ဆင်ဆာဖြတ်တာ ကိုယ့်အပိုင်းမဟုတ်ကြောင်း သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောလာ

ဆင်ဆာဖြတ်တာ ကိုယ့်အပိုင်းမဟုတ်ကြောင်း သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောလာ

ပြည်တွင်းသရုပ်ဆောင်တွေထဲ ပရိသတ်ရှေ့ကို အမိုက်စားဖက်ရှင်တွေနဲ့ ထွက်ပေါ်လာခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ “အချစ်ဆုံး Crush”လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆင်ဆာဖြတ်ခံရတာမျိုး အများအပြားရှိခဲ့ပါတယ်။

“ဒီလိုဖြတ်ခံရတာ စိတ်တော့မကောင်းဘူးပေါ့နော်၊ သူများကို ဖြတ်သလို ကိုယ့်ကို ဖြတ်ရင် Fair ဖြစ်တယ်၊ သူများကျတော့ ပေးပြီး ကိုယ့်ကို ဖြတ်ထားတော့ Fair မဖြစ်ဘူးပေါ့၊ တစ်ချို့အခန်းတွေက ဖြတ်ပြီး တစ်ချို့အခန်းတွေကျတော့ ဝါးထားတယ်၊ အဲ့ဒီလို ဆင်ဆာကြောင့် ဝါးထားတဲ့အခါကျတော့ ကြည့်ရတာ အဆင်မပြေဘူးလေ၊ ကိုယ်က ကာရိုက်တာ ဝင်ချင်လို့ အမိုက်စားဝတ်ထားပေမယ့် အမိုက်စားဝတ်ထားတာ မပေါ်ဘူးဖြစ်သွားတာပေါ့”လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က သြဂုတ် ၂၃ ရက်ညက “အချစ်ဆုံး Crush” ရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet Show ပွဲ တက်ရောက်လာစဉ် ပြောကြားခဲ့ပါတယ်။

ဇာတ်ကားတွေမှာ အဝတ်အစားဆင်ယင်မှုဟာ ဇာတ်ကောင်ရဲ့စရိုက်ကို အများကြီးပံ့ပိုးစေကြောင်း၊ ယခု ရုပ်ရှင်ဇာတ်ကားမှာ ဆယ်ကျော်သက် လူငယ်များအဖြစ် သရုပ်ဆောင်တဲ့အခါ ယခုခေတ်ပေါ် ပုံစံတွေနဲ့ ဝတ်ဆင်ရမယ့် ဇာတ်ကောင်ပုံစံဖြစ်သော်လည်း ဆင်ဆာဖြတ်ခံရတာ အများအပြား ရှိ တာကြောင့် ကြည့်ရတဲ့ ပရိသတ်အတွက်လည်း အဆင်မပြေဖြစ်မှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

“သင်ဇာကတော့လေ ဘယ်သူ့အပေါ်မဆို မေတ္တာထားပြီးလုပ်တယ်၊ စေတနာထားပြီးလုပ်တယ်၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ အဲ့ဒီစေတနာရောင်ပြန်ဟပ်မယ်လို့ယုံတယ်၊ ဒီကားကျမှ အဲ့ဒီလို အမိုက်စားတွေနဲ့ အခုခေတ်ပေါ်တဲ့ ပုံစံမျိုးနဲ့ဝတ်ရတာလေ၊ ဘယ်လိုပြောရမလဲ ဒီကားမှ ဝတ်ခွင့်ရ တယ်၊ ဒီကားမှဖြတ်ခံရတယ်ဆိုတော့လေ စိတ်မကောင်းဖြစ်မိတယ်၊ အဝတ်အစားက ကာရိုက်တာ ကို အများကြီးပံ့ပိုးပေးတာပေါ့၊ ဥပမာပြောရင် မြန်မာဆန်ဆန်လေးဝတ်ထားရင် လမ်းလျှောက်တဲ့ ပုံစံလေးက အစပြောင်းသွားတယ်၊ ကိုယ်ဟန်အမူအယာ လေးကအစ ပြောင်းသွားတယ်၊ အရမ်းကို ဖန်စီဖြစ်တဲ့ အကျီ ၤကိုဝတ်လိုက်တယ်ဆိုရင် အရမ်းကို လွတ်လပ် ပေါ့ပါးတဲ့ အကျီ ၤကို ဝတ်လိုက် တယ်ဆိုရင် ချက်ချင်းကိုလွတ်လပ်ပေါ့ပါးသွားတာပဲ၊ အကျီ ၤအဝတ်အစားက လူတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲစေနိုင်ပါတယ်”လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ရှင်းပြပါတယ်။

