ဂျွန်ဂိုအတွက် အလှူဒါနတွေ ဆက်တိုက်လုပ်ပေးနေတဲ့ အစ်မဖြစ်သူ သရုပ်ဆောင် မြသင်းခြယ်

ဂျွန်ဂိုအတွက် အလှူဒါနတွေ ဆက်တိုက်လုပ်ပေးနေတဲ့ အစ်မဖြစ်သူ သရုပ်ဆောင် မြသင်းခြယ်

ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဂျွန်ဂိုအတွက် မြန်မာနှစ်သစ်ကူးကာလနဲ့အတူ အလှူဒါနတွေကို ဆက်တိုက် လုပ်ဖြစ်နေတယ်လို့ အစ်မဖြစ်သူ သရုပ်ဆောင် မြသင်းခြယ်က ဆိုပါတယ်။

“အရင်ကလည်း အလှူဒါနတွေလုပ်ပါတယ်၊ အခုနောက်ပိုင်းလည်း မကြာခဏဆိုသလို ဆက်တိုက် လုပ်ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက်မှာ ကွယ်လွန်သူ မောင်အငယ်ဆုံး ဖြစ်တဲ့ သရုပ်ဆောင် ဂျွန်ဂိုအတွက် ရည်စူးကာ သန်လျင်က ဆုတောင်းပြည့် ပရဟိတကျောင်းမှာ ဆန်အိတ်တွေ၊ သင်္ကန်းတွေနဲ့ အလှူငွေတွေကို လှူဒါန်းခဲ့ပါသေးတယ်။ မြန်မာဗီဒီယိုဇာတ်ကားတွေထဲမှာ ထိုးကြိတ်တာတွေ နဲ့ ဖိုက်တင်ချတာတွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အသိအမှတ်ပြုခဲ့တဲ့ သရုပ်ဆောင် ဂျွန်ဂို (ခေါ်) ချစ်မိုးအောင် ဟာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှာ ကွယ်လွန်ခဲ့ရာ အခုဆိုရင် ကွယ်လွန်တာ ငါးနှစ်ပြည့်တော့မှာ ဖြစ်သလို ပရိသတ်တွေရဲ့ ရင်ထဲမှာရှင်သန်လို့နေဆဲဖြစ်ပါတယ်။ သူဟာ ငရဲအိုး လို့နာမည်ရတဲ့ အက်ရှင်ဇာတ်ကားထဲမှာ နောက်ဆုံးသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“သူရှိစဉ်က ဗီဒီယိုလောကသားတွေ ချစ်ကြတယ်၊ သူ့ဇာတ်ကားတွေမှာ သူနဲ့အတူ ဖိုက်တင်တွေ ထိုးကြရင်း စတန့်သမားတွေရဲ့ မိသားစုတွေ ဝမ်းရေးအေးခဲ့ရဖူးတယ်၊ ဖြန့်ချိရေးသမားတွေ၊ အငှားဆိုင်တွေ သူ့ဇာတ်ကားတွေ ဖြန့်ချိရင်း၊ ငှားရမ်းရင်းနဲ့ ပြေလည်ခဲ့ကြဖူးတယ်၊ အခုသူမရှိတော့ မြန်မာအက်ရှင်ဇာတ်ကားတွေအတွက် တောင်ပံတစ်ဖက်ကျိုးသလိုဖြစ်သွားတယ်၊ အခုသူမရှိတော့”လို့လည်း အစ်မဖြစ်သူ သရုပ်ဆောင် မြသင်းခြယ် က ဆိုခဲ့ပါတယ်။

သရုပ်ဆောင် ဂျွန်ဂို ရဲ့ အစ်မဖြစ်သူ သရုပ်ဆောင် မြသင်းခြယ်ဟာ သရုပ်ဆောင် နေထူးနိုင်ရဲ့ ဇနီးလည်း တော်စပ်သလိုတစ်ကိုယ်တော်စီးရီးခွေ တစ်ခွေကိုလည်း မကြာသေးခင်က ထွက်ရှိထားတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း  
ရန်ကုန်၊ ဧပြီ ၁၈

(  Zawgyi  )

