ဂီတသက်တမ်း နှစ်၂၀ ပြည့် တေးအယ်လ်ဘမ်လုပ်ဖို့စီစဉ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဂီတသက်တမ်း နှစ်၂၀ ပြည့် တေးအယ်လ်ဘမ်လုပ်ဖို့စီစဉ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

အခု ၂၀၂၀ ဟာ အဆိုတော်/သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် အဖို့ ဂီတသက်တမ်း နှစ် ၂၀ ပြည့်ကာလလည်း ဖြစ်နေတာကြောင့် အထိမ်းအမှတ်အနေနဲ့ တေးအယ်လ်ဘမ်တစ်ခုကို လုပ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ “သူငယ်ချင်းများစွာ”၊ “အသည်းကွဲမှတ်တမ်း” ၊ “Sai Sai Birthday Show” စတဲ့ တေးအယ်လ်ဘမ်တွေ အပါအဝင် တေးအယ်လ်ဘမ်ကိုးခုကို ထုတ်လုပ်ထားပြီး အခုစီစဉ်နေ တဲ့ဟာက ၁၀ ခုမြောက်ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်ဟာ သက္ကရာဇ် ၂၀၀၀ မှာ ပထမ ဆုံး အယ်လ်ဘမ်တစ်ခုကို ထွက်နိုင်ခဲ့ပါတယ်၊ အခုဆိုရင် ဂီတသက်တမ်း နှစ်ပေါင်း ၂၀ ရှိပြီ၊ ဒီလိုကာလမှာ အထိမ်းအမှတ်လည်း ဖြစ်အောင် လုပ်မှာပါ၊ လောလောဆယ် အခုလို COVID ကာလမှာ အိမ်ထဲနေရင်းနဲ့ ကျွန်တော့်ရဲ့ ၁၀ ခုမြောက် အယ်လ်ဘမ်အတွက် စီစဉ်နေတာပါ၊ လောလောဆယ် သီချင်းတစ်ပုဒ်ပဲ ပြီးပါသေးတယ်၊ ဆက်လုပ်နေပါတယ်၊ အိုင်ဒီယာတွေလည်း ကျွန်တော့်မှာရှိတယ်၊ ပရိသတ်တွေအနေနဲ့ စိတ်ဝင်စားမယ်လို့ ယုံကြည်ပါတယ်”လို့  အဆိုတော်/ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ရှင်းပြပါတယ်။

အခုနှစ်ထဲမှာ ထုတ်လုပ်မယ့် တေးအယ်လ်ဘမ်ကို “မူလလက်ဟောင်း စိုင်းစိုင်းခမ်းလှိုင်”လို့ နာမည်ပေးထားပြီး အသံပိုင်းဆိုင်ရာများ၊ ဗီဒီယိုရဲ့ အရည်အသွေးပိုင်းဆိုင်ရာများအတွက်လည်း လုပ်ဆောင်နေဆဲအခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။ “အခုလို တေးအယ်လ်ဘမ်သစ် မထွက်ခင်စပ်ကြားမှာ ကျွန်တော့်ရဲ့ အရင်တုန်းက အယ်လ်ဘမ်တွေထဲက ပရိသတ်မကြည့် ရသေးတဲ့ သီချင်းတွေကို အွန်လိုင်းကနေ တစ်ပုဒ်ချင်းစီတင်ပြ သွားမယ်”လို့ သူက ဆိုပါတယ်။

ယခု ၂၀၂၀ ထဲမှာ COVID 19 ရောဂါလည်း ဖြစ်ပွားနေတာကြောင့် နှစ်စဉ် ဧပြီ ၁၀ ရက်မှာ ဖျော်ဖြေပွဲလုပ်လေ့ရှိတဲ့ သူ့မွေးနေ့ဖျော်ဖြေပွဲကို အခုနှစ်မှာကျင်းပခြင်းမပြုတော့ဘဲ အွန်လိုင်း ကနေ ဖျော်ဖြေခဲ့ရာ စိတ်ဝင်တစားနဲ့ အားပေးကြည့်ရှု သူတွေ လည်းများခဲ့သလို COVID 19 အတွက် လှူဒါန်းနိုင်ဖို့ အလှူငွေများစွာလည်း ရရှိခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၁၈

(  Zawgyi  )

