ငယ်ဘ၀ကို ပြန်ရောက်သွားသလိုဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင် မိုးယံဇွန်

ငယ်ဘ၀ကို ပြန်ရောက်သွားသလိုဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင် မိုးယံဇွန်

ပြည်တွင်းမှာ COVID ၁၉ ရောဂါနဲ့ ပတ်သက်ပြီး Home Stay သတ်မှတ်ချက်ကို အစိုးရက ထုတ်ပြန်ဆောင်ရွက်တဲ့အခါ ယခုလိုကာလဟာ ငယ်ငယ်ကဘ၀မျိုးကို ပြန်လည်ရောက်သွား သလိုဖြစ်နေတယ်လို့ သရုပ်ဆောင် မိုးယံဇွန်က ပြောပါတယ်။

“သူငယ်ချင်းတွေနဲ့ Video Call တွေပြောတယ်၊ ရုပ်ရှင်တွေကြည့်တယ်၊ အဖေနဲ့အမေကို ကူစရာ ရှိတာကူရင်း နေထိုင် ဖြတ်ကျော်နေပါတယ်၊ ဒီလိုကာလမှာ မဖြစ်မနေကြောင့်သာ အပြင်ထွက် ဖြစ်တာက သုံးခါလောက်ပဲရှိသေးတယ်၊ ကျွန်တော် ငယ်ငယ်က ဘ၀ကို ပြန်ရောက်သွားသလို ခံစားရတာပေါ့၊ ကျွန်တော့်အတွက်တော့ အိမ်ထဲမှာနေရတာ သိပ်ပြီးလည်း မထူးဆန်းသလို ပျင်းတယ်လို့လည်း မရှိပါဘူး၊ ငယ်ငယ်တုန်းကဆိုရင် အဖေက တာဝန်နဲ့ နယ်တွေ ပြောင်းတော့ လိုက်ပြီး နေရတဲ့အခါ ကိုယ့်ဟာကိုယ် ဆော့ကစားကြရင်း အခန်းထဲကအပြင်တောင် မထွက်ဘဲ နေဖူးတယ်လေ၊ ဒါကြောင့်လည်း အခုလို အိမ်ထဲမှာပဲနေဖို့ဆိုတာက ငယ်ငယ်တုန်းက ဘ၀လေး ကို ပြန်အမှတ်ရမိတာပါ” လို့ သူက ရှင်းပြပါတယ်။

သူဟာ အလှဓာတ်ပုံတွေ၊ ကြော်ငြာတွေ ရိုက်ကူးရာကနေ MTV တွေမှာ ပါဝင်သရုပ်ဆောင်ရင်း အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင် နေသလို အနုပညာလမ်းကြောင်းမှာ ပရိသတ်အားပေးမှုကို ရနေသူလည်းဖြစ်လာပါတယ်။ အခမ်းအနားပွဲတွေ၊ စုပေါင်းလုပ်ဆောင် ရတဲ့ အစီအစဉ်တွေ ပရဟိတလုပ်ငန်း တွေမှာလည်း ပါဝင်လုပ်ကိုင်ရင်း လုပ်ဖော်ကိုင်ဖက် များရဲ့ ချစ်ခင်မှုကိုရနေသူလည်း ဖြစ်ပါတယ်။

 “အခုလို အိမ်ထဲမှာ နေရတဲ့ COVID ကာလတွေဟာ မကြာခင်မှာ ကင်းစင်တော့မယ်လို့ မျှော်လင့် ရပါတယ်၊ အနုပညာလုပ်ငန်းတွေ အနေနဲ့လည်း ၇ လပိုင်းထဲမှာ ပြန်လုပ်ဖို့လျာထားတယ်၊ အခုကတော့ အပြင်ကိုမထွက်ဘူး၊ အဖေနဲ့အမေတောင် အပြင်ခဏခဏထွက်လို့ ပြောနေရ သေး တယ်၊ အိမ်ထဲမှာနေရင်း အရင်ကရိုက်ထားတဲ့ကားတွေ ပြန်ကြည့်ရင်း အဖေနဲ့အမေကိုလည်း ပြတယ်၊ ဘယ်နေရာတွေမှာ ဘယ်လိုဆိုတာမျိုး ပြန်လည်သုံးသပ်ပါတယ်၊ ဒါမှလည်း နောက်ထပ် သရုပ်ဆောင်တာ တွေလုပ်တဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ အထောက်အကူကောင်း ဖြစ်စေမှာပါ၊ ဒီလိုကာလမှာ အားလုံးလည်း ကျန်းမာရေးကိုဂရုစိုက်ပြီး နေထိုင်ကြပါနော်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။    
                                              
 မင်းခေတ်လင်း
(ဓာတ်ပုံ ကိုနိုင် NG)
ရန်ကုန်၊ မေ ၂၃

(  Zawgyi  )

