ချစ်မြဲချစ်နေတဲ့ Luhan နှင့် Guan Xiao Tong တို့စုံတွဲ
ချစ်မြဲချစ်နေတဲ့ Luhan နှင့် Guan Xiao Tong တို့စုံတွဲ
အခုတလော ပြည်သူအချစ် ပရိတ်သတ်တွေသဘောတူထားကျသည့် မင်းသားမင်းသမီးတွေ ကွာရှင်းကြ ၊ လမ်းခွဲကြသည့် အချိန်မှာ ပရိတ်သတ်တွေ သဘောမတူတဲ့ Luhan တို့အတွဲလည်း ဘယ်ချိန်မှာ လမ်းခွဲမလဲဆိုတာစောင့်ကြည့်ခံနေရပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ မှာ luhan  က သူနှင့် Guan Xiao Tong တို့တွဲနေပြီဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ချိန်မှာတော့ ပရိတ် သတ်တွေ အတော့်ကို အံ့အားသင့်ခဲ့ပါတယ်။ Luhan  ဟာ သူမနှင့်ချစ်သူတွေဖြစ်ပြီးနောက် ပရိတ်သတ်တွေ နေ့စဉ်ရက်ဆက် ဆိုသလိုလျော့နည်း လာပြီး အရင်က သူ့အားအနုပညာနှင့်ပတ်သတ်သည့်ကမ်းလှမ်းမှုတွေလည်းနည်းလာခဲ့ပါ တယ်။
ဒါပေမဲ့သူတို့ နှစ်ဦး က တော့တခြားသူတွေလို အရမ်းကို ကဗျာမဆန်ပြနေပဲ သူတို့ ဘာသာသူတို့ အေးဆေးနေကြပါတယ်။ယခုတလောမှာလဲ သူတို့ နှစ်ဦး စားသောက်ဆိုင်တစ်ခုမှာ သူငယ်ချင်းတွေနဲ့အတူတူ ထမင်းစားပြီးနောက် Guan Xiao Tong  က ဆိုင်ပြင်တွင် အရင်ထွက် ကာစောင့်နေ ခဲ့ပါတယ်။
ထို့နောက် Lu Han မှနောက်မှအမြန်လိုက်ကာ ချစ်သူဖြစ်သူကို ကာကွယ်ပေးရင်း သူငယ်ချင်းများကိုနှုတ်ဆက်ကာ ချစ်သူနှင့်အတူထွက်ခွာသွား ခဲ့ပါတယ်။ lu han က အချိန်ရတာနှင့်ချစ်သူအနားမှာအဖော်ပြုပေးတယ်လို့သတင်းတွေထွ်နေသလို သူရဲ့ ကင်မရာမန်းဖြစ်သူကလည်း သူဘယ်သွားသွားချစ်သူဖြစ်သူကိုခေါ်သွားလေ့ရှိတယ်လို့ ပြောဖူးပါတယ်။
(  Zawgyi  )