ခါရာနဲ့ ပန်းရောင်ခြယ်ပါဝင်သရုပ်ဆောင်မည့် စုံထောက်ဇာတ်လမ်းတွဲ ပြသမည်

ခါရာနဲ့ ပန်းရောင်ခြယ်ပါဝင်သရုပ်ဆောင်မည့် စုံထောက်ဇာတ်လမ်းတွဲ ပြသမည်

ပြည်သူတွေရဲ့ကြားမှာ မှုခင်းဆိုင်ရာ အသိပညာပေးတွေကို ပြသသွားမယ့် “လိပ်ပြာ - အမှန်တရားရဲ့ ဓားတစ်လက်”လို့ နာမည်ရတဲ့ ဇာတ်လမ်းတွဲကို Canal+ မှာ ပြသဖို့ စီစဉ်ထားကြောင်း ဒါရိုက်တာ ဉာဏ်ထင်က ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ အကြိုပြသမယ့်အခမ်းအနားကိုတော့ ယနေ့(အောက်တိုဘာ ၈ ရက်) ညမှာ Junction City JCGV ရုပ်ရှင်ရုံမှာလုပ်ဆောင်မှာဖြစ်ပါတယ်။

“ကျွန်တော်က ဒီကားထဲမှာ ကြိုးစားထားပါတယ်၊ ရဲအုပ်နေရာကနေ သရုပ်ဆောင်ရမှာပါ၊ ပီပီပြင်ပြင်ဖြစ်အောင် လို့တော့ ကြိုးစားထား တယ်၊ ရိုက်ကွင်းအမှတ်တရတွေလည်း အများကြီးပေါ့၊ အခါတိုင်းသရုပ်ဆောင် သလိုမဟုတ်တဲ့ ပုံစံလေးနဲ့ နည်းနည်းလေး လုပ်ဆောင်ထားတယ်”လို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။

ထိုဇာတ်ကားဟာ သရုပ်ဆောင် ပန်းရောင်ခြယ်အတွက် ပထမဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့လည်း အားပေးကြည့်ရှုစေချင်တယ်လို့ ဆိုပါတယ်။ “ဟုတ်ပါတယ်၊ ဒါက ညီမရဲ့ ပထမဆုံးဇာတ်လမ်း တွဲပါ၊ ကိုယ်အားမရတာလေး လည်းရှိ တယ်၊ အကောင်းဆုံးတော့ လုပ်ထားပါတယ်၊ ညီမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့ ညီမရဲ့ အနုပညာကို ကြည့်ရှုပြီးတဲ့အခါ လိုအပ်ချက် တွေရှိရင် အကြံပြုနိုင်ပါတယ်၊ ကိုယ်သရုပ်ဆောင်ထားတာကို ပြန်ကြည့်ရင်း နဲ့လည်း ရင်ခုန်မိတယ်”လို့ သရုပ်ဆောင် ပန်းရောင်ခြယ်က အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ထိုဇာတ်လမ်းတွဲဟာ Canal+ က Bonanza Production နဲ့ ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်း ဖြစ်သလို ပရိသတ်တွေအတွက် သည်းထိပ်ရင်ဖိုအခန်းတွေ၊ စဉ်းစားစရာ ပဟေဠိတွေလည်း ပါဝင်မှာဖြစ်ပြီး ကြည့်ရှုသူပရိသတ်တွေ ကြိုက်နှစ်သက်စေမယ့် ဇာတ်ကား ကောင်းဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ထိုဇာတ်ကားထဲမှာ ပန်းရောင်ခြယ်၊ ခါရာ၊ မြတ်နိုးအေး၊ အောင်ရဲထိုက်၊ ချာလီ၊ မင်းဦး၊ သန်းသန်းစိုးနဲ့ သရုပ်ဆောင်ပေါင်းများစွာတို့က ပါဝင်ထားကြပါတယ်။ ထိုဇာတ်လမ်းတွဲကိုတော့ Canal+ ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသတော့မှာဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၈
မင်းခေတ်လင်း

(  Zawgyi  )

