စိတ်ရှုပ်စရာ အခြေအနေတွေကြုံပေမယ့် ပရဟိတအလုပ်တွေသာ အားစိုက်လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

စိတ်ရှုပ်စရာ အခြေအနေတွေကြုံပေမယ့် ပရဟိတအလုပ်တွေသာ အားစိုက်လုပ်ဖြစ်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါ အားတက်သရောလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေဟာ အခုရက်ပိုင်းမှာ ငွေကြေးဆိုင်ရာအခြေအနေတွေနဲ့ပတ်သက်လို့ စိတ်ရှုပ်စရာမျိုးတွေကို ကြုံနေရပေမယ့် ပရဟိတအလုပ်တွေကိုသာ အားစိုက်လုပ်ကိုင်ဖြစ်နေတယ်လို့ ပြောပါတယ်။

“လူတွေက အွန်လိုင်းပေါ်ကနေ ဝေဖန်နေတာတွေရှိပေမယ့် အစ်မက မဖြေရှင်းတော့ဘူး၊ အခုတော့ အခြေအနေမှန်ကိုသိလာမှာပါ၊ တစ်ချို့ကလည်း Fighting ဆိုပြီး အားပေးတာတွေရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်တာပဲဖြစ်စေ၊ အားပေးတာပဲဖြစ်စေ တကယ်တမ်း ကိုယ်တိုင်ပဲ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတာက အစ်မကိုယ်တိုင်ပဲလေ၊ ဘယ်သူမှလည်း လာဖြေရှင်းပေးကြမှာမဟုတ်တော့ ဝေဖန်တာတွေကို ဘာမှကိုမတုန့်ပြန်တော့ဘူး” လို့ သူမက ရှင်းပြပါတယ်။

အခုလတ်တလောမှာ ငွေကျပ် သိန်း ၈၀၀ နဲ့ပတ်သက်တဲ့ အရှုပ်အရှင်းကိစ္စအတွက် အမှုဖွင့်တာကိုလုပ်ဆောင်နေပြီး အခုလိုလုပ်ဆောင်ရတာဟာ တစ်ဖက်လူကို နစ်နာစေလို ထောင်ကျစေလိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘဲ ကြုံနေရတဲ့အခက်အခဲအတွက် ဖြေရှင်းလုပ်ကိုင်နေရတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

“အစ်မအမှုဖွင့်ထားတဲ့အပေါ်မှာ အမှုဖွင့်ခံထားတဲ့သူကပိတ်ပေးဖို့ ဟိုလူနဲ့ပြောခိုင်း၊ ဒီလူနဲ့ပြောခိုင်းတာလုပ်တယ်၊ ခင်မင်တဲ့သူတွေနဲ့ပြောခိုင်းတယ်၊ ပြောခိုင်းတာက အများကြီးပဲ၊ ဒီအမှုက ငွေပိုင်ရှင်နဲ့ သူနဲ့ကြားမှာ ပြေလည်သွားပြီဆိုရင်တော့ အစ်မက အမှုကို ပိတ်ပေးမယ်၊ အဲ့လိုမှမရှင်းရင် အစ်မကို ထိခိုက်လာမယ်လေ၊ အစ်မလည်း ကြားကနေ
စိုက်ပေးစရာငွေလဲမရှိဘူး၊ စိုက်ပေးဖို့လည်းမလိုဘူးလေ၊ အဓိကက အစ်မဆီကို လာဖြေရှင်းပေးဖို့ပဲ၊ ကိုယ်က ကြားထဲက ကြားညှပ်တာမျိုးဖြစ်နေတော့ ဒီလိုမှအမှုဖွင့်မလုပ်ဆောင်လို့ မရဘူးလေ၊ နစ်နာလိုစိတ်မရှိပေမယ့် လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ခဲ့တာပါ၊ စိတ်တွေလည်းညစ်ရပါတယ်၊ ဒါ့ကြောင့်လည်း ကိုယ်လုပ်နေတဲ့ ဒီပရဟိတအလုပ်ကလေးတွေပဲ စိတ်နှစ်ထားပြီးတော့ လုပ်ပါတယ်” လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

အခုလို ကြုံနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မီဒီယာတွေနဲ့တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်လုပ်ဆောင်ရန် စီစဉ်ထားပြီး လတ်တလောမှာ အမှုဖွင့်ခံထားသူဘက်က လာရောက်ဖြေရှင်းဖို့ အချိန်ကာလတစ်ခုအနေနဲ့ စောင့်ဆိုင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၃၀

( Zawgyi )