 ျပည္တြင္းမွာ COVID ၁၉ ေရာဂါနဲ႔ ပတ္သက္ၿပီး Home Stay သတ္မွတ္ခ်က္ကို အစိုးရက ထုတ္ျပန္ေဆာင္႐ြက္တဲ့အခါ ယခုလိုကာလဟာ ငယ္ငယ္ကဘ၀မ်ိဳးကို ျပန္လည္ေရာက္သြား သလိုျဖစ္ေနတယ္လို႔ သ႐ုပ္ေဆာင္ မိုးယံဇြန္က ေျပာပါတယ္။

“သူငယ္ခ်င္းေတြနဲ႔ Video Call ေတြေျပာတယ္၊ ႐ုပ္ရွင္ေတြၾကည့္တယ္၊ အေဖနဲ႔အေမကို ကူစရာ ရွိတာကူရင္း ေနထိုင္ ျဖတ္ေက်ာ္ေနပါတယ္၊ ဒီလိုကာလမွာ မျဖစ္မေနေၾကာင့္သာ အျပင္ထြက္ ျဖစ္တာက သုံးခါေလာက္ပဲရွိေသးတယ္၊ ကြၽန္ေတာ္ ငယ္ငယ္က ဘ၀ကို ျပန္ေရာက္သြားသလို ခံစားရတာေပါ့၊ ကြၽန္ေတာ့္အတြက္ေတာ့ အိမ္ထဲမွာေနရတာ သိပ္ၿပီးလည္း မထူးဆန္းသလို ပ်င္းတယ္လို႔လည္း မရွိပါဘူး၊ ငယ္ငယ္တုန္းကဆိုရင္ အေဖက တာဝန္နဲ႔ နယ္ေတြ ေျပာင္းေတာ့ လိုက္ၿပီး ေနရတဲ့အခါ ကိုယ့္ဟာကိုယ္ ေဆာ့ကစားၾကရင္း အခန္းထဲကအျပင္ေတာင္ မထြက္ဘဲ ေနဖူးတယ္ေလ၊ ဒါေၾကာင့္လည္း အခုလို အိမ္ထဲမွာပဲေနဖို႔ဆိုတာက ငယ္ငယ္တုန္းက ဘ၀ေလး ကို ျပန္အမွတ္ရမိတာပါ” လို႔ သူက ရွင္းျပပါတယ္။

သူဟာ အလွဓာတ္ပုံေတြ၊ ေၾကာ္ျငာေတြ ႐ိုက္ကူးရာကေန MTV ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း အခုဆိုရင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ေနသလို အႏုပညာလမ္းေၾကာင္းမွာ ပရိသတ္အားေပးမႈကို ရေနသူလည္းျဖစ္လာပါတယ္။ အခမ္းအနားပြဲေတြ၊ စုေပါင္းလုပ္ေဆာင္ ရတဲ့ အစီအစဥ္ေတြ ပရဟိတလုပ္ငန္း ေတြမွာလည္း ပါဝင္လုပ္ကိုင္ရင္း လုပ္ေဖာ္ကိုင္ဖက္ မ်ားရဲ႕ ခ်စ္ခင္မႈကိုရေနသူလည္း ျဖစ္ပါတယ္။

 “အခုလို အိမ္ထဲမွာ ေနရတဲ့ COVID ကာလေတြဟာ မၾကာခင္မွာ ကင္းစင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ ရပါတယ္၊ အႏုပညာလုပ္ငန္းေတြ အေနနဲ႔လည္း ၇ လပိုင္းထဲမွာ ျပန္လုပ္ဖို႔လ်ာထားတယ္၊ အခုကေတာ့ အျပင္ကိုမထြက္ဘူး၊ အေဖနဲ႔အေမေတာင္ အျပင္ခဏခဏထြက္လို႔ ေျပာေနရ ေသး တယ္၊ အိမ္ထဲမွာေနရင္း အရင္က႐ိုက္ထားတဲ့ကားေတြ ျပန္ၾကည့္ရင္း အေဖနဲ႔အေမကိုလည္း ျပတယ္၊ ဘယ္ေနရာေတြမွာ ဘယ္လိုဆိုတာမ်ိဳး ျပန္လည္သုံးသပ္ပါတယ္၊ ဒါမွလည္း ေနာက္ထပ္ သ႐ုပ္ေဆာင္တာ ေတြလုပ္တဲ့အခါ အေကာင္းဆုံးလုပ္ေဆာင္ႏိုင္ဖို႔ အေထာက္အကူေကာင္း ျဖစ္ေစမွာပါ၊ ဒီလိုကာလမွာ အားလုံးလည္း က်န္းမာေရးကိုဂ႐ုစိုက္ၿပီး ေနထိုင္ၾကပါေနာ္”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။    
                                              
 မင္းေခတ္လင္း
(ဓာတ္ပုံ ကိုႏိုင္ NG)
ရန္ကုန္၊ ေမ ၂၃