ဂူဂဲလ် မြေပုံ (Google Maps) က တစ်မြို့လုံးရဲ့ ကာဗွန်ထုတ်လွှတ်မှု ပမာဏကို ခန့်မှန်းတွက်ချက်ပြနိုင်ပြီ

ဂူဂဲလ် မြေပုံ (Google Maps) က တစ်မြို့လုံးရဲ့ ကာဗွန်ထုတ်လွှတ်မှု ပမာဏကို ခန့်မှန်းတွက်ချက်ပြနိုင်ပြီ

ဂူဂဲလ် မြေပုံ (Google Maps) ဟာ သင့်ရဲ့ စမတ်ဖုန်းပေါ်မှာ install လုပ်ချင်စရာ အကောင်းဆုံးသော လမ်းကြောင်းပြ ဆော့ဖ်ဝဲတွေထဲက တစ်ခုဖြစ်သလို၊ ရှာပုံတော်ဘီလူးကြီးက သင့်ရဲ့ ခရီးဆုံးပန်းတိုင်ကို မြန်နိုင်သမျှ မြန်မြန်ရောက်အောင်၊ လမ်းကြောင်းတလျှောက်မှာလည်း အသစ်အသစ်တွေကို တွေ့ရှိရအောင် ရည်ရွယ်ပြီး အသုံးစရိုက် အသစ်တွေကို ထပ်ထပ်ပြီး ထုတ်ပေးနေပါတယ်။

ဒါပေမယ့်လည်း အခုတစ်ခါထပ်ပြီး ဂူဂဲလ် မြေပုံမှာ စမတ်ကျတဲ့ အသုံးစရိုက်တစ်ခု ပါလာပြန်ပါပြီ။အဲဒါကတော့ သင့်ထံက ဘာကိုမှမလိုအပ်ဘဲ ပတ်ဝန်းကျင်ကို ကယ်တင်နိုင်အောင် ကူညီမှာပဲ ဖြစ်ပါတယ်။

ရှာပုံတော်ဘီလူးကြီး ဂူဂဲလ်ဟာ ဂူဂဲလ် မြေပုံထံမှ များမြောင်လှတဲ့ အချက်အလက်တွေကို ရနေတာ သင်သိပြီးဖြစ်မှာပါ။သင်ရောက်နေတဲ့ နေရာကို ခြေရာခံတာဟာ ဆော့ဖ်ဝဲအလုပ်လုပ်ပုံပဲဖြစ်ပြီး ဘယ်လိုဆိုရင် ပိုမြန်မြန်ရောက်နိုင်မလဲဆိုတာကို ခန့်မှန်းတွက်ချက်ပေးပါတယ်။

ဒါပေမယ့်လည်း အခု ဂူဂဲလ်ဟာ မြို့တွေနဲ့ အခြားအဝန်းအဝိုင်းတွေရဲ့ ကောင်းကင်ဓာတ်ပုံက စုဆောင်းရရှိထားတဲ့ ယာဉ်ကြော အချက်အလက်တွေကတစ်ဆင့် မြို့တစ်မြို့ရဲ့ ကာဗွန်ခြေရာကို ဆုံးဖြတ်ပေးနိုင်ပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က စမ်းသပ်အနေနဲ့ စတင်ပွဲထုတ်ခဲ့တဲ့ Envrionmental Insights Explorer (EIE) ဟာ မြို့တွေကို ၎င်းတို့ရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်အောင် ကူညီဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒီဆော့ဖ်ဝဲက လူနေအိမ်တွေကို စီးပွားရေးလုပ်ငန်းတွေနဲ့ ခွဲခြားပြောနိုင်ပြီး စွမ်းအင်ဘယ်လောက်သုံးတယ်၊ ကာဗွန် ဘယ်လောက် ထုတ်လွှတ်တယ်ဆိုတာကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။

ယာဉ်ကြောကိုကြည့်ပြီး ဂူဂဲလ်က သယ်ပို့စနစ်တွေက ကာဗွန် ဘယ်လောက် ထုတ်လွှတ်နေသေလဲဆိုတာကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။

ဂူဂဲလ်ရဲ့ Project Sunroof မှ အချက်အလက်တွေက ဒေသခံတွေနဲ့ မြို့အာဏာပိုင်တွေကို ဘယ်လိုအမိုးမျိုးဟာ ဆိုလာပြားတွေနဲ့ အံဝင်ခွင်ကျဖြစ်တယ် ဆိုတာလည်း ပြောပြနိုင်တယ်လို့ ဆိုပါတယ်။

Environment Tech
Ref : BGR
စက်တင်ဘာ - ၁၂

(zawgyi)

