ချောစုခင် က တစ်လကို သီချင်းတစ်ပုဒ်နှုန်း ထုတ်လုပ်သွားဖို့ ပြင်ဆင်နေ

ချောစုခင် က တစ်လကို သီချင်းတစ်ပုဒ်နှုန်း ထုတ်လုပ်သွားဖို့ ပြင်ဆင်နေ 

အခုလိုကာလမှာ တေးအယ်လ်ဘမ်အလိုက် ထုတ်လုပ်နိုင်တာမျိုးမရှိပေမယ့် တစ်လကို တစ်ပုဒ်နှုန်းလောက် ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ တေးသံရှင် ချောစုခင် က ပြောပါတယ်။
 
“အစ်မတို့က မဆိုဘဲနဲ့ မနေနိုင်ဘူးလေ၊ စီးရီးထွက်ချင်ပေမယ့် အခုလိုအခြေအနေမှာ အဲ့လိုအခြေအနေမျိုးကို မရောက်နိုင်သေးတဲ့အတွက် ပထမဆုံး အွန်လိုင်းကနေထွက်လိုက်တယ်၊ သီချင်းတွေက အများကြီးရှိပေမယ့် တစ်လ တစ်ပုဒ်နှုန်း ထွက်ဖို့ လျာထားပါတယ်၊ ပရိသတ်နဲ့လည်း အဆက်အသွယ်မပြတ်အောင် အခုလိုမျိုး လျာထားတာဖြစ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
 
သူမဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလထဲမှာ “တောင်းဆိုချက်” လို့ နာမည်ရတဲ့ တေးသီချင်း၊ ယခု ဇန်နဝါရီလ ပထမ းအပတ်ထဲမှာ “မင်္ဂလာတေး” စတဲ့ တေးသီချင်းတွေကို အွန်လိုင်းကနေဖြန့်ချီခဲ့သလို တေးသီချင်းတွေအတွက် ကိုယ်တိုင်ပရိုဂျူဆာလုပ်ကာ စီမံထားတာကြောင့် ကုန်ကျစရိတ်လည်း လျှော့ချနိုင်သမျှလျော့အောင် ပြင်ဆင်ခဲ့သလို အနုပညာအရည်အသွေးကိုတော့ လျော့ကျတာမျိုးမဖြစ်အောင် လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
 
“အစ်မက Music Video အနေနဲ့ပဲ တင်ချင်တာပါ၊ အနုပညာအလုပ်ကိုလုပ်ပေမယ့် စနစ်တကျလည်း ရှိချင်တယ်၊ ပရိုဂျူဆာကိုယ်တိုင်လုပ်ရတော့ ယိုပေါက်လေးတွေမရှိအောင် ပြင်ဆင်ရတယ်၊ မထွက်ခင်အထိ ရင်မောနေရတယ်၊ ဒါရိုက်တာကလည်း ကြိုးစားပေးတယ်၊ အစ်မကလည်း အတတ်နိုင်ဆုံး အကောင်းဆုံး ထပ်ပြီးတော့ကြိုးစားထားတယ်၊ ဖေဖော်ဝါရီထဲလည်း ထပ်ထွက်ဦးမှာပါ၊ အခု ဒီရက်ပိုင်းထွက်တဲ့ မင်္ဂလာတေးက ဒီအချိန်ကလည်း မင်္ဂလာအချိန်ရှိတယ်၊ ပရိသတ်ကိုလည်း မင်္ဂလာရှိစေချင်တယ်၊ နှစ်သစ်ကာလမှာ မင်္ဂလာရှိစေချင်တယ်၊ တစ်ချိန်လုံး အသည်းကွဲသီချင်းတွေက အဆင်မပြေဘူးလေ၊ COVID ကြောင့် စိတ်ညစ် နေတဲ့အချိန်မှာ စိတ်ညစ်တဲ့သီချင်းတွေ မဖြစ်စေချင်ဘူး” လို့ ၎င်းက ဆက်လက်ပြောပြပါတယ်။
 
သူမဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ဆိုရတဲ့ တေးသီချင်းမျိုးကို နှစ်သက်ပေမယ့် ပရိသတ်ရဲ့ တောင်းဆိုမှုတွေအရ အလွမ်းအဆွေး အသည်းကွဲသီချင်းတွေကိုလည်း သီဆိုခဲ့ရကြောင်း၊ COVID 19 ကြောင့် စီးပွားရေး လူမှုရေးအပါအဝင် အရာအားလုံးမှာ စိတ်ညစ်နေကြတဲ့အချိန်မှာ ပျော်စရာကောင်းတဲ့လောကကြီးနဲ့ မိတ်ဆက်ပေးချင်ကြောင်း၊ လောကကြီးအတွက်လည်း မင်္ဂလာဖြစ်စေမယ့်အပြင် ပရိသတ်ရဲ့ တောင်းဆိုမှုတွေပေါ် မူတည်ကာ လစဉ်လတိုင်း တေးသီချင်းသစ်တွေကို အွန်လိုင်းကနေဖြန့်ချီနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ ဇန်နဝါရီ - ၁၄
 
( Zawgyi )
 
