ဇာတ်ကားအတွက်သာမက အခြားဖိတ်ကြားလာသော အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ထား နေရတယ်လို့ သရုပ်ဆောင် အရိုင်းက ပြောလာ

ဇာတ်ကားအတွက်သာမက အခြားဖိတ်ကြားလာသော အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ထား နေရတယ်လို့  သရုပ်ဆောင် အရိုင်းက ပြောလာ

ဇာတ်ကားအတွက် ကာရိုက်တာပိုင်းအရ ကြိုတင်ပြင်ဆင်တာတွေသာမကဘဲ အခြားသော ဖိတ်ကြားလာတဲ့ အခမ်းအနားပွဲတွေ အတွက် ကိုလည်း ကြိုတင်ပြင်ဆင်ထားနေရတယ်လို့ သရုပ်ဆောင် အရိုင်းက ပြောပါတယ်။

“ဦးအရိုင်းတို့ လူရွှင်တော်တွေအနေနဲ့က ကာရိုက်တာအတွက်သာမကဘူး၊ ပွဲတွေဖိတ်လို့ရှိရင် ဒီဇိုင်းတွေလည်း ပြင်ဆင်ထားရပါတယ်၊ ပရိသတ်ကို ဘယ်လိုမြှူဆွယ်သလဲ ဦးအရိုင်းတို့ အနုပညာရှင်တွေက လေ့လာရပါတယ်၊ ပွဲအတွက်လည်း ကြိုတင်စီစဉ်ရတယ်၊ ဘယ်လိုပွဲမျိုးလဲ ဆိုတာကို ကြိုလေ့လာပြီး လက်လက် လက်လက်တွေ ပါမလား၊ ဘယ်လိုဒီဇိုင်းနဲ့ဝတ်ဆင်မလဲ အစရှိသဖြင့်ပေါ့နော်၊ စတိုင်ကတော့ အရမ်းလန်းအောင် စီစဉ်ထားရတယ်”လို့ သရုပ်ဆောင် အရိုင်းက ရှင်းပြပါတယ်။

လတ်တလောမှာ လာငှားတဲ့အခြေအနေပေါ်မူတည်ပြီး ဟာသဇာတ်ကားတွေမှာ အများဆုံးပါဝင်သရုပ်ဆောင် နေရသလို ကာရိုက်တာပုံစံမရွေး ဘဲ လက်ခံနေရကြောင်း၊ ဇာတ်ကားအတွက်သာမကဘဲ ကုမ္ပဏီများ၊ အခမ်း အနားပွဲများတွင် Presenter အဖြစ် လာငှားပါကလည်း လက်ခံကာ လုပ်ကိုင်နေရတဲ့အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်နေရတာဖြစ်ပါတယ်။ “ဦးအရိုင်းတို့က လာငှားတာလက်ခံရတာပဲ၊ ငြင်းလို့မှ မဖြစ်တာလေ၊ တစ်ချို့ကားတွေမှာဆိုရင် မိန်းမလျာလို သရုပ်ဆောင်ရတော့ အပြင်မှာတောင် မာမီ လို့ အခေါ်ခံရတာတွေရှိပါတယ်၊ ဟာသကားလေးတွေ ကြည့်ချင်တဲ့ ပရိသတ်တွေကို အလှည့်ပေးရတာပေါ့လေ၊ ဦးတို့နိုင်ငံမှာ အဆင့်တစ်ခုကို ရောက်ပြီဆိုတဲ့ ရုပ်ရှင်ဇာတ် ကားတွေ ပေါ်ထွက်နေပြီ၊ ဒါပေမဲ့ ကိုယ့်ကို လာငှားတာ လုပ်ရတာပဲလေ၊ ဦးအရိုင်းတို့ကတော့ ဒီအသက်ဒီအရွယ်ရောက်ပေမယ့် လုပ်နေဦးမှာပဲ”လို့ သရုပ်ဆောင် အရိုင်းက ဆက်ပြောပါတယ်။