ဂူဂဲလ္ ေျမပံု (Google Maps) ဟာ သင့္ရဲ႕ စမတ္ဖုန္းေပၚမွာ install လုပ္ခ်င္စရာ အေကာင္းဆံုးေသာ လမ္းေၾကာင္းျပ ေဆာ့ဖ္၀ဲေတြထဲက တစ္ခုျဖစ္သလို၊ ရွာပံုေတာ္ဘီလူးႀကီးက သင့္ရဲ႕ ခရီးဆံုးပန္းတိုင္ကို ျမန္ႏိုင္သမွ် ျမန္ျမန္ေရာက္ေအာင္၊ လမ္းေၾကာင္းတေလွ်ာက္မွာလည္း အသစ္အသစ္ေတြကို ေတြ႕ရွိရေအာင္ ရည္ရြယ္ၿပီး အသံုးစရိုက္ အသစ္ေတြကို ထပ္ထပ္ၿပီး ထုတ္ေပးေနပါတယ္။

ဒါေပမယ့္လည္း အခုတစ္ခါထပ္ၿပီး ဂူဂဲလ္ ေျမပံုမွာ စမတ္က်တဲ့ အသံုးစရိုုက္တစ္ခု ပါလာျပန္ပါၿပီ။အဲဒါကေတာ့ သင့္ထံက ဘာကိုမွမလုိအပ္ဘဲ ပတ္၀န္းက်င္ကို ကယ္တင္ႏိုင္ေအာင္ ကူညီမွာပဲ ျဖစ္ပါတယ္။

ရွာပံုေတာ္ဘီလူးႀကီး ဂူဂဲလ္ဟာ ဂူဂဲလ္ ေျမပံုထံမွ မ်ားေျမာင္လွတဲ့ အခ်က္အလက္ေတြကို ရေနတာ သင္သိၿပီးျဖစ္မွာပါ။
သင္ေရာက္ေနတဲ့ ေနရာကို ေျခရာခံတာဟာ ေဆာ့ဖ္၀ဲအလုပ္လုပ္ပံုပဲျဖစ္ၿပီး ဘယ္လိုဆိုရင္ ပိုျမန္ျမန္ေရာက္ႏိုင္မလဲဆိုတာကို ခန္႔မွန္းတြက္ခ်က္ေပးပါတယ္။

ဒါေပမယ့္လည္း အခု ဂူဂဲလ္ဟာ ၿမိဳ႕ေတြနဲ႔ အျခားအ၀န္းအ၀ိုင္းေတြရဲ႕ ေကာင္းကင္ဓာတ္ပံုက စုေဆာင္းရရွိထားတဲ့ ယာဥ္ေၾကာ အခ်က္အလက္ေတြကတစ္ဆင့္ ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ ကာဗြန္ေျခရာကို ဆံုးျဖတ္ေပးႏိုင္ၿပီ ျဖစ္ပါတယ္။

စက္တင္ဘာ ၁၀ ရက္ေန႔က စမ္းသပ္အေနနဲ႔ စတင္ပြဲထုတ္ခဲ့တဲ့ Envrionmental Insights Explorer (EIE) ဟာ ၿမိဳ႕ေတြကို ၄င္းတို႔ရဲ႕ ကာဗြန္ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ႏိုင္ေအာင္ ကူညီဖို႔ ရည္ရြယ္တယ္လုိ႔ ဆိုပါတယ္။

ဒီေဆာ့ဖ္၀ဲက လူေနအိမ္ေတြကို စီးပြားေရးလုပ္ငန္းေတြနဲ႔ ခြဲျခားေျပာႏိုင္ၿပီး စြမ္းအင္ဘယ္ေလာက္သံုးတယ္၊ ကာဗြန္ ဘယ္ေလာက္ ထုတ္လႊတ္တယ္ဆိုတာကို ခန္႔မွန္းႏိုင္တယ္လို႔ ဆုိပါတယ္။

ယာဥ္ေၾကာကိုၾကည့္ၿပီး ဂူဂဲလ္က သယ္ပို႔စနစ္္ေတြက ကာဗြန္ ဘယ္ေလာက္ ထုတ္လႊတ္ေနေသလဲဆိုတာကို ခန္႔မွန္းႏိုင္တယ္လို႔ ဆိုပါတယ္။

ဂူဂဲလ္ရဲ႕ Project Sunroof မွ အခ်က္အလက္ေတြက ေဒသခံေတြနဲ႔ ၿမိဳ႕အာဏာပိုင္ေတြကို ဘယ္လိုအမိုးမ်ိဳးဟာ ဆုိလာျပားေတြနဲ႔ အံ၀င္ခြင္က်ျဖစ္တယ္ ဆိုတာလည္း ေျပာျပႏိုင္တယ္လို႔ ဆိုုပါတယ္။

Environment Tech
Ref : BGR
စက္တင္ဘာ - ၁၂