အခုလိုကာလမွာ ေတးအယ္လ္ဘမ္အလိုက္ ထုတ္လုပ္ႏိုင္တာမ်ိဳးမရွိေပမယ့္ တစ္လကို တစ္ပုဒ္ႏႈန္းေလာက္ ထုတ္လုပ္ႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ေတးသံရွင္ ေခ်ာစုခင္ က ေျပာပါတယ္။
 
“အစ္မတို႔က မဆိုဘဲနဲ႔ မေနႏိုင္ဘူးေလ၊ စီးရီးထြက္ခ်င္ေပမယ့္ အခုလိုအေျခအေနမွာ အဲ့လိုအေျခအေနမ်ိဳးကို မေရာက္ႏိုင္ေသးတဲ့အတြက္ ပထမဆုံး အြန္လိုင္းကေနထြက္လိုက္တယ္၊ သီခ်င္းေတြက အမ်ားႀကီးရွိေပမယ့္ တစ္လ တစ္ပုဒ္ႏႈန္း ထြက္ဖို႔ လ်ာထားပါတယ္၊ ပရိသတ္နဲ႔လည္း အဆက္အသြယ္မျပတ္ေအာင္ အခုလိုမ်ိဳး လ်ာထားတာျဖစ္ပါတယ္” လို႔ ၎က ရွင္းျပပါတယ္။
 
သူမဟာ လြန္ခဲ့တဲ့ ဒီဇင္ဘာလထဲမွာ “ေတာင္းဆိုခ်က္” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ ယခု ဇန္နဝါရီလ ပထမ းအပတ္ထဲမွာ “မဂၤလာေတး” စတဲ့ ေတးသီခ်င္းေတြကို အြန္လိုင္းကေနျဖန႔္ခ်ီခဲ့သလို ေတးသီခ်င္းေတြအတြက္ ကိုယ္တိုင္ပ႐ိုဂ်ဴဆာလုပ္ကာ စီမံထားတာေၾကာင့္ ကုန္က်စရိတ္လည္း ေလွ်ာ့ခ်ႏိုင္သမွ်ေလ်ာ့ေအာင္ ျပင္ဆင္ခဲ့သလို အႏုပညာအရည္အေသြးကိုေတာ့ ေလ်ာ့က်တာမ်ိဳးမျဖစ္ေအာင္ လုပ္ေဆာင္ေနရတယ္လို႔ သိရပါတယ္။
 
“အစ္မက Music Video အေနနဲ႔ပဲ တင္ခ်င္တာပါ၊ အႏုပညာအလုပ္ကိုလုပ္ေပမယ့္ စနစ္တက်လည္း ရွိခ်င္တယ္၊ ပ႐ိုဂ်ဴဆာကိုယ္တိုင္လုပ္ရေတာ့ ယိုေပါက္ေလးေတြမရွိေအာင္ ျပင္ဆင္ရတယ္၊ မထြက္ခင္အထိ ရင္ေမာေနရတယ္၊ ဒါ႐ိုက္တာကလည္း ႀကိဳးစားေပးတယ္၊ အစ္မကလည္း အတတ္ႏိုင္ဆုံး အေကာင္းဆုံး ထပ္ၿပီးေတာ့ႀကိဳးစားထားတယ္၊ ေဖေဖာ္ဝါရီထဲလည္း ထပ္ထြက္ဦးမွာပါ၊ အခု ဒီရက္ပိုင္းထြက္တဲ့ မဂၤလာေတးက ဒီအခ်ိန္ကလည္း မဂၤလာအခ်ိန္ရွိတယ္၊ ပရိသတ္ကိုလည္း မဂၤလာရွိေစခ်င္တယ္၊ ႏွစ္သစ္ကာလမွာ မဂၤလာရွိေစခ်င္တယ္၊ တစ္ခ်ိန္လုံး အသည္းကြဲသီခ်င္းေတြက အဆင္မေျပဘူးေလ၊ COVID ေၾကာင့္ စိတ္ညစ္ ေနတဲ့အခ်ိန္မွာ စိတ္ညစ္တဲ့သီခ်င္းေတြ မျဖစ္ေစခ်င္ဘူး” လို႔ ၎က ဆက္လက္ေျပာျပပါတယ္။
 
သူမဟာ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဆိုရတဲ့ ေတးသီခ်င္းမ်ိဳးကို ႏွစ္သက္ေပမယ့္ ပရိသတ္ရဲ႕ ေတာင္းဆိုမႈေတြအရ အလြမ္းအေဆြး အသည္းကြဲသီခ်င္းေတြကိုလည္း သီဆိုခဲ့ရေၾကာင္း၊ COVID 19 ေၾကာင့္ စီးပြားေရး လူမႈေရးအပါအဝင္ အရာအားလုံးမွာ စိတ္ညစ္ေနၾကတဲ့အခ်ိန္မွာ ေပ်ာ္စရာေကာင္းတဲ့ေလာကႀကီးနဲ႔ မိတ္ဆက္ေပးခ်င္ေၾကာင္း၊ ေလာကႀကီးအတြက္လည္း မဂၤလာျဖစ္ေစမယ့္အျပင္ ပရိသတ္ရဲ႕ ေတာင္းဆိုမႈေတြေပၚ မူတည္ကာ လစဥ္လတိုင္း ေတးသီခ်င္းသစ္ေတြကို အြန္လိုင္းကေနျဖန႔္ခ်ီႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ဇန္နဝါရီ - ၁၄