ဇာတ်ကောင်နေရာမရွေးဘဲ လာသမျှရိုက်နေတဲ့ သရုပ်ဆောင် ရဲအောင်

ဇာတ်ကောင်နေရာမရွေးဘဲ လာသမျှရိုက်နေတဲ့ သရုပ်ဆောင် ရဲအောင်

ယခုနောက်ပိုင်းမှာ သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဇာတ်ကောင်နေရာကို ရွေးချယ်တာမျိုးမရှိဘဲ လာငှားသမျှကို လက်ခံရိုက်ကူးနေတယ်လို့ သရုပ်ဆောင် ရဲအောင်က ပြောပါတယ်။“အခု အခြေ အနေ က ကာရိုက်တာအနေနဲ့ ရွေးချယ်ပိုင်ခွင့်မရှိဘူးလေ၊ ရောက်လာတဲ့အနေအထားအရ အကောင်းဆုံးဖြစ်အောင် လုပ်နေရတယ်၊ အဲ့ဒီလိုလုပ်တဲ့အခါမှာ အခက်အခဲမျိုးရှိတဲ့အခါလည်း ရှိခဲ့ တာပေါ့လေ၊ ဒါပေမဲ့ တော်တော်များများကတော့ မရိုက်ခင်မှာကြိုတင်ပြင်ဆင်ထားတော့ တအား အခက်အခဲကြီးတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ ဟိုဘက်ခေတ်တုန်းက ဖလင်နဲ့ရိုက်ရတာ အဲ့ဒီတုန်း က ဆိုရင် မှားရင်ဆုံးရှုံးမှု ကြုံတာ ကြောင့်မမှားရဲဘူး၊ အခုခေတ်ကျတော့ သေသေချာချာပြင်ဆင်ပြီး ရိုက်တယ်၊ ရိုက်တဲ့နေရာမှာလည်း လိုအပ်ရင် ပြန်ပြန်ရိုက်ရင်းနဲ့ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လာကြတယ်၊ နည်းပညာတိုးတက်မှုလည်း ပါတာပေါ့လေ”လို့ သရုပ်ဆောင် ရဲအောင်က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ယခုနောက်ပိုင်းမှာ ဟာသကားတွေကို အများဆုံးရိုက်ကူး လာရ သလို မိန်းမလျာ ဇာတ်ကောင်နဲ့ပတ်သက်လို့ သရုပ်ဆောင်လာရတာတွေလည်း ရှိတယ်လို့ သိရပါ တယ်။ ယခင် ကတည်းက ဒရမ်မာဇာတ်ကားတွေနဲ့ ရိုက်ကူးလာရင်းလူသိများခဲ့တာကြောင့် ဒရမ်မာ ဇာတ်ကားတွေဟာ သူ့အတွက်မခက်ခဲသော်လည်း ဟာသဇာတ်ကားတွေ၊ မိန်းမလျာ ဇာတ်ရုပ်တွေ အတွက် အနည်းငယ် ခက်ခဲမှုမျိုးရှိတယ်လို့ ဆိုပါတယ်။

 “အခုက လာသမျှဇာတ်ရုပ်တော်တော်များများ ကို လုပ်ရတော့ အများစုက ဟာသတွေ၊ မာမီ ဇာတ်ကောင်တွေ နေရာက သရုပ်ဆောင်ရတာတွေ ရှိပါ တယ်၊ ဟာသဇာတ်ကောင်နေရာ တွေကတော့ ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်မိတယ်၊ ဟာသက ပိုတော့ ခက်တယ်၊ မလွယ်တဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်၊ အင်္ဂလိပ်ကားတွေကိုလည်း လေ့လာရတယ်၊ ဒါရိုက်တွေ ရဲ့ ညွှန်ကြားမှုနဲ့ ဖြတ်သန်းရတယ်၊ ကျွန်တော် စပြီးရိုက်တုန်းက ကိုယ့်ကိုယ်ကို စဉ်းစားတယ်၊ ဖြစ်ပါ့မလားဆိုတာနဲ့ ကိုယ်မဟုတ်တဲ့ ဇာတ်ကောင်တွေ လုပ်တယ်၊ မလုပ်ဖူးတဲ့ ဇာတ်ကောင်တွေ ဆိုရင် လေ့လာတယ်၊ မိတ်ကပ်ပညာရှင်တွေကို မေးရတယ်၊ မာမီဇာတ်ရုပ်တွေမှာက တကယ့်ကို မိန်းမလိုသရုပ်ဆောင်ရတဲ့ဟာတွေရှိသလို ခပ်တည်တည်နဲ့ ပုန်းနေတာမျိုးတွေ သရုပ်ဆောင် ရတာရှိ ပါ တယ်။ နွဲ့နေတာ ပုန်းနေတာမျိုး အစုံပဲ သရုပ်ဆောင်ရတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

လတ်တလောမှာတော့ Free To Air ရုပ်သံလိုင်းတွေအတွက် ဇာတ်လမ်းတွဲတွေရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက်လည်း ကမ်းလှမ်းလာတာတွေရှိတယ်လို့ သိရပါတယ်။

(မင်းခေတ်လင်း)
ရန်ကုန်၊ သြဂုတ် ၄

(  Zawgyi  )

 ယခုေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တာနဲ႔ပတ္သက္ၿပီး ဇာတ္ေကာင္ေနရာကို ေ႐ြးခ်ယ္တာမ်ိဳးမရွိဘဲ လာငွားသမွ်ကို လက္ခံ႐ိုက္ကူးေနတယ္လို႔ သ႐ုပ္ေဆာင္ ရဲေအာင္က ေျပာပါတယ္။“အခု အေျခ အေန က ကာ႐ိုက္တာအေနနဲ႔ ေ႐ြးခ်ယ္ပိုင္ခြင့္မရွိဘူးေလ၊ ေရာက္လာတဲ့အေနအထားအရ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေနရတယ္၊ အဲ့ဒီလိုလုပ္တဲ့အခါမွာ အခက္အခဲမ်ိဳးရွိတဲ့အခါလည္း ရွိခဲ့ တာေပါ့ေလ၊ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ မ႐ိုက္ခင္မွာႀကိဳတင္ျပင္ဆင္ထားေတာ့ တအား အခက္အခဲႀကီးေတာ့ မဟုတ္ဘူး၊ ကြၽန္ေတာ္တို႔ ဟိုဘက္ေခတ္တုန္းက ဖလင္နဲ႔႐ိုက္ရတာ အဲ့ဒီတုန္း က ဆိုရင္ မွားရင္ဆုံးရႈံးမႈ ႀကဳံတာ ေၾကာင့္မမွားရဲဘူး၊ အခုေခတ္က်ေတာ့ ေသေသခ်ာခ်ာျပင္ဆင္ၿပီး ႐ိုက္တယ္၊ ႐ိုက္တဲ့ေနရာမွာလည္း လိုအပ္ရင္ ျပန္ျပန္႐ိုက္ရင္းနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ လုပ္ေဆာင္လာၾကတယ္၊ နည္းပညာတိုးတက္မႈလည္း ပါတာေပါ့ေလ”လို႔ သ႐ုပ္ေဆာင္ ရဲေအာင္က ေျပာပါတယ္။

႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ပတ္သက္ၿပီး ယခုေနာက္ပိုင္းမွာ ဟာသကားေတြကို အမ်ားဆုံး႐ိုက္ကူး လာရ သလို မိန္းမလ်ာ ဇာတ္ေကာင္နဲ႔ပတ္သက္လို႔ သ႐ုပ္ေဆာင္လာရတာေတြလည္း ရွိတယ္လို႔ သိရပါ တယ္။ ယခင္ ကတည္းက ဒရမ္မာဇာတ္ကားေတြနဲ႔ ႐ိုက္ကူးလာရင္းလူသိမ်ားခဲ့တာေၾကာင့္ ဒရမ္မာ ဇာတ္ကားေတြဟာ သူ႔အတြက္မခက္ခဲေသာ္လည္း ဟာသဇာတ္ကားေတြ၊ မိန္းမလ်ာ ဇာတ္႐ုပ္ေတြ အတြက္ အနည္းငယ္ ခက္ခဲမႈမ်ိဳးရွိတယ္လို႔ ဆိုပါတယ္။

 “အခုက လာသမွ်ဇာတ္႐ုပ္ေတာ္ေတာ္မ်ားမ်ား ကို လုပ္ရေတာ့ အမ်ားစုက ဟာသေတြ၊ မာမီ ဇာတ္ေကာင္ေတြ ေနရာက သ႐ုပ္ေဆာင္ရတာေတြ ရွိပါ တယ္၊ ဟာသဇာတ္ေကာင္ေနရာ ေတြကေတာ့ ျဖစ္ပါ့မလားဆိုၿပီး စိုးရိမ္မိတယ္၊ ဟာသက ပိုေတာ့ ခက္တယ္၊ မလြယ္တဲ့ ဇာတ္႐ုပ္ျဖစ္ပါတယ္၊ အဂၤလိပ္ကားေတြကိုလည္း ေလ့လာရတယ္၊ ဒါ႐ိုက္ေတြ ရဲ႕ ၫႊန္ၾကားမႈနဲ႔ ျဖတ္သန္းရတယ္၊ ကြၽန္ေတာ္ စၿပီး႐ိုက္တုန္းက ကိုယ့္ကိုယ္ကို စဥ္းစားတယ္၊ ျဖစ္ပါ့မလားဆိုတာနဲ႔ ကိုယ္မဟုတ္တဲ့ ဇာတ္ေကာင္ေတြ လုပ္တယ္၊ မလုပ္ဖူးတဲ့ ဇာတ္ေကာင္ေတြ ဆိုရင္ ေလ့လာတယ္၊ မိတ္ကပ္ပညာရွင္ေတြကို ေမးရတယ္၊ မာမီဇာတ္႐ုပ္ေတြမွာက တကယ့္ကို မိန္းမလိုသ႐ုပ္ေဆာင္ရတဲ့ဟာေတြရွိသလို ခပ္တည္တည္နဲ႔ ပုန္းေနတာမ်ိဳးေတြ သ႐ုပ္ေဆာင္ ရတာရွိ ပါ တယ္။ ႏြဲ႕ေနတာ ပုန္းေနတာမ်ိဳး အစုံပဲ သ႐ုပ္ေဆာင္ရတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

လတ္တေလာမွာေတာ့ Free To Air ႐ုပ္သံလိုင္းေတြအတြက္ ဇာတ္လမ္းတြဲေတြ႐ိုက္ကူးေနရသလို ႐ုပ္ရွင္ဇာတ္ကားတစ္ကားအတြက္လည္း ကမ္းလွမ္းလာတာေတြရွိတယ္လို႔ သိရပါတယ္။

(မင္းေခတ္လင္း)
ရန္ကုန္၊ ၾသဂုတ္ ၄