ချစ်သူအကြောင်းကို ဖွင့်ဟလိုက်တဲ့ မိတ်ကပ် ခင်စန်းဝင်း

ချစ်သူအကြောင်းကို ဖွင့်ဟလိုက်တဲ့ မိတ်ကပ် ခင်စန်းဝင်း

ချစ်သူတွေရဲ့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေကြောင့်သာ နှစ်ပေါင်းများစွာ ကြာမြင့်အောင် လက်တွဲနိုင်ခဲ့ကြတာဖြစ်တယ်လို့ မိတ်ကပ်ဖန်တီးရှင် ခင်စန်းဝင်း က ပြောပါတယ်။

ပြည်တွင်းက မိတ်ကပ်ဖန်တီးသူတွေထဲမှာ ထင်ရှားသူတစ်ဦးဖြစ်တဲ့ သူဟာ အခုဆိုရင် သူ့ရဲ့ချစ်သူနဲ့ ကိုးနှစ်လောက်ကြာမြင့်အောင် လက်တွဲရပ်တည်နေတာ ဖြစ်ပါတယ်။  

“အဲ့ဒီအကြောင်းကို မကြီးပြောရရင် သူက အေးအေးဆေးဆေးလေးပါ၊ အင်မတန်မှ အေးပါတယ်၊ မကြီးတို့က မြန်မာမိန်းကလေးဆိုတော့ တစ်ဦးတစ်ယောက်ကို သက်ဆုံးတိုင်အောင် ချစ်ရတယ်လေ၊ အခုလို ကိုးနှစ်ကြာအောင် ရပ်တည်နိုင်တာက တစ်ယောက်နဲ့တစ်ယောက် မေတ္တာအခြေခံ ရပ်တည်ကြတာပေါ့၊ မကြီးကလည်း သူဘယ်သူဘယ်ဝါပါလို့ ထုတ်ဖော်မပြောပါဘူး၊ သူကိုယ်တိုင်ကလည်း အေးအေးဆေးဆေးနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိကြတယ်၊ သူ့ရဲ့ စိတ်နေစိတ်ထားလေးကို မကြီးက ကြိုက်သလို သူကလည်းကြိုက်တယ်၊ လောကကြီးမှာကလေ ဘယ်လိုခေါ်မလဲ ချစ်ခြင်းမေတ္တာအပြင် တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး relation က အရေးကြီးပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်က သံယောဇဉ်လည်း ရှိကြတယ်လေ” လို့ သူက အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံမေးမြန်းစဉ် ပြောပြခဲ့ပါတယ်။

ယခုဆိုရင် သူရောစပ်ဖန်တီးထုတ်လုပ်ထားတဲ့ မိတ်ကပ်တွေ၊ ပေါင်ဒါတွေဟာလည်း ဈေးကွက်တစ်ရပ်လို တွင်ကျယ်ခေတ်စားလာခဲ့ပြီး အလှပြင်လုပ်ငန်း လုပ်ကိုင်သူတွေအများစုက မှာယူရတဲ့အထိ အောင်မြင်သော အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

“ဒါက အစတုန်းက ဘာရယ်လို့မဟုတ်ဘူး၊ ပွဲတွေက အရမ်းများတဲ့အခါကျတော့ မိတ်ကပ်ဆိုရင်လည်း အရောင်လေးက ဘယ်လိုလေးဖြစ်အောင် ဘယ်လိုလေး ရောစပ်ပြီးတော့ လုပ်မယ်ဆိုပြီး ကိုယ့်ရဲ့ စိတ်ကူးနဲ့ လုပ်ဆောင်ရင်း အွန်လိုင်းကနေ မိတ်ကပ်တော့ စပ်ပြီးပြီ၊ မှာထားတဲ့သူတွေ လာယူလို့ ရတယ်လို့ ပြောလိုက်တယ်၊ အဲ့ဒီအခါမှာ မှာကြတာပါ၊ မကြီးက Brand အကောင်းစားကိုပဲ သုံးပါတယ်၊ ဒါကြောင့်လည်း သရုပ်ဆောင်တွေ၊ မင်္ဂလာဆောင်မယ့်သူတွေ အကုန်လုံးနှစ်သက်တဲ့ အရောင်အသွေးတွေလည်း ရတယ်၊ ပြင်ဆင်ရတာလည်း မြန်တယ်လေ၊ အဲ့လိုပေါ့ ဥပမာပြောရင် ငါးသိန်းဖိုးလောက် ဝယ်ပြီးတော့ စပ်ပြီးတော့ ဗူးလေးတွေနဲ့ လုပ်ပြီးထားတာပေါ့လေ၊ ဒါကလည်း ဝါသနာအရ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်” လို့ မိတ်ကပ် ခင်စန်းဝင်း က ဆိုပါတယ်။

