ချစ်ခရီးလမ်းချောမွေ့လို့ ပျော်ရွှင်နေတဲ့ သုသု

ချစ်ခရီးလမ်းချောမွေ့လို့ ပျော်ရွှင်နေတဲ့ သုသု

ချစ်သူနဲ့အတူ ချစ်ခရီးလမ်းချောမွေ့နေတာကြောင့် ပျော်ရွှင်နေတယ်လို့ သုသု လို့ ချစ်စနိုးခေါ်ဝေါ်ကြ တဲ့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

“အချစ်ရေးက အခုတကယ့်ကို ချောချောမွေ့မွေ့နဲ့အဆင်ပြေတဲ့ အခြေအနေလေးပါ၊ ကိုယ့်ချစ်သူကို အတိအလင်း ထုတ်မပြရတာက လူတွေကဘာလုပ်လုပ် ဆဲချင်ကြတယ်လေ၊ ဆဲတယ် ပြုတယ်ဆိုရင် အကုသိုလ်တွေရမှာစိုးလို့လည်း ပါပါတယ်၊ လူတိုင်းကိုလည်း မေတ္တာထားပါတယ်၊ မေတ္တာတရားနဲ့ပဲ ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဘာလုပ်လုပ် ကောင်းတာကိုပဲ မှတ်ချက်ပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ပြစ်တင်ကာ ဆဲဆိုသူ အများအပြားလည်း ရှိတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်အလှအပအတွက် ဆီလီကွန်တွေထည့်ပြီး ခွဲစိတ် ပြုပြင်တာတွေကို လုပ်ကိုင်ခဲ့သလို ရင်သား၊ နှာခေါင်း၊ မေးစေ့တွေမှာလည်း ဆီလီကွန်တွေ ထည့်ပြီးတော့ ခွဲစိတ်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

“ခုချိန်အထိ ထူးထူးခြားခြား ခံစားရတဲ့ ဝေဒနာမရှိဘူး၊ အခုလို လှချင်တော့ ရင်းရမှာပဲလေ၊ ကောင်း တာတော့ ကောင်းသွားတယ်၊ အခုပြုပြင်မှုတွေအကုန်လုံး စိတ်တိုင်းကျတယ်၊ နဖူးလေးဆိုရင်လည်း တင်းနေအောင် လုပ်ထားတယ်၊ မျက်နှာမှာဆိုလည်း အရေးအကြောင်းတွေမရှိအောင် ပြုပြင်ထား ပါတယ်၊ ကိုယ်ကလှချင်လို့လုပ်ခဲ့တာ”လို့လည်း မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က ရှင်းပြပါတယ်။

သူ့ရဲ့ချစ်သူကလည်း သူ့ကိုလှလှပပလေး နေစေချင်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း ဗိုက် အဆီ ထုတ်ကာ ခွဲစိတ်လုပ်ဆောင်ဖို့လည်း အစီအစဉ်ရှိပြီး ခွဲစိတ်ဖို့အတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေပေး မယ့် သူတွေလည်းရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၆

(  Zawgyi  )

 ခ်စ္သူနဲ႔အတူ ခ်စ္ခရီးလမ္းေခ်ာေမြ႕ေနတာေၾကာင့္ ေပ်ာ္႐ႊင္ေနတယ္လို႔ သုသု လို႔ ခ်စ္စႏိုးေခၚေဝၚၾက တဲ့ မိတ္ကပ္ ညီညီေမာင္(စမ္းေခ်ာင္း)က ေျပာပါတယ္။

“အခ်စ္ေရးက အခုတကယ့္ကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔အဆင္ေျပတဲ့ အေျခအေနေလးပါ၊ ကိုယ့္ခ်စ္သူကို အတိအလင္း ထုတ္မျပရတာက လူေတြကဘာလုပ္လုပ္ ဆဲခ်င္ၾကတယ္ေလ၊ ဆဲတယ္ ျပဳတယ္ဆိုရင္ အကုသိုလ္ေတြရမွာစိုးလို႔လည္း ပါပါတယ္၊ လူတိုင္းကိုလည္း ေမတၱာထားပါတယ္၊ ေမတၱာတရားနဲ႔ပဲ ေရွ႕ဆက္သြားမွာ ျဖစ္ပါတယ္”လို႔ သူက ေျပာပါတယ္။

ဘာလုပ္လုပ္ ေကာင္းတာကိုပဲ မွတ္ခ်က္ေပးၾကတဲ့ ပရိသတ္ေတြရွိသလို ေဝဖန္ျပစ္တင္ကာ ဆဲဆိုသူ အမ်ားအျပားလည္း ရွိတယ္လို႔ သိရပါတယ္။ ခႏၶာကိုယ္အလွအပအတြက္ ဆီလီကြန္ေတြထည့္ၿပီး ခြဲစိတ္ ျပဳျပင္တာေတြကို လုပ္ကိုင္ခဲ့သလို ရင္သား၊ ႏွာေခါင္း၊ ေမးေစ့ေတြမွာလည္း ဆီလီကြန္ေတြ ထည့္ၿပီးေတာ့ ခြဲစိတ္ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။

“ခုခ်ိန္အထိ ထူးထူးျခားျခား ခံစားရတဲ့ ေဝဒနာမရွိဘူး၊ အခုလို လွခ်င္ေတာ့ ရင္းရမွာပဲေလ၊ ေကာင္း တာေတာ့ ေကာင္းသြားတယ္၊ အခုျပဳျပင္မႈေတြအကုန္လုံး စိတ္တိုင္းက်တယ္၊ နဖူးေလးဆိုရင္လည္း တင္းေနေအာင္ လုပ္ထားတယ္၊ မ်က္ႏွာမွာဆိုလည္း အေရးအေၾကာင္းေတြမရွိေအာင္ ျပဳျပင္ထား ပါတယ္၊ ကိုယ္ကလွခ်င္လို႔လုပ္ခဲ့တာ”လို႔လည္း မိတ္ကပ္ ညီညီေမာင္(စမ္းေခ်ာင္း)က ရွင္းျပပါတယ္။

သူ႔ရဲ႕ခ်စ္သူကလည္း သူ႔ကိုလွလွပပေလး ေနေစခ်င္တယ္လို႔ ဆိုပါတယ္။ မၾကာခင္မွာလည္း ဗိုက္ အဆီ ထုတ္ကာ ခြဲစိတ္လုပ္ေဆာင္ဖို႔လည္း အစီအစဥ္ရွိၿပီး ခြဲစိတ္ဖို႔အတြက္ လိုအပ္တဲ့ ပံ့ပိုးမႈေတြေပး မယ့္ သူေတြလည္းရွိေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၆