ထို့ကြောင့်ပင် ရုပ်ရှင်ဇာတ်ကားတွေရိုက်တဲ့အခါ ဇာတ်ကောင်စရိုက်အတွက် ပီပီပြင်ပြင်ဖြစ်စေဖို့ အဝတ်အစား တွေကို ကြိုတင်ပြင်ဆင်ကာ လုပ်ဆောင်ပြီး ရိုက်ကူးရလေ့ရှိတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သူမက ပြောရာတွင် “သင်ဇာကတော့လေ ကိုယ့်ဟာကို ဝတ်စရာရှိတာဝတ်မှာပဲ ဆင်ဆာလွတ်ချင်လည်းလွတ် မလွတ်ချင်လည်းနေ၊ ဒါက ကိုယ့်အပိုင်းမဟုတ်ဘူး၊ ကာရိုက်တာ ဝင်အောင် ကြိုးစားမယ်၊ ဝတ်စရာရှိတာဝတ်မယ်၊ ဖြတ်တာက သူ့အပိုင်းပဲ”လို့လည်း ပြောကြား ခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ သူမကို ကမ်းလှမ်းတာတွေရှိပေမယ့် အဆင်ပြေမယ့် အနေအထား မျိုးဟုတ်မဟုတ်ဆိုတာကို စိစစ်ပြီးမှသာ လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၂၄

(  Zawgyi  )

 ျပည္တြင္းသ႐ုပ္ေဆာင္ေတြထဲ ပရိသတ္ေရွ႕ကို အမိုက္စားဖက္ရွင္ေတြနဲ႔ ထြက္ေပၚလာခဲ့တဲ့ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ဟာ “အခ်စ္ဆုံး Crush”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားထဲမွာ ဆင္ဆာျဖတ္ခံရတာမ်ိဳး အမ်ားအျပားရွိခဲ့ပါတယ္။

“ဒီလိုျဖတ္ခံရတာ စိတ္ေတာ့မေကာင္းဘူးေပါ့ေနာ္၊ သူမ်ားကို ျဖတ္သလို ကိုယ့္ကို ျဖတ္ရင္ Fair ျဖစ္တယ္၊ သူမ်ားက်ေတာ့ ေပးၿပီး ကိုယ့္ကို ျဖတ္ထားေတာ့ Fair မျဖစ္ဘူးေပါ့၊ တစ္ခ်ိဳ႕အခန္းေတြက ျဖတ္ၿပီး တစ္ခ်ိဳ႕အခန္းေတြက်ေတာ့ ဝါးထားတယ္၊ အဲ့ဒီလို ဆင္ဆာေၾကာင့္ ဝါးထားတဲ့အခါက်ေတာ့ ၾကည့္ရတာ အဆင္မေျပဘူးေလ၊ ကိုယ္က ကာ႐ိုက္တာ ဝင္ခ်င္လို႔ အမိုက္စားဝတ္ထားေပမယ့္ အမိုက္စားဝတ္ထားတာ မေပၚဘူးျဖစ္သြားတာေပါ့”လို႔ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္က ၾသဂုတ္ ၂၃ ရက္ညက “အခ်စ္ဆုံး Crush” ႐ုပ္ရွင္ဇာတ္ကားရဲ႕ Red Carpet Show ပြဲ တက္ေရာက္လာစဥ္ ေျပာၾကားခဲ့ပါတယ္။