သူ့အနေနဲ့ တစ်ရက်ကို ပျမ်းမျှ ၂၈ ပွဲ၊ ပွဲ ၃၀ လောက် အလှပြင်ဆင်ပေးနေရပြီး ၃၄ ပွဲလောက်အထိ စံချိန်ချိုးလောက်အောင် ပြင်ဆင်ပေးရတာတွေလည်းရှိပါတယ်၊ သူရောစပ်ထုတ်လုပ်ထားတဲ့ မိတ်ကပ်တွေ ပေါင်ဒါတွေဟာ လိမ်းခြယ်လုပ်ကိုင်သူတွေ နှစ်သက်တဲ့ အရောင်အသွေးမျိုးတွေ ရရှိစေတဲ့အပြင် ဈေးနှုန်းအားဖြင့်လည်း သာမန်အားဖြင့် ကျပ်တစ်သိန်းကျော်ရှိတဲ့ မိတ်ကပ်အမျိုးအစားကို ဝါသနာအရ ရောစပ်ထုတ်လုပ်လိုက်တဲ့အခါ ကျပ် ၁၅၀၀၀ ဝန်းကျင်လောက်ဖြင့် ပြန်ရောင်းပေးနိုင်တဲ့ အခြေအနေမျိုး ရှိလာတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး သူ့ကိုအားပေးတဲ့သူတွေအတွက် သူက “မကြီးကို ချစ်ခင်အားပေးသူတွေကို ကျေးဇူးအထူးပဲတင်ပါတယ်၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ” လို့လည်း ပြောကြားခဲ့ပါသေးတယ်။                

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၂၀

( Zawgyi )

ခ်စ္သူေတြရဲ႕ၾကားမွာ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြေၾကာင့္သာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေအာင္ လက္တြဲႏိုင္ခဲ့ၾကတာျဖစ္တယ္လို႔ မိတ္ကပ္ဖန္တီးရွင္ ခင္စန္းဝင္း က ေျပာပါတယ္။

ျပည္တြင္းက မိတ္ကပ္ဖန္တီးသူေတြထဲမွာ ထင္ရွားသူတစ္ဦးျဖစ္တဲ့ သူဟာ အခုဆိုရင္ သူ႔ရဲ႕ခ်စ္သူနဲ႔ ကိုးႏွစ္ေလာက္ၾကာျမင့္ေအာင္ လက္တြဲရပ္တည္ေနတာ ျဖစ္ပါတယ္။  

“အဲ့ဒီအေၾကာင္းကို မႀကီးေျပာရရင္ သူက ေအးေအးေဆးေဆးေလးပါ၊ အင္မတန္မွ ေအးပါတယ္၊ မႀကီးတို႔က ျမန္မာမိန္းကေလးဆိုေတာ့ တစ္ဦးတစ္ေယာက္ကို သက္ဆုံးတိုင္ေအာင္ ခ်စ္ရတယ္ေလ၊ အခုလို ကိုးႏွစ္ၾကာေအာင္ ရပ္တည္ႏိုင္တာက တစ္ေယာက္နဲ႔တစ္ေယာက္ ေမတၱာအေျခခံ ရပ္တည္ၾကတာေပါ့၊ မႀကီးကလည္း သူဘယ္သူဘယ္ဝါပါလို႔ ထုတ္ေဖာ္မေျပာပါဘူး၊ သူကိုယ္တိုင္ကလည္း ေအးေအးေဆးေဆးေနတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြရွိၾကတယ္၊ သူ႔ရဲ႕ စိတ္ေနစိတ္ထားေလးကို မႀကီးက ႀကိဳက္သလို သူကလည္းႀကိဳက္တယ္၊ ေလာကႀကီးမွာကေလ ဘယ္လိုေခၚမလဲ ခ်စ္ျခင္းေမတၱာအျပင္ တစ္ဦးနဲ႔တစ္ဦး ဆက္ဆံေရး relation က အေရးႀကီးပါတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္က သံေယာဇဥ္လည္း ရွိၾကတယ္ေလ” လို႔ သူက အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံေမးျမန္းစဥ္ ေျပာျပခဲ့ပါတယ္။