အႏုပညာအလုပ္ေတြနဲ႔အတူ ပရဟိတအလုပ္ေတြကိုပါ အားတက္သေရာလုပ္ေဆာင္ေနတဲ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝဟာ အခုရက္ပိုင္းမွာ ေငြေၾကးဆိုင္ရာအေျခအေနေတြနဲ႔ပတ္သက္လို႔ စိတ္ရႈပ္စရာမ်ိဳးေတြကို ႀကဳံေနရေပမယ့္ ပရဟိတအလုပ္ေတြကိုသာ အားစိုက္လုပ္ကိုင္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

“လူေတြက အြန္လိုင္းေပၚကေန ေဝဖန္ေနတာေတြရွိေပမယ့္ အစ္မက မေျဖရွင္းေတာ့ဘူး၊ အခုေတာ့ အေျခအေနမွန္ကိုသိလာမွာပါ၊ တစ္ခ်ိဳ႕ကလည္း Fighting ဆိုၿပီး အားေပးတာေတြရွိတယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ ေဝဖန္တာပဲျဖစ္ေစ၊ အားေပးတာပဲျဖစ္ေစ တကယ္တမ္း ကိုယ္တိုင္ပဲ နဖူးေတြ႕ဒူးေတြ႕ရင္ဆိုင္ရတာက အစ္မကိုယ္တိုင္ပဲေလ၊ ဘယ္သူမွလည္း လာေျဖရွင္းေပးၾကမွာမဟုတ္ေတာ့ ေဝဖန္တာေတြကို ဘာမွကိုမတုန႔္ျပန္ေတာ့ဘူး” လို႔ သူမက ရွင္းျပပါတယ္။

အခုလတ္တေလာမွာ ေငြက်ပ္ သိန္း ၈၀၀ နဲ႔ပတ္သက္တဲ့ အရႈပ္အရွင္းကိစၥအတြက္ အမႈဖြင့္တာကိုလုပ္ေဆာင္ေနၿပီး အခုလိုလုပ္ေဆာင္ရတာဟာ တစ္ဖက္လူကို နစ္နာေစလို ေထာင္က်ေစလိုတဲ့ ရည္႐ြယ္ခ်က္မဟုတ္ဘဲ ႀကဳံေနရတဲ့အခက္အခဲအတြက္ ေျဖရွင္းလုပ္ကိုင္ေနရတာမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။

“အစ္မအမႈဖြင့္ထားတဲ့အေပၚမွာ အမႈဖြင့္ခံထားတဲ့သူကပိတ္ေပးဖို႔ ဟိုလူနဲ႔ေျပာခိုင္း၊ ဒီလူနဲ႔ေျပာခိုင္းတာလုပ္တယ္၊ ခင္မင္တဲ့သူေတြနဲ႔ေျပာခိုင္းတယ္၊ ေျပာခိုင္းတာက အမ်ားႀကီးပဲ၊ ဒီအမႈက ေငြပိုင္ရွင္နဲ႔ သူနဲ႔ၾကားမွာ ေျပလည္သြားၿပီဆိုရင္ေတာ့ အစ္မက အမႈကို ပိတ္ေပးမယ္၊ အဲ့လိုမွမရွင္းရင္ အစ္မကို ထိခိုက္လာမယ္ေလ၊ အစ္မလည္း ၾကားကေန
စိုက္ေပးစရာေငြလဲမရွိဘူး၊ စိုက္ေပးဖို႔လည္းမလိုဘူးေလ၊ အဓိကက အစ္မဆီကို လာေျဖရွင္းေပးဖို႔ပဲ၊ ကိုယ္က ၾကားထဲက ၾကားညႇပ္တာမ်ိဳးျဖစ္ေနေတာ့ ဒီလိုမွအမႈဖြင့္မလုပ္ေဆာင္လို႔ မရဘူးေလ၊ နစ္နာလိုစိတ္မရွိေပမယ့္ လုပ္သင့္လုပ္ထိုက္တာေတာ့ လုပ္ခဲ့တာပါ၊ စိတ္ေတြလည္းညစ္ရပါတယ္၊ ဒါ့ေၾကာင့္လည္း ကိုယ္လုပ္ေနတဲ့ ဒီပရဟိတအလုပ္ကေလးေတြပဲ စိတ္ႏွစ္ထားၿပီးေတာ့ လုပ္ပါတယ္” လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။

အခုလို ႀကဳံေနရတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ မီဒီယာေတြနဲ႔ေတြ႕ဆုံကာ သတင္းစာရွင္းလင္းပြဲတစ္ရပ္လုပ္ေဆာင္ရန္ စီစဥ္ထားၿပီး လတ္တေလာမွာ အမႈဖြင့္ခံထားသူဘက္က လာေရာက္ေျဖရွင္းဖို႔ အခ်ိန္ကာလတစ္ခုအေနနဲ႔ ေစာင့္ဆိုင္းတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၃၀