ဂျပန်ဖျော်ဖြေပွဲအတွက် အကောင်းဆုံးဖြစ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ တေးသံရှင် ဖြိုးလေး

ဂျပန်ဖျော်ဖြေပွဲအတွက် အကောင်းဆုံးဖြစ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ တေးသံရှင် ဖြိုးလေး

မကြာခင်မှာ ဂျပန်နိုင်ငံမှာ သွားရောက်ဖျော်ဖြေဖို့ စီစဉ်ထားတာကြောင့် အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တေးသံရှင် ဖြိုးလေး က ပြောပါတယ်။
 

“ဟိုမှာရှိတဲ့ မြန်မာပရိသတ်တွေအတွက် ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး တင်ဆက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်၊ ဒီကနေ ၁၈ ရက်နေ့ သွားမယ်၊ ဟိုမှာလျှောက်လည်မယ်၊ ဖျော်ဖြေပွဲကို ၂၁ ရက်မှာ လုပ်မှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ထိုအစီအစဉ်အတွက် ပြင်ဆင်နေသလို မိမိကိုယ်တိုင်လည်း အရမ်းဝလာတာကြောင့် weight လျှော့ရင်း နေထိုင်စားသောက်နေရကြောင်း၊ လေ့ကျင့်ခန်း သီးသန့်လုပ်တာမျိုး မဟုတ်ဘဲ ကိုယ်အလေးချိန်ကျစေမယ့် အစားအသောက်တွေကို စားသောက်ရင်း နေထိုင်နေကြောင်း၊ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် နဲ့ ပေါင်းပြီးတော့ Music Video ရိုက်ဖို့ လုပ်ကိုင်နေပြီး တေးသီချင်းတွေ အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 

“သုံး၊ လေးလ အတွင်းတော့ ပြီးစီးဖို့ မှန်းထားပါတယ်၊ သီချင်းက ဖန်တီးရတာကြာတယ်၊ Music Video ရိုက်တာကတော့ မြန်တယ်လေ၊ ဒါကြောင့် အချိန်နည်းနည်းကြာမြင့်တာပါ၊ သီချင်းတွေအတွက်လည်း သူငယ်ချင်းတွေနဲ့ တိုင်တိုင်ပင်ပင် လုပ်နေပါတယ်၊ ပရိသတ်တွေကလည်း အားပေးကြပါ၊ အနုပညာလှုပ်ရှားမှုတွေ လုပ်နေပါတယ်၊ အခွေသစ်တွေလည်း ထွက်ဖို့ရှိနေပါသေးတယ်၊ ထွက်လာရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့လည်း တေးသံရှင် ဖြိုးလေး က ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၉

( Zawgyi )

မၾကာခင္မွာ ဂ်ပန္ႏိုင္ငံမွာ သြားေရာက္ေဖ်ာ္ေျဖဖို႔ စီစဥ္ထားတာေၾကာင့္ အေကာင္းဆုံး ေဖ်ာ္ေျဖတင္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ ေတးသံရွင္ ၿဖိဳးေလး က ေျပာပါတယ္။
 

“ဟိုမွာရွိတဲ့ ျမန္မာပရိသတ္ေတြအတြက္ ကြၽန္ေတာ္တို႔အေနနဲ႔ အေကာင္းဆုံး တင္ဆက္ႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္၊ ဒီကေန ၁၈ ရက္ေန႔ သြားမယ္၊ ဟိုမွာေလွ်ာက္လည္မယ္၊ ေဖ်ာ္ေျဖပြဲကို ၂၁ ရက္မွာ လုပ္မွာျဖစ္ပါတယ္” လို႔ သူက ေျပာပါတယ္။

ထိုအစီအစဥ္အတြက္ ျပင္ဆင္ေနသလို မိမိကိုယ္တိုင္လည္း အရမ္းဝလာတာေၾကာင့္ weight ေလွ်ာ့ရင္း ေနထိုင္စားေသာက္ေနရေၾကာင္း၊ ေလ့က်င့္ခန္း သီးသန႔္လုပ္တာမ်ိဳး မဟုတ္ဘဲ ကိုယ္အေလးခ်ိန္က်ေစမယ့္ အစားအေသာက္ေတြကို စားေသာက္ရင္း ေနထိုင္ေနေၾကာင္း၊ ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္ နဲ႔ ေပါင္းၿပီးေတာ့ Music Video ႐ိုက္ဖို႔ လုပ္ကိုင္ေနၿပီး ေတးသီခ်င္းေတြ အတြက္လည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
 

“သုံး၊ ေလးလ အတြင္းေတာ့ ၿပီးစီးဖို႔ မွန္းထားပါတယ္၊ သီခ်င္းက ဖန္တီးရတာၾကာတယ္၊ Music Video ႐ိုက္တာကေတာ့ ျမန္တယ္ေလ၊ ဒါေၾကာင့္ အခ်ိန္နည္းနည္းၾကာျမင့္တာပါ၊ သီခ်င္းေတြအတြက္လည္း သူငယ္ခ်င္းေတြနဲ႔ တိုင္တိုင္ပင္ပင္ လုပ္ေနပါတယ္၊ ပရိသတ္ေတြကလည္း အားေပးၾကပါ၊ အႏုပညာလႈပ္ရွားမႈေတြ လုပ္ေနပါတယ္၊ အေခြသစ္ေတြလည္း ထြက္ဖို႔ရွိေနပါေသးတယ္၊ ထြက္လာရင္လည္း အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္” လို႔လည္း ေတးသံရွင္ ၿဖိဳးေလး က ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၉