ယခုဆိုရင္ သူေရာစပ္ဖန္တီးထုတ္လုပ္ထားတဲ့ မိတ္ကပ္ေတြ၊ ေပါင္ဒါေတြဟာလည္း ေဈးကြက္တစ္ရပ္လို တြင္က်ယ္ေခတ္စားလာခဲ့ၿပီး အလွျပင္လုပ္ငန္း လုပ္ကိုင္သူေတြအမ်ားစုက မွာယူရတဲ့အထိ ေအာင္ျမင္ေသာ အေျခအေနေတြလည္း ရွိခဲ့ပါတယ္။

“ဒါက အစတုန္းက ဘာရယ္လို႔မဟုတ္ဘူး၊ ပြဲေတြက အရမ္းမ်ားတဲ့အခါက်ေတာ့ မိတ္ကပ္ဆိုရင္လည္း အေရာင္ေလးက ဘယ္လိုေလးျဖစ္ေအာင္ ဘယ္လိုေလး ေရာစပ္ၿပီးေတာ့ လုပ္မယ္ဆိုၿပီး ကိုယ့္ရဲ႕ စိတ္ကူးနဲ႔ လုပ္ေဆာင္ရင္း အြန္လိုင္းကေန မိတ္ကပ္ေတာ့ စပ္ၿပီးၿပီ၊ မွာထားတဲ့သူေတြ လာယူလို႔ ရတယ္လို႔ ေျပာလိုက္တယ္၊ အဲ့ဒီအခါမွာ မွာၾကတာပါ၊ မႀကီးက Brand အေကာင္းစားကိုပဲ သုံးပါတယ္၊ ဒါေၾကာင့္လည္း သ႐ုပ္ေဆာင္ေတြ၊ မဂၤလာေဆာင္မယ့္သူေတြ အကုန္လုံးႏွစ္သက္တဲ့ အေရာင္အေသြးေတြလည္း ရတယ္၊ ျပင္ဆင္ရတာလည္း ျမန္တယ္ေလ၊ အဲ့လိုေပါ့ ဥပမာေျပာရင္ ငါးသိန္းဖိုးေလာက္ ဝယ္ၿပီးေတာ့ စပ္ၿပီးေတာ့ ဗူးေလးေတြနဲ႔ လုပ္ၿပီးထားတာေပါ့ေလ၊ ဒါကလည္း ဝါသနာအရ လုပ္ေဆာင္ေပးတာ ျဖစ္ပါတယ္” လို႔ မိတ္ကပ္ ခင္စန္းဝင္း က ဆိုပါတယ္။

သူ႔အေနနဲ႔ တစ္ရက္ကို ပ်မ္းမွ် ၂၈ ပြဲ၊ ပြဲ ၃၀ ေလာက္ အလွျပင္ဆင္ေပးေနရၿပီး ၃၄ ပြဲေလာက္အထိ စံခ်ိန္ခ်ိဳးေလာက္ေအာင္ ျပင္ဆင္ေပးရတာေတြလည္းရွိပါတယ္၊ သူေရာစပ္ထုတ္လုပ္ထားတဲ့ မိတ္ကပ္ေတြ ေပါင္ဒါေတြဟာ လိမ္းျခယ္လုပ္ကိုင္သူေတြ ႏွစ္သက္တဲ့ အေရာင္အေသြးမ်ိဳးေတြ ရရွိေစတဲ့အျပင္ ေဈးႏႈန္းအားျဖင့္လည္း သာမန္အားျဖင့္ က်ပ္တစ္သိန္းေက်ာ္ရွိတဲ့ မိတ္ကပ္အမ်ိဳးအစားကို ဝါသနာအရ ေရာစပ္ထုတ္လုပ္လိုက္တဲ့အခါ က်ပ္ ၁၅၀၀၀ ဝန္းက်င္ေလာက္ျဖင့္ ျပန္ေရာင္းေပးႏိုင္တဲ့ အေျခအေနမ်ိဳး ရွိလာတယ္လို႔ သိရပါတယ္။

ဆက္လက္ၿပီး သူ႔ကိုအားေပးတဲ့သူေတြအတြက္ သူက “မႀကီးကို ခ်စ္ခင္အားေပးသူေတြကို ေက်းဇူးအထူးပဲတင္ပါတယ္၊ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစ” လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။                

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၂၀