန္း တယ္၊ အသားလွတဲ့အထဲမွာေတာ့ ေနျခည္က မပါဘူး၊ ျမန္မာမိန္းကေလး အမ်ားစုက အသားညိဳလို႔ တင္းတိတ္ထြက္တာမ်ားတယ္၊ တင္းတိတ္ကို ဂ႐ုစိုက္သင့္တယ္၊ ေဈးမ်ားမွ Quarlity မ်ားတာ မဟုတ္ဘူး၊ Skin Care ကို ပုံမွန္သုံးသင့္တယ္၊ သုံး၊ ေလး လေလာက္ေတာ့ အနည္းဆုံး လုပ္ရတယ္” လို႔ သ႐ုပ္ေဆာင္ ေနျခည္ဦးက ဆိုပါတယ္။

သူမကို ေဝဖန္သူေတြလည္းရွိေနတာေၾကာင့္ ပိုသတိထားၿပီးေတာ့ ႀကိဳးစားေနေၾကာင္း၊ ပြဲတက္တာေတြက အစ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၇