ဇာတ်ပို့ဇာတ်ရန်တွေ၊ ဟာသသရုပ်ဆောင်တွေအနေနဲ့ ဇာတ်ကားမရိုက်ရတာတွေရှိတဲ့အတွက် စားဝတ်နေရေး ထိခိုက်မှုအပေါ် ပြောဆိုနေ တာတွေ ရှိပေမယ့် ၎င်းအနေဖြင့် တစ်နည်းမဟုတ်တစ်နည်းဖြင့် ရှာကြံကာ ရပ်တည် ကြိုးပမ်းနေရတယ်လို့ သိရပါတယ်။ “ကားရိုက်တွေမရှိလို့ အကျပ်အတည်းက ကိုယ်တစ်ယောက်တည်း ဖြစ်တာမှမဟုတ်တာ၊ ကိုယ်က ဘယ်လိုမျိုးရပ်တည်နေသလဲဆိုရင် ကိုယ့်ဉာဏ်နဲ့ကွန့်ပြီးတော့ ကိုယ်က ဒီတစ်ခုမဟုတ်ရင် ဟိုတစ်ခုလုပ်ရမှာပေါ့၊ ဘာဖြစ်လို့ သူများသိအောင်လိုက်ပြောနေမှာလဲ၊ လူရွှင်တော် အငယ်တွေကို ဦးအရိုင်းကေ တွ့ရင် ဒီလိုပဲအမြဲပြောတယ်၊ အခုခေတ်က အွန်လိုင်းခေတ်လေ၊ ကိုယ့်မှာ တယ်လီဖုန်းရှိတယ်၊ ဒီဖုန်းလေးနဲ့ ရယ်စရာမောစရာတွေလုပ်ပြီးတော့ ဖေ့ဘွတ်မှာ တင်ကြပေါ့၊ Hello နေကောင်းလား လုပ်နေမယ့်အစား ဒီကောင်ရယ်ရတယ်ကွဆိုပြီး တစ်ခုပြီး နှစ်ခု၊ သုံးခု၊ လေးခု ၊ ငါးခု၊ ခြောက်ခု တင်ကြည့် ၁၀ ခုလောက်ရောက်လာရင် သတိထားမိလာမယ်၊ ဒီကောင် ရယ်ရတယ်ကွ၊ ဒီကောင့်ဟာလေးတွေ မိုက်တယ်ကွဆိုပြီးတော့ ဖေ့ဘွတ်ပလက်ဖောင်းမှာ လုပ်နေတဲ့ ကုမ္ပဏီတွေရှိတယ်၊

 အဲ့ဒီကုမ္ပဏီတွေတောင် ကိုယ့်နောက်ကိုလိုက်လာတာ၊ ဥပမာ လူရွှင်တော်ကြီး ခင်ဗျားရဲ့ ဟာသလေးတွေ ကြိုက်တယ်ဗျာ၊ ကျွန်တော်တို့ ဒီ Page လေးမှာ ဟာသလေးတွေလုပ်ပေးဆိုပြီး လာရင် ကိုယ်ကပိုက်ဆံရတယ်လေ၊ မဟုတ်ဘူးလား၊ အဲ့ဒါ ပိုက်ဆံရတာပဲပေါ့၊ စားဝတ်နေရေး ပြေလည်တာပဲပေါ့၊ အဲ့ဒီလိုမလုပ်ဘဲ ငုတ်တုပ်ထိုင်နေပြီး မရိုက်ရလို့ ဘာညာဆိုရင် ဘာလုပ်မှာလဲ၊ ဘယ်ကင်မရာမန်းတောင်မှ ငှားစရာမလိုဘူး၊ ကိုယ့်ဟာကိုယ် ဖုန်းကိုထောင်ပြီး ရိုက်နေလို့ ရတယ်လေ၊ အလကားနေရင်း ဖေ့ဘွတ်မှာ ဆယ်ဖီတွေဆွဲကာ နေကောင်းလားဆိုပြီး လျှောက်တင်နေမယ့်အစား အဲ့ဒီလိုလုပ်ရင် ပိုပြီးအကျိုးမရှိဘူးလား၊ တစ်ခုတော့ရှိတာပေါ့၊ ပေါက်ပန်းဆေးတွေ သွားလုပ်လို့မရဘူးပေါ့၊ Privicy တစ်ခုအနေနဲ့ ထားရမယ်လေ၊ ပရိသတ်ကို ချပြတဲ့အခါ မဟုတ်ကဟုတ်ကတွေနဲ့ ညစ်ညမ်းတာတို့ ပရိသတ်လက်မခံချင်တဲ့ အကြောင်းအရာ မျိုးတွေ ကို ဘာလုပ်မှာလဲ”လို့ ရှင်းပြသွားခဲ့ပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၂၅

(  Zawgyi  )

