ချစ်သူနဲ့ ညစာအတူထွက်စားဖို့ ကျားသစ်ကွတ်ဝတ်စုံဝတ်တဲ့ အမ်မာဝပ်ဆန်

ချစ်သူနဲ့ ညစာအတူထွက်စားဖို့ ကျားသစ်ကွတ်ဝတ်စုံဝတ်တဲ့ အမ်မာဝပ်ဆန်

ဟယ်ရီပေါ်တာနဲ့ Beauty & The Beast လိုက်ဖ်အက်ရှင်မင်းသမီး အမ်မာဝပ်ဆန်တစ်ယောက် အမျိုးသားတစ်ဦးနဲ့ ညစာထွက်စား တာတွေ့ရပါတယ်။ အမ်မာဝပ်ဆန်ကို ကယ်လီဖိုးနီးယားက အဆင့်မြင့်အီတလီစားသောက်ဆိုင်တစ်ခုကနေ ထွက်လာတာ မြင်တွေ့ခဲ့ ရတာဖြစ်ပါတယ်။ သူနဲ့အတူ ညစာစားတဲ့အမျိုးသားဘယ်သူဘယ်ဝါဆိုတာမသိရပေမဲ့၊ အဲဒီသူက ဆွဲဆောင်မှုရှိတဲ့သူလို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို လူသိမခံလိုတဲ့အတွက် စားသောက်ဆိုင်ကနေ တစ်ယောက်ချင်းစီ ပြန်ထွက်လာတာပါ။ ညစာ စား တဲ့နေ့မှာ အမ်မာက အသွေးကျတဲ့ကျားသစ်ကွက်စကပ်၊ အနက်ရောင်သားမွေးကုတ်အရှည်ကို စတိုင်ကျကျဝတ်ဆင်ထားတာ တွေ့ရပါတယ်။ အဖြူရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး ကျစ်ကျစ်လစ်လစ်ရှိတဲ့အမျိုးသားတစ်ဦး အမ်မာနောက်က ထွက်လာခဲ့ပါတယ်။အသက် ၂၉ နှစ်အရွယ် အမ်မာဝပ်ဆန်ဟာ ကလေးဘဝက ဟယ်ရီပေါ်တာဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ Bling Ringနဲ့ Beauty and The Beast ဇာတ်ကားမှာ Belleအဖြစ် သရုပ်ဆောင်ထားပါတယ်။

နာမည်ကျော်စာရေးဆရာမ လွီဆာမေအယ်လ်ကော့တ်လက်ရာ Little Women ဇာတ်ကားမှာလည်း အစ်မအကြီးဆုံးမက်ခ်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး၊ ဒီဇာတ်ကားကို လာမယ့်ခရစ္စမတ် ရုံတင်ပြသမယ်လို့ သိရပါတယ်။

ရည်မွန်
Ref: dailymail
 နယူးယောက်၊ သြဂုတ် ၇

(  Zawgyi  )

 ဟယ္ရီေပၚတာနဲ႔ Beauty & The Beast လိုက္ဖ္အက္ရွင္မင္းသမီး အမ္မာဝပ္ဆန္တစ္ေယာက္ အမ်ိဳးသားတစ္ဦးနဲ႔ ညစာထြက္စား တာေတြ႕ရပါတယ္။ အမ္မာဝပ္ဆန္ကို ကယ္လီဖိုးနီးယားက အဆင့္ျမင့္အီတလီစားေသာက္ဆိုင္တစ္ခုကေန ထြက္လာတာ ျမင္ေတြ႕ခဲ့ ရတာျဖစ္ပါတယ္။ သူနဲ႔အတူ ညစာစားတဲ့အမ်ိဳးသားဘယ္သူဘယ္ဝါဆိုတာမသိရေပမဲ့၊ အဲဒီသူက ဆြဲေဆာင္မႈရွိတဲ့သူလို႔ ဆိုပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို လူသိမခံလိုတဲ့အတြက္ စားေသာက္ဆိုင္ကေန တစ္ေယာက္ခ်င္းစီ ျပန္ထြက္လာတာပါ။ ညစာ စား တဲ့ေန႔မွာ အမ္မာက အေသြးက်တဲ့က်ားသစ္ကြက္စကပ္၊ အနက္ေရာင္သားေမြးကုတ္အရွည္ကို စတိုင္က်က်ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။ အျဖဴေရာင္တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီဝတ္ဆင္ထားၿပီး က်စ္က်စ္လစ္လစ္ရွိတဲ့အမ်ိဳးသားတစ္ဦး အမ္မာေနာက္က ထြက္လာခဲ့ပါတယ္။အသက္ ၂၉ ႏွစ္အ႐ြယ္ အမ္မာဝပ္ဆန္ဟာ ကေလးဘဝက ဟယ္ရီေပၚတာဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး၊ Bling Ringနဲ႔ Beauty and The Beast ဇာတ္ကားမွာ Belleအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

နာမည္ေက်ာ္စာေရးဆရာမ လြီဆာေမအယ္လ္ေကာ့တ္လက္ရာ Little Women ဇာတ္ကားမွာလည္း အစ္မအႀကီးဆုံးမက္ခ္ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားၿပီး၊ ဒီဇာတ္ကားကို လာမယ့္ခရစၥမတ္ ႐ုံတင္ျပသမယ္လို႔ သိရပါတယ္။

ရည္မြန္
Ref: dailymail
 နယူးေယာက္၊ ၾသဂုတ္ ၇