 ကြယ္လြန္သြားၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ဂြၽန္ဂိုအတြက္ ျမန္မာႏွစ္သစ္ကူးကာလနဲ႔အတူ အလႉဒါနေတြကို ဆက္တိုက္ လုပ္ျဖစ္ေနတယ္လို႔ အစ္မျဖစ္သူ သ႐ုပ္ေဆာင္ ျမသင္းျခယ္က ဆိုပါတယ္။

“အရင္ကလည္း အလႉဒါနေတြလုပ္ပါတယ္၊ အခုေနာက္ပိုင္းလည္း မၾကာခဏဆိုသလို ဆက္တိုက္ လုပ္ျဖစ္ပါတယ္”လို႔ သူကေျပာပါတယ္။ ျမန္မာႏွစ္ဆန္းတစ္ရက္မွာ ကြယ္လြန္သူ ေမာင္အငယ္ဆုံး ျဖစ္တဲ့ သ႐ုပ္ေဆာင္ ဂြၽန္ဂိုအတြက္ ရည္စူးကာ သန္လ်င္က ဆုေတာင္းျပည့္ ပရဟိတေက်ာင္းမွာ ဆန္အိတ္ေတြ၊ သကၤန္းေတြနဲ႔ အလႉေငြေတြကို လႉဒါန္းခဲ့ပါေသးတယ္။ ျမန္မာဗီဒီယိုဇာတ္ကားေတြထဲမွာ ထိုးႀကိတ္တာေတြ နဲ႔ ဖိုက္တင္ခ်တာေတြကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္အသိအမွတ္ျပဳခဲ့တဲ့ သ႐ုပ္ေဆာင္ ဂြၽန္ဂို (ေခၚ) ခ်စ္မိုးေအာင္ ဟာ ၂၀၁၄ ခုႏွစ္၊ ေအာက္တိုဘာ ၃၁ ရက္မွာ ကြယ္လြန္ခဲ့ရာ အခုဆိုရင္ ကြယ္လြန္တာ ငါးႏွစ္ျပည့္ေတာ့မွာ ျဖစ္သလို ပရိသတ္ေတြရဲ႕ ရင္ထဲမွာရွင္သန္လို႔ေနဆဲျဖစ္ပါတယ္။ သူဟာ ငရဲအိုး လို႔နာမည္ရတဲ့ အက္ရွင္ဇာတ္ကားထဲမွာ ေနာက္ဆုံးသ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

“သူရွိစဥ္က ဗီဒီယိုေလာကသားေတြ ခ်စ္ၾကတယ္၊ သူ႔ဇာတ္ကားေတြမွာ သူနဲ႔အတူ ဖိုက္တင္ေတြ ထိုးၾကရင္း စတန႔္သမားေတြရဲ႕ မိသားစုေတြ ဝမ္းေရးေအးခဲ့ရဖူးတယ္၊ ျဖန႔္ခ်ိေရးသမားေတြ၊ အငွားဆိုင္ေတြ သူ႔ဇာတ္ကားေတြ ျဖန႔္ခ်ိရင္း၊ ငွားရမ္းရင္းနဲ႔ ေျပလည္ခဲ့ၾကဖူးတယ္၊ အခုသူမရွိေတာ့ ျမန္မာအက္ရွင္ဇာတ္ကားေတြအတြက္ ေတာင္ပံတစ္ဖက္က်ိဳးသလိုျဖစ္သြားတယ္၊ အခုသူမရွိေတာ့”လို႔လည္း အစ္မျဖစ္သူ သ႐ုပ္ေဆာင္ ျမသင္းျခယ္ က ဆိုခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ဂြၽန္ဂို ရဲ႕ အစ္မျဖစ္သူ သ႐ုပ္ေဆာင္ ျမသင္းျခယ္ဟာ သ႐ုပ္ေဆာင္ ေနထူးႏိုင္ရဲ႕ ဇနီးလည္း ေတာ္စပ္သလိုတစ္ကိုယ္ေတာ္စီးရီးေခြ တစ္ေခြကိုလည္း မၾကာေသးခင္က ထြက္ရွိထားတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း  
ရန္ကုန္၊ ဧၿပီ ၁၈