 ဇာတ္ကားအတြက္ ကာ႐ိုက္တာပိုင္းအရ ႀကိဳတင္ျပင္ဆင္တာေတြသာမကဘဲ အျခားေသာ ဖိတ္ၾကားလာတဲ့ အခမ္းအနားပြဲေတြ အတြက္ ကိုလည္း ႀကိဳတင္ျပင္ဆင္ထားေနရတယ္လို႔ သ႐ုပ္ေဆာင္ အ႐ိုင္းက ေျပာပါတယ္။

“ဦးအ႐ိုင္းတို႔ လူ႐ႊင္ေတာ္ေတြအေနနဲ႔က ကာ႐ိုက္တာအတြက္သာမကဘူး၊ ပြဲေတြဖိတ္လို႔ရွိရင္ ဒီဇိုင္းေတြလည္း ျပင္ဆင္ထားရပါတယ္၊ ပရိသတ္ကို ဘယ္လိုျမႇဴဆြယ္သလဲ ဦးအ႐ိုင္းတို႔ အႏုပညာရွင္ေတြက ေလ့လာရပါတယ္၊ ပြဲအတြက္လည္း ႀကိဳတင္စီစဥ္ရတယ္၊ ဘယ္လိုပြဲမ်ိဳးလဲ ဆိုတာကို ႀကိဳေလ့လာၿပီး လက္လက္ လက္လက္ေတြ ပါမလား၊ ဘယ္လိုဒီဇိုင္းနဲ႔ဝတ္ဆင္မလဲ အစရွိသျဖင့္ေပါ့ေနာ္၊ စတိုင္ကေတာ့ အရမ္းလန္းေအာင္ စီစဥ္ထားရတယ္”လို႔ သ႐ုပ္ေဆာင္ အ႐ိုင္းက ရွင္းျပပါတယ္။

လတ္တေလာမွာ လာငွားတဲ့အေျခအေနေပၚမူတည္ၿပီး ဟာသဇာတ္ကားေတြမွာ အမ်ားဆုံးပါဝင္သ႐ုပ္ေဆာင္ ေနရသလို ကာ႐ိုက္တာပုံစံမေ႐ြး ဘဲ လက္ခံေနရေၾကာင္း၊ ဇာတ္ကားအတြက္သာမကဘဲ ကုမၸဏီမ်ား၊ အခမ္း အနားပြဲမ်ားတြင္ Presenter အျဖစ္ လာငွားပါကလည္း လက္ခံကာ လုပ္ကိုင္ေနရတဲ့အတြက္ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္တာေတြကို လုပ္ေဆာင္ေနရတာျဖစ္ပါတယ္။ “ဦးအ႐ိုင္းတို႔က လာငွားတာလက္ခံရတာပဲ၊ ျငင္းလို႔မွ မျဖစ္တာေလ၊ တစ္ခ်ိဳ႕ကားေတြမွာဆိုရင္ မိန္းမလ်ာလို သ႐ုပ္ေဆာင္ရေတာ့ အျပင္မွာေတာင္ မာမီ လို႔ အေခၚခံရတာေတြရွိပါတယ္၊ ဟာသကားေလးေတြ ၾကည့္ခ်င္တဲ့ ပရိသတ္ေတြကို အလွည့္ေပးရတာေပါ့ေလ၊ ဦးတို႔ႏိုင္ငံမွာ အဆင့္တစ္ခုကို ေရာက္ၿပီဆိုတဲ့ ႐ုပ္ရွင္ဇာတ္ ကားေတြ ေပၚထြက္ေနၿပီ၊ ဒါေပမဲ့ ကိုယ့္ကို လာငွားတာ လုပ္ရတာပဲေလ၊ ဦးအ႐ိုင္းတို႔ကေတာ့ ဒီအသက္ဒီအ႐ြယ္ေရာက္ေပမယ့္ လုပ္ေနဦးမွာပဲ”လို႔ သ႐ုပ္ေဆာင္ အ႐ိုင္းက ဆက္ေျပာပါတယ္။

