ဇာတ်ရုပ်အတွက် ဆံပင်တုတွေစီစဉ်နေတဲ့ ပရိတ်သတ်အချစ်တော် ခြူးလေး

ဇာတ်ရုပ်အတွက် ဆံပင်တုတွေစီစဉ်နေတဲ့ ပရိတ်သတ်အချစ်တော် ခြူးလေး

မျိုးဆက်သစ်သရုပ်ဆောင်တွေထဲမှာ ယခုနောက်ပိုင်း ပရိသတ်များလာတဲ့ သရုပ်ဆောင်ခြူးလေးဟာ ဇာတ်ရုပ် ကာရိုက်တာပုံစံမျိုးစုံအတွက် ဆံပင်တုတွေနဲ့ စီစဉ်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 “ဆံပင်ကို Colour Change ဖို့ကျတော့ ဆံပင်က အရမ်းပျက်စီးတဲ့အတွက် တစ်ခုကို ထားထား တယ် ပေါ့နော်၊ ပရိသတ်အနေနဲ့ ဒါကိုရိုးပြီ ထင်ရင် နောက်တစ်မျိုးထားထားတယ်၊ အတိုနှစ်ခု၊ အရှည်က လေးခု လောက် တော့ ထားထားတယ်၊ ကာရိုက်တာအရ လုပ်ထားရတဲ့ ဆံပင်တွေ လည်းရှိတယ်၊ ဒီဆံပင်တုနဲ့ ပတ် သက်ပြီး လက်ဆောင်ရတာလည်းရှိတယ်၊ ဈေးအရမ်းလျှော့ပေးလို့ ဝယ်ဖြစ်တာလည်းရှိတယ်၊ ဒီအလုပ်တစ်ခုကို လုပ်လိုက်ရင် ဆံပင်လိုရင် အဲ့ဒီကရတဲ့အနုပညာကြေးကိုဆံပင်ဝယ်လိုက်တယ်၊ Original ဆံပင်က သိပ်မထူသေးဘူး၊ လောလောဆယ် အတုနဲ့ပဲသွားနေတယ်၊ ကိုယ့်ဆံပင်အစစ်ကို ရှည်နိုင်သမျှ ရှည်အောင် ကောင်းအောင်ထားပြီးတော့ လုပ်နေပါတယ်”လို့ သရုပ်ဆောင် ခြူးလေးက ရှင်းပြပါတယ်။

 ပြည်တွင်းက Free to Air ရုပ်သံလိုင်းတွေမှာ ပြသတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ရင်း လူသိများပြီး ပရိသတ် များလာတဲ့အပြင် ယ ခုနောက်ပိုင်းမှာ ရုပ်သံဇာတ်လမ်းတွဲတွေသာမကဘဲ ရုပ်ရှင်ဇာတ်ကားကြီး တစ်ချို့ မှာ လည်းပါဝင်သရုပ်ဆောင်ခွင့်ရလာခဲ့ပါတယ်။ သူမအနေနဲ့ သရုပ်ဆောင်အလုပ်ကို ဝါသနာပါသလို ပရိသတ်တွေအတွက်လည်း လူမှုကွန်ရက်မှာ Tik Tok တွေ မကြာခဏပြုလုပ်ပြ သလေ့ရှိပါတယ်။

 “ကိုယ်က ဝါသနာပါပြီး ကြိုးစားနေတဲ့သူပါ၊ အစောကတည်းက လှတဲ့သူတော့မဟုတ်ပါဘူး၊ ဒါကြောင့် လည်း ကိုယ်ဝါသနာ ပါတဲ့ အနုပညာ အတွက် ကြိုးစားနေရတာ ဖြစ်ပါတယ်၊ ကိုယ်လိုချင်တဲ့ အောင်မြင်မှုတွေ ရဖို့သွားနေဦးမှာပါ၊ ပရိသတ်အသစ်တွေရှိလာဦးမယ်ဆိုရင်တော့ မသိဘူးပေါ့လေ၊ အခုလောလောဆယ်မှာက အား ပေးတာ မိန်းကလေးပရိသတ်တွေက ပိုများတယ်၊ ဒီနှစ်က ပိုပြီးမင်္ဂလာရှိ တဲ့နှစ်လိုဖြစ် လာခဲ့ ပါတယ်၊ အရင်က ထက်လည်း ပိုပြီး အနုပညာအလုပ်တွေ လုပ်ခွင့်ပိုရပါတယ်၊ ပရိသတ်တွေအနေနဲ့လည်း အားပေးပါနော်၊ ကြိုးစား မှု ကိုတော့ လျော့မှာမဟုတ်ပါဘူး”လို့ သူမက ရုပ်ရှင်အထူးပွဲတစ်ခုမှာ တွေ့ဆုံမေးမြန်းစဉ် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ဆံပင်တုတွေဝတ်ဆင်ရိုက်ကူးရတာမျိုးကို နှစ်သက်သူလည်းဖြစ်သလို ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်ရုပ်အတွက် အဝတ်အစား၊ ဆံပင်ပုံစံ အပါအဝင် အသေးစိတ်လိုအပ်တဲ့ အခြေအနေတွေကို ပြင်ဆင်ထားသ လို မိန်းကလေးပုံစံမျိုးသိပ်မဆန်တဲ့ ဇာတ်ရုပ်အတွက်သာ သူမရဲ့ ကိုယ်ပိုင် ဆံပင်နဲ့ သရုပ်ဆောင်သလို အခြား ဇာတ်ရုပ်အများစုအတွက်တော့ ဆံပင်တုတွေနဲ့ ပြင်ဆင်ဆောင်ရွက်လေ့ ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၂၂