ဇာတ္ကားေတြမွာ အဝတ္အစားဆင္ယင္မႈဟာ ဇာတ္ေကာင္ရဲ႕စ႐ိုက္ကို အမ်ားႀကီးပံ့ပိုးေစေၾကာင္း၊ ယခု ႐ုပ္ရွင္ဇာတ္ကားမွာ ဆယ္ေက်ာ္သက္ လူငယ္မ်ားအျဖစ္ သ႐ုပ္ေဆာင္တဲ့အခါ ယခုေခတ္ေပၚ ပုံစံေတြနဲ႔ ဝတ္ဆင္ရမယ့္ ဇာတ္ေကာင္ပုံစံျဖစ္ေသာ္လည္း ဆင္ဆာျဖတ္ခံရတာ အမ်ားအျပား ရွိ တာေၾကာင့္ ၾကည့္ရတဲ့ ပရိသတ္အတြက္လည္း အဆင္မေျပျဖစ္မွာကို စိုးရိမ္မိတယ္လို႔ ဆိုပါတယ္။

“သင္ဇာကေတာ့ေလ ဘယ္သူ႔အေပၚမဆို ေမတၱာထားၿပီးလုပ္တယ္၊ ေစတနာထားၿပီးလုပ္တယ္၊ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာေတာ့ အဲ့ဒီေစတနာေရာင္ျပန္ဟပ္မယ္လို႔ယုံတယ္၊ ဒီကားက်မွ အဲ့ဒီလို အမိုက္စားေတြနဲ႔ အခုေခတ္ေပၚတဲ့ ပုံစံမ်ိဳးနဲ႔ဝတ္ရတာေလ၊ ဘယ္လိုေျပာရမလဲ ဒီကားမွ ဝတ္ခြင့္ရ တယ္၊ ဒီကားမွျဖတ္ခံရတယ္ဆိုေတာ့ေလ စိတ္မေကာင္းျဖစ္မိတယ္၊ အဝတ္အစားက ကာ႐ိုက္တာ ကို အမ်ားႀကီးပံ့ပိုးေပးတာေပါ့၊ ဥပမာေျပာရင္ ျမန္မာဆန္ဆန္ေလးဝတ္ထားရင္ လမ္းေလွ်ာက္တဲ့ ပုံစံေလးက အစေျပာင္းသြားတယ္၊ ကိုယ္ဟန္အမူအယာ ေလးကအစ ေျပာင္းသြားတယ္၊ အရမ္းကို ဖန္စီျဖစ္တဲ့ အက်ီ ကႋုဝတ္လိုက္တယ္ဆိုရင္ အရမ္းကို လြတ္လပ္ ေပါ့ပါးတဲ့ အက်ီ ကႋု ဝတ္လိုက္ တယ္ဆိုရင္ ခ်က္ခ်င္းကိုလြတ္လပ္ေပါ့ပါးသြားတာပဲ၊ အက်ီ အၤဝတ္အစားက လူတစ္ေယာက္ရဲ႕စိတ္ကို ေျပာင္းလဲေစႏိုင္ပါတယ္”လို႔ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္က ရွင္းျပပါတယ္။

ထို႔ေၾကာင့္ပင္ ႐ုပ္ရွင္ဇာတ္ကားေတြ႐ိုက္တဲ့အခါ ဇာတ္ေကာင္စ႐ိုက္အတြက္ ပီပီျပင္ျပင္ျဖစ္ေစဖို႔ အဝတ္အစား ေတြကို ႀကိဳတင္ျပင္ဆင္ကာ လုပ္ေဆာင္ၿပီး ႐ိုက္ကူးရေလ့ရွိတယ္လို႔ သိရပါတယ္။ ဆက္လက္ၿပီး သူမက ေျပာရာတြင္ “သင္ဇာကေတာ့ေလ ကိုယ့္ဟာကို ဝတ္စရာရွိတာဝတ္မွာပဲ ဆင္ဆာလြတ္ခ်င္လည္းလြတ္ မလြတ္ခ်င္လည္းေန၊ ဒါက ကိုယ့္အပိုင္းမဟုတ္ဘူး၊ ကာ႐ိုက္တာ ဝင္ေအာင္ ႀကိဳးစားမယ္၊ ဝတ္စရာရွိတာဝတ္မယ္၊ ျဖတ္တာက သူ႔အပိုင္းပဲ”လို႔လည္း ေျပာၾကား ခဲ့ပါတယ္။

႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးဖို႔ သူမကို ကမ္းလွမ္းတာေတြရွိေပမယ့္ အဆင္ေျပမယ့္ အေနအထား မ်ိဳးဟုတ္မဟုတ္ဆိုတာကို စိစစ္ၿပီးမွသာ လက္ခံမွာျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၂၄