ဇာတ္ပို႔ဇာတ္ရန္ေတြ၊ ဟာသသ႐ုပ္ေဆာင္ေတြအေနနဲ႔ ဇာတ္ကားမ႐ိုက္ရတာေတြရွိတဲ့အတြက္ စားဝတ္ေနေရး ထိခိုက္မႈအေပၚ ေျပာဆိုေန တာေတြ ရွိေပမယ့္ ၎အေနျဖင့္ တစ္နည္းမဟုတ္တစ္နည္းျဖင့္ ရွာႀကံကာ ရပ္တည္ ႀကိဳးပမ္းေနရတယ္လို႔ သိရပါတယ္။ “ကား႐ိုက္ေတြမရွိလို႔ အက်ပ္အတည္းက ကိုယ္တစ္ေယာက္တည္း ျဖစ္တာမွမဟုတ္တာ၊ ကိုယ္က ဘယ္လိုမ်ိဳးရပ္တည္ေနသလဲဆိုရင္ ကိုယ့္ဉာဏ္နဲ႔ကြန႔္ၿပီးေတာ့ ကိုယ္က ဒီတစ္ခုမဟုတ္ရင္ ဟိုတစ္ခုလုပ္ရမွာေပါ့၊ ဘာျဖစ္လို႔ သူမ်ားသိေအာင္လိုက္ေျပာေနမွာလဲ၊ လူ႐ႊင္ေတာ္ အငယ္ေတြကို ဦးအ႐ိုင္းေက တြ႕ရင္ ဒီလိုပဲအၿမဲေျပာတယ္၊ အခုေခတ္က အြန္လိုင္းေခတ္ေလ၊ ကိုယ့္မွာ တယ္လီဖုန္းရွိတယ္၊ ဒီဖုန္းေလးနဲ႔ ရယ္စရာေမာစရာေတြလုပ္ၿပီးေတာ့ ေဖ့ဘြတ္မွာ တင္ၾကေပါ့၊ Hello ေနေကာင္းလား လုပ္ေနမယ့္အစား ဒီေကာင္ရယ္ရတယ္ကြဆိုၿပီး တစ္ခုၿပီး ႏွစ္ခု၊ သုံးခု၊ ေလးခု ၊ ငါးခု၊ ေျခာက္ခု တင္ၾကည့္ ၁၀ ခုေလာက္ေရာက္လာရင္ သတိထားမိလာမယ္၊ ဒီေကာင္ ရယ္ရတယ္ကြ၊ ဒီေကာင့္ဟာေလးေတြ မိုက္တယ္ကြဆိုၿပီးေတာ့ ေဖ့ဘြတ္ပလက္ေဖာင္းမွာ လုပ္ေနတဲ့ ကုမၸဏီေတြရွိတယ္၊

 အဲ့ဒီကုမၸဏီေတြေတာင္ ကိုယ့္ေနာက္ကိုလိုက္လာတာ၊ ဥပမာ လူ႐ႊင္ေတာ္ႀကီး ခင္ဗ်ားရဲ႕ ဟာသေလးေတြ ႀကိဳက္တယ္ဗ်ာ၊ ကြၽန္ေတာ္တို႔ ဒီ Page ေလးမွာ ဟာသေလးေတြလုပ္ေပးဆိုၿပီး လာရင္ ကိုယ္ကပိုက္ဆံရတယ္ေလ၊ မဟုတ္ဘူးလား၊ အဲ့ဒါ ပိုက္ဆံရတာပဲေပါ့၊ စားဝတ္ေနေရး ေျပလည္တာပဲေပါ့၊ အဲ့ဒီလိုမလုပ္ဘဲ ငုတ္တုပ္ထိုင္ေနၿပီး မ႐ိုက္ရလို႔ ဘာညာဆိုရင္ ဘာလုပ္မွာလဲ၊ ဘယ္ကင္မရာမန္းေတာင္မွ ငွားစရာမလိုဘူး၊ ကိုယ့္ဟာကိုယ္ ဖုန္းကိုေထာင္ၿပီး ႐ိုက္ေနလို႔ ရတယ္ေလ၊ အလကားေနရင္း ေဖ့ဘြတ္မွာ ဆယ္ဖီေတြဆြဲကာ ေနေကာင္းလားဆိုၿပီး ေလွ်ာက္တင္ေနမယ့္အစား အဲ့ဒီလိုလုပ္ရင္ ပိုၿပီးအက်ိဳးမရွိဘူးလား၊ တစ္ခုေတာ့ရွိတာေပါ့၊ ေပါက္ပန္းေဆးေတြ သြားလုပ္လို႔မရဘူးေပါ့၊ Privicy တစ္ခုအေနနဲ႔ ထားရမယ္ေလ၊ ပရိသတ္ကို ခ်ျပတဲ့အခါ မဟုတ္ကဟုတ္ကေတြနဲ႔ ညစ္ညမ္းတာတို႔ ပရိသတ္လက္မခံခ်င္တဲ့ အေၾကာင္းအရာ မ်ိဳးေတြ ကို ဘာလုပ္မွာလဲ”လို႔ ရွင္းျပသြားခဲ့ပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၂၅