(  Zawgyi  )

 မ်ိဳးဆက္သစ္သ႐ုပ္ေဆာင္ေတြထဲမွာ ယခုေနာက္ပိုင္း ပရိသတ္မ်ားလာတဲ့ သ႐ုပ္ေဆာင္ျခဴးေလးဟာ ဇာတ္႐ုပ္ ကာ႐ိုက္တာပုံစံမ်ိဳးစုံအတြက္ ဆံပင္တုေတြနဲ႔ စီစဥ္လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

 “ဆံပင္ကို Colour Change ဖို႔က်ေတာ့ ဆံပင္က အရမ္းပ်က္စီးတဲ့အတြက္ တစ္ခုကို ထားထား တယ္ ေပါ့ေနာ္၊ ပရိသတ္အေနနဲ႔ ဒါကို႐ိုးၿပီ ထင္ရင္ ေနာက္တစ္မ်ိဳးထားထားတယ္၊ အတိုႏွစ္ခု၊ အရွည္က ေလးခု ေလာက္ ေတာ့ ထားထားတယ္၊ ကာ႐ိုက္တာအရ လုပ္ထားရတဲ့ ဆံပင္ေတြ လည္းရွိတယ္၊ ဒီဆံပင္တုနဲ႔ ပတ္ သက္ၿပီး လက္ေဆာင္ရတာလည္းရွိတယ္၊ ေဈးအရမ္းေလွ်ာ့ေပးလို႔ ဝယ္ျဖစ္တာလည္းရွိတယ္၊ ဒီအလုပ္တစ္ခုကို လုပ္လိုက္ရင္ ဆံပင္လိုရင္ အဲ့ဒီကရတဲ့အႏုပညာေၾကးကိုဆံပင္ဝယ္လိုက္တယ္၊ Original ဆံပင္က သိပ္မထူေသးဘူး၊ ေလာေလာဆယ္ အတုနဲ႔ပဲသြားေနတယ္၊ ကိုယ့္ဆံပင္အစစ္ကို ရွည္ႏိုင္သမွ် ရွည္ေအာင္ ေကာင္းေအာင္ထားၿပီးေတာ့ လုပ္ေနပါတယ္”လို႔ သ႐ုပ္ေဆာင္ ျခဴးေလးက ရွင္းျပပါတယ္။

 ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းေတြမွာ ျပသတဲ့ ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ရင္း လူသိမ်ားၿပီး ပရိသတ္ မ်ားလာတဲ့အျပင္ ယ ခုေနာက္ပိုင္းမွာ ႐ုပ္သံဇာတ္လမ္းတြဲေတြသာမကဘဲ ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ခ်ိဳ႕ မွာ လည္းပါဝင္သ႐ုပ္ေဆာင္ခြင့္ရလာခဲ့ပါတယ္။ သူမအေနနဲ႔ သ႐ုပ္ေဆာင္အလုပ္ကို ဝါသနာပါသလို ပရိသတ္ေတြအတြက္လည္း လူမႈကြန္ရက္မွာ Tik Tok ေတြ မၾကာခဏျပဳလုပ္ျပ သေလ့ရွိပါတယ္။

 “ကိုယ္က ဝါသနာပါၿပီး ႀကိဳးစားေနတဲ့သူပါ၊ အေစာကတည္းက လွတဲ့သူေတာ့မဟုတ္ပါဘူး၊ ဒါေၾကာင့္ လည္း ကိုယ္ဝါသနာ ပါတဲ့ အႏုပညာ အတြက္ ႀကိဳးစားေနရတာ ျဖစ္ပါတယ္၊ ကိုယ္လိုခ်င္တဲ့ ေအာင္ျမင္မႈေတြ ရဖို႔သြားေနဦးမွာပါ၊ ပရိသတ္အသစ္ေတြရွိလာဦးမယ္ဆိုရင္ေတာ့ မသိဘူးေပါ့ေလ၊ အခုေလာေလာဆယ္မွာက အား ေပးတာ မိန္းကေလးပရိသတ္ေတြက ပိုမ်ားတယ္၊ ဒီႏွစ္က ပိုၿပီးမဂၤလာရွိ တဲ့ႏွစ္လိုျဖစ္ လာခဲ့ ပါတယ္၊ အရင္က ထက္လည္း ပိုၿပီး အႏုပညာအလုပ္ေတြ လုပ္ခြင့္ပိုရပါတယ္၊ ပရိသတ္ေတြအေနနဲ႔လည္း အားေပးပါေနာ္၊ ႀကိဳးစား မႈ ကိုေတာ့ ေလ်ာ့မွာမဟုတ္ပါဘူး”လို႔ သူမက ႐ုပ္ရွင္အထူးပြဲတစ္ခုမွာ ေတြ႕ဆုံေမးျမန္းစဥ္ ေျပာၾကား ခဲ့