 အခု ၂၀၂၀ ဟာ အဆိုေတာ္/သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္ အဖို႔ ဂီတသက္တမ္း ႏွစ္ ၂၀ ျပည့္ကာလလည္း ျဖစ္ေနတာေၾကာင့္ အထိမ္းအမွတ္အေနနဲ႔ ေတးအယ္လ္ဘမ္တစ္ခုကို လုပ္ဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။

လက္ရွိကာလမွာ “သူငယ္ခ်င္းမ်ားစြာ”၊ “အသည္းကြဲမွတ္တမ္း” ၊ “Sai Sai Birthday Show” စတဲ့ ေတးအယ္လ္ဘမ္ေတြ အပါအဝင္ ေတးအယ္လ္ဘမ္ကိုးခုကို ထုတ္လုပ္ထားၿပီး အခုစီစဥ္ေန တဲ့ဟာက ၁၀ ခုေျမာက္ျဖစ္တယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္ဟာ သကၠရာဇ္ ၂၀၀၀ မွာ ပထမ ဆုံး အယ္လ္ဘမ္တစ္ခုကို ထြက္ႏိုင္ခဲ့ပါတယ္၊ အခုဆိုရင္ ဂီတသက္တမ္း ႏွစ္ေပါင္း ၂၀ ရွိၿပီ၊ ဒီလိုကာလမွာ အထိမ္းအမွတ္လည္း ျဖစ္ေအာင္ လုပ္မွာပါ၊ ေလာေလာဆယ္ အခုလို COVID ကာလမွာ အိမ္ထဲေနရင္းနဲ႔ ကြၽန္ေတာ့္ရဲ႕ ၁၀ ခုေျမာက္ အယ္လ္ဘမ္အတြက္ စီစဥ္ေနတာပါ၊ ေလာေလာဆယ္ သီခ်င္းတစ္ပုဒ္ပဲ ၿပီးပါေသးတယ္၊ ဆက္လုပ္ေနပါတယ္၊ အိုင္ဒီယာေတြလည္း ကြၽန္ေတာ့္မွာရွိတယ္၊ ပရိသတ္ေတြအေနနဲ႔ စိတ္ဝင္စားမယ္လို႔ ယုံၾကည္ပါတယ္”လို႔  အဆိုေတာ္/ သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္က ရွင္းျပပါတယ္။

အခုႏွစ္ထဲမွာ ထုတ္လုပ္မယ့္ ေတးအယ္လ္ဘမ္ကို “မူလလက္ေဟာင္း စိုင္းစိုင္းခမ္းလႈိင္”လို႔ နာမည္ေပးထားၿပီး အသံပိုင္းဆိုင္ရာမ်ား၊ ဗီဒီယိုရဲ႕ အရည္အေသြးပိုင္းဆိုင္ရာမ်ားအတြက္လည္း လုပ္ေဆာင္ေနဆဲအေျခအေန ျဖစ္တယ္လို႔ သိရပါတယ္။ “အခုလို ေတးအယ္လ္ဘမ္သစ္ မထြက္ခင္စပ္ၾကားမွာ ကြၽန္ေတာ့္ရဲ႕ အရင္တုန္းက အယ္လ္ဘမ္ေတြထဲက ပရိသတ္မၾကည့္ ရေသးတဲ့ သီခ်င္းေတြကို အြန္လိုင္းကေန တစ္ပုဒ္ခ်င္းစီတင္ျပ သြားမယ္”လို႔ သူက ဆိုပါတယ္။

ယခု ၂၀၂၀ ထဲမွာ COVID 19 ေရာဂါလည္း ျဖစ္ပြားေနတာေၾကာင့္ ႏွစ္စဥ္ ဧၿပီ ၁၀ ရက္မွာ ေဖ်ာ္ေျဖပြဲလုပ္ေလ့ရွိတဲ့ သူ႔ေမြးေန႔ေဖ်ာ္ေျဖပြဲကို အခုႏွစ္မွာက်င္းပျခင္းမျပဳေတာ့ဘဲ အြန္လိုင္း ကေန ေဖ်ာ္ေျဖခဲ့ရာ စိတ္ဝင္တစားနဲ႔ အားေပးၾကည့္ရႈ သူေတြ လည္းမ်ားခဲ့သလို COVID 19 အတြက္ လႉဒါန္းႏိုင္ဖို႔ အလႉေငြမ်ားစြာလည္း ရရွိခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၁၈