 ျပည္သူေတြရဲ႕ၾကားမွာ မႈခင္းဆိုင္ရာ အသိပညာေပးေတြကို ျပသသြားမယ့္ “လိပ္ျပာ - အမွန္တရားရဲ႕ ဓားတစ္လက္”လို႔ နာမည္ရတဲ့ ဇာတ္လမ္းတြဲကို Canal+ မွာ ျပသဖို႔ စီစဥ္ထားေၾကာင္း ဒါ႐ိုက္တာ ဉာဏ္ထင္က ေျပာပါတယ္။

အဆိုပါ ဇာတ္လမ္းတြဲနဲ႔ပတ္သက္တဲ့ အႀကိဳျပသမယ့္အခမ္းအနားကိုေတာ့ ယေန႔(ေအာက္တိုဘာ ၈ ရက္) ညမွာ Junction City JCGV ႐ုပ္ရွင္႐ုံမွာလုပ္ေဆာင္မွာျဖစ္ပါတယ္။

“ကြၽန္ေတာ္က ဒီကားထဲမွာ ႀကိဳးစားထားပါတယ္၊ ရဲအုပ္ေနရာကေန သ႐ုပ္ေဆာင္ရမွာပါ၊ ပီပီျပင္ျပင္ျဖစ္ေအာင္ လို႔ေတာ့ ႀကိဳးစားထား တယ္၊ ႐ိုက္ကြင္းအမွတ္တရေတြလည္း အမ်ားႀကီးေပါ့၊ အခါတိုင္းသ႐ုပ္ေဆာင္ သလိုမဟုတ္တဲ့ ပုံစံေလးနဲ႔ နည္းနည္းေလး လုပ္ေဆာင္ထားတယ္”လို႔ သ႐ုပ္ေဆာင္ ခါရာက ေျပာပါတယ္။

ထိုဇာတ္ကားဟာ သ႐ုပ္ေဆာင္ ပန္းေရာင္ျခယ္အတြက္ ပထမဆုံး ဇာတ္လမ္းတြဲလည္း ျဖစ္တာေၾကာင့္ ပရိသတ္ေတြ အေနနဲ႔လည္း အားေပးၾကည့္ရႈေစခ်င္တယ္လို႔ ဆိုပါတယ္။ “ဟုတ္ပါတယ္၊ ဒါက ညီမရဲ႕ ပထမဆုံးဇာတ္လမ္း တြဲပါ၊ ကိုယ္အားမရတာေလး လည္းရွိ တယ္၊ အေကာင္းဆုံးေတာ့ လုပ္ထားပါတယ္၊ ညီမကိုခ်စ္တဲ့ ပရိသတ္ေတြအေနနဲ႔ ညီမရဲ႕ အႏုပညာကို ၾကည့္ရႈၿပီးတဲ့အခါ လိုအပ္ခ်က္ ေတြရွိရင္ အႀကံျပဳႏိုင္ပါတယ္၊ ကိုယ္သ႐ုပ္ေဆာင္ထားတာကို ျပန္ၾကည့္ရင္း နဲ႔လည္း ရင္ခုန္မိတယ္”လို႔ သ႐ုပ္ေဆာင္ ပန္းေရာင္ျခယ္က အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

ထိုဇာတ္လမ္းတြဲဟာ Canal+ က Bonanza Production နဲ႔ ပူးေပါင္း႐ိုက္ကူးထားတဲ့ ဇာတ္လမ္းလည္း ျဖစ္သလို ပရိသတ္ေတြအတြက္ သည္းထိပ္ရင္ဖိုအခန္းေတြ၊ စဥ္းစားစရာ ပေဟဠိေတြလည္း ပါဝင္မွာျဖစ္ၿပီး ၾကည့္ရႈသူပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ေစမယ့္ ဇာတ္ကား ေကာင္းျဖစ္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။ ထိုဇာတ္ကားထဲမွာ ပန္းေရာင္ျခယ္၊ ခါရာ၊ ျမတ္ႏိုးေအး၊ ေအာင္ရဲထိုက္၊ ခ်ာလီ၊ မင္းဦး၊ သန္းသန္းစိုးနဲ႔ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာတို႔က ပါဝင္ထားၾကပါတယ္။ ထိုဇာတ္လမ္းတြဲကိုေတာ့ Canal+ ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ ျပသေတာ့မွာျဖစ္ပါတယ္။

ရန္ကုန္၊ ေအာက္တိုဘာ ၈
မင္းေခတ္လင္း