ဇာတ်ကား လူဝင်နည်းလို့ ဒါရိုက်တာ ချနင်းတာ ခံလိုက်ရတဲ့ Luhan

ဇာတ်ကား လူဝင်နည်းလို့ ဒါရိုက်တာ ချနင်းတာ ခံလိုက်ရတဲ့ Luhan

လတ်တလော ရုံတင်နေတဲ့ Shanghai Fortress ဇာတ်ကားတွင် Luhan နှင့် စူးချီ တို့က အဓိကသရုပ် ဆောင် အဖြစ်ပါဝင် သရုပ်ဆောင်ထား ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင် ထားတဲ့ အတွက် ဝင်ငွေအမြောက်အများရမည်လို့ ခန့်မှန်းထားပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။

ဒီဇာတ်လမ်းကို ပရိတ်သတ်တွေအတော်များများမကြိုက်လို့ လက်မှတ်ရောင်းရငွေလည်း ထင်သလောက်မရခဲ့ပါဘူး။ ဒီဇာတ်လမ်းကို ပရိတ်သတ်အတော်များများကမျှော်လင့်ထားသော်လည်းတကယ်တမ်းရုံတင်ချိန်မှာတော့ ဇာတ်အိမ်မခိုင်မာမှု ၊ အထူးရိုက်ချက်များမပီပြင်မှု ၊ လောဂျစ်မချိတ်မိမှုအစရှိသည်များဖြင့်ဝေဖန်မှုတွေပြည့်နှက်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ထိုရုပ်ရှင်ကားရဲ့ဒါရိုက်တာဖြစ်သူမှ သူ၏ရုပ်ရှင်ကားပရိတ်သတ်များ မျှော်လင့် သလိုမဖြစ်လာတဲ့အတွက် သူရဲ့လူမှုကွန်ယက် မှာတောင်းပန်မှုပြုလုပ်ထားသော်လည်းနောက်ထပ် အင်တာဗျူးဖြေဆိုရာမှာတော့ဒါရိုက်တာ က အဓိကသရုပ်ဆောင်ဖြစ်သည့် luhan ဟာဒီလိုဇာတ်လမ်းမျိုးနဲ့ မလိုက်ပါဘူး။luhan ကို အရွေးမှားခဲ့ပါတယ်လို့ဖြေထားခဲ့ပါတယ်။

 

(  Zawgyi  )


