စက်ရုပ်များကြောင့် အလုပ်အကိုင်ဆုံးရှုံးရသည်ထက် အလုပ်အကိုင်သစ်များ ပွင့်ထွန်းလာနိုင်ခြေက ပိုများကဟုဆို

စက်ရုပ်များကြောင့် အလုပ်အကိုင်ဆုံးရှုံးရသည်ထက် အလုပ်အကိုင်သစ်များ ပွင့်ထွန်းလာနိုင်ခြေက ပိုများကဟုဆို

အလိုလျောက်စနစ်ယန္တရားတွေကြောင့် အလုပ်နေရာ သန်းပေါင်းများစွာ ဖယ်ရှားခံရဖွယ် ရှိနေပေမယ့်လည်း ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အစီရင်ခံစာတစ်စောင်မှာတော့ စက်ရုပ်တွေကြောင့် လူတွေ အလုပ်လက်မဲ့ဖြစ်သွားနိုင်ခြေဟာ ကျနော်တို့ ထင်သလောက်တော့လည်း စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ ဆွစ်ပညာရှင်အုပ်စုကတော့ ၂၀၂၂ခုနှစ်လောက်မှာ စက်ရုပ်တွေက ကမ္ဘာနဲ့အဝန်းမှာ အလုပ်အကိုင် ၇၅သန်းလောက်ကို ဖယ်ရှားပစ်နိုင်ပေမယ့်လည်း အလုပ်အကိုင်အသစ် ၁၃၃သန်းလောက်ကို ဖန်တီးပေးနိုင်လို့ အပေါင်းလက္ခဏာဆောင်တယ်လို့ ဆိုပါတယ်။

 ကွန်ပျူတာနယ်ပယ်မှာ တိုးတက်မှုတွေက အလုပ်သမားတွေကို အလုပ်အကိုင်အသစ်တွေအတွက် လွတ်လပ်လမ်းပွင့်သွာစေလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဆုံးရှုံးသွားတဲ့ အလုပ်အကိုင်တွေကို ပြန်လည်အစားထိုးနိုင်မယ်ဆိုတဲ့

အာမခံချက်မရှိဘူးလို့ စောဒကတက်နေကြတာတွေလည်း ရှိပါတယ်။ ဘ ကမ္ဘာ့စီးပွားရေးဖိုရမ်ကတော့ စက်ရုပ်တွေနဲ့ အယ်ဂိုရစ်သမ်တွေက လက်ရှိ အလုပ် အကိုင်တွေရဲ့ ကုန်ထုပ်စွမ်းအားကို အကြီးအကျယ် တိုးတက်စေမှာဖြစ်လို့ လာမယ့်နှစ်တွေမှာ အလုပ်အကိုင်သစ်တွေဆီကို ဦးတည်သွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

 

အကျိုးဆက်အနေနဲ့ လာမယ့်နှစ်တွေမျာ ဒေတာပညာရှင်တွေ၊ ဆော့ဖ်ဝဲရေးဆွဲသူတွေနဲ့ ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူတွေကို ပိုပြီးတွေ့လာရမှာဖြစ်သလို၊ ဖောက်သည်ဝန်ဆောင်မှု အလုပ်သမားတွေနဲ့ ကျောင်းဆရာ ဆရာမလို တသီးပုဂ္ဂလ လူ့စရိုက်အပေါ် အခြေခံတဲ့ အလုပ်အကိုင်တွေ ပိုတွင်ကျယ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပညာရှင်အဖွဲ့ကတော့ ဒီလိုအလုပ်အကိုင်သစ်တွေဟာ တချို့အဟောင်းတွေ တိုးတိုးပြီးမလိုအပ်ဖြစ်လာလို့ ကသောင်းကနင်းဖြစ်နေတဲ့ အခြေအနေထဲမှာမှ ပွင့်ထွန်းလာကြမှာဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

စက်ရုပ်တွေဟာ စာရင်းကိုင်လုပ်ငန်းတွေ၊ စက်ရုပ်တွေနဲ့ စာတိုက်ရုံးလိုနေရာတွေမှာ လျင်မြန်စွာ အစားထိုးလာမှာဖြစ်သလို၊ အတွင်းရေးမှူးအလုပ်တွေနဲ့ ငွေကိုအလုပ်တွေကိုလည်း လုပ်လာကြလိမ့် မယ်လို့ဆိုပါတယ်။ ဒီလို သိသာထင်ရှားလှတဲ့ အရွေ့ကြီးထဲမှာ အလုပ်သမားတွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုကို အဆင့်မြှင့်ထားဖို့ လိုအပ်တယ်လို့လည်း ပညာရှင်အဖွဲ့က ပြောပါတယ်။ အလုပ်အကိုင်တွေ ဆုံးရှုံးသွားမယ့်အလုပ်သမားတွေအတွက် အစိုးရတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လည်း ပညာရှင်အဖွဲ့က တိုက်တွန်းထားပါတယ်။

 Ref : BBC Robot Tech

 

(   Zawgyi  )

အလိုေလ်ာက္စနစ္ယႏၱရားေတြေၾကာင့္ အလုပ္ေနရာ သန္းေပါင္းမ်ားစြာ ဖယ္ရွားခံရဖြယ္ ရွိေနေပမယ့္လည္း ကမၻာ့စီးပြားေရးဖုိရမ္ရဲ႕ အစီရင္ခံစာတစ္ေစာင္မွာေတာ့ စက္ရုပ္ေတြေၾကာင့္ လူေတြ အလုပ္လက္မဲ့ျဖစ္သြားႏိုင္ေျခဟာ က်ေနာ္တို႔ ထင္သေလာက္ေတာ့လည္း စိုးရိမ္စရာမရွိဘူးလို႔ ဆုိပါတယ္။ ဆြစ္ပညာရွင္အုပ္စုကေတာ့ ၂၀၂၂ခုႏွစ္ေလာက္မွာ စက္ရုပ္ေတြက ကမၻာနဲ႔အ၀န္းမွာ အလုပ္အကိုင္ ၇၅သန္းေလာက္ကို ဖယ္ရွားပစ္ႏိုင္ေပမယ့္လည္း အလုပ္အကိုင္္အသစ္ ၁၃၃သန္းေလာက္ကို ဖန္တီးေပးႏိုင္လို႔ အေပါင္းလကၡဏာေဆာင္တယ္လို႔ ဆိုပါတယ္။

 ကြန္ပ်ဴတာနယ္ပယ္မွာ တိုးတက္မႈေတြက အလုပ္သမားေတြကို အလုပ္အကိုင္အသစ္ေတြအတြက္ လြတ္လပ္လမ္းပြင့္သြာေစလိမ့္မယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း ဆံုးရံႈးသြားတဲ့ အလုပ္အကိုင္
ေတြကို ျပန္လည္အစားထိုးႏိုင္မယ္ဆိုတဲ့ အာမခံခ်က္မရွွိဘူးလို႔ ေစာဒကတက္ေနၾကတာေတြလည္း ရွိပါတယ္။ ဘ ကမၻာ့စီးပြားေရးဖိုရမ္ကေတာ့ စက္ရုပ္ေတြနဲ႔ အယ္ဂိုရစ္သမ္ေတြက လက္ရွိ အလုပ္ အကိုင္ေတြရဲ႕ ကုန္ထုပ္စြမ္းအားကို အႀကီးအက်ယ္ တိုးတက္ေစမွာျဖစ္လို႔ လာမယ့္ႏွစ္ေတြမွာ အလုပ္အကိုင္သစ္ေတြဆီကို ဦးတည္သြားလိမ့္မယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

အက်ိဳးဆက္အေနနဲ႔ လာမယ့္ႏွစ္ေတြမ်ာ ေဒတာပညာရွင္ေတြ၊ ေဆာ့ဖ္၀ဲေရးဆြဲသူေတြနဲ႔ ဆိုရွယ္မီဒီယာ ကၽြမ္းက်င္သူေတြကို ပိုၿပီးေတြ႕လာရမွာျဖစ္သလို၊ ေဖာက္သည္၀န္ေဆာင္မႈ အလုပ္သမားေတြနဲ႔ ေက်ာင္းဆရာ ဆရာမလို တသီးပုဂၢလ လူ႔စရုိက္အေပၚ အေျခခံတဲ့ အလုပ္အကိုင္ေတြ ပိုတြင္က်ယ္လာလိမ့္္မယ္လုိ႔ ဆိုပါတယ္။ ဒါေပမယ့့္လည္း ပညာရွင္အဖြဲ႕ကေတာ့ ဒီလိုအလုပ္အကိုင္သစ္ေတြဟာ တခ်ိဳ႕အေဟာင္းေတြ တိုးတိုးၿပီးမလုိအပ္ျဖစ္လာလို႔ ကေသာင္းကနင္းျဖစ္ေနတဲ့ အေျခအေနထဲမွာမွ ပြင့္ထြန္းလာၾကမွာျဖစ္တယ္လို႔လည္း ေျပာၾကားပါတယ္။

စက္ရုပ္ေတြဟာ စာရင္းကိုင္လုပ္ငန္းေတြ၊ စက္ရုပ္ေတြနဲ႔ စာတိုက္ရံုးလိုေနရာေတြမွာ လ်င္ျမန္စြာ အစားထိုးလာမွာျဖစ္သလို၊ အတြင္းေရးမွဴးအလုပ္ေတြနဲ႔ ေငြကိုအလုပ္ေတြကိုလည္း လုပ္လာၾကလိမ့္ မယ္လိို႔ဆိုပါတယ္။ ဒီလို သိသာထင္ရွားလွတဲ့ အေရြ႕ႀကီးထဲမွာ အလုပ္သမားေတြဟာ သူတို႔ရဲ႕ ကၽြမ္းက်င္မႈကို အဆင့္ျမွင့္ထားဖို႔ လိုအပ္တယ္လို႔လည္း ပညာရွင္အဖြဲ႕က ေျပာပါတယ္။ အလုပ္အကိုင္ေတြ ဆံုးရႈံးသြားမယ့္အလုပ္သမားေတြအတြက္ အစိုးရေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားၾကဖို႔လည္း ပညာရွင္အဖြြဲ႕က တိုက္တြန္းထားပါတယ္။

 Ref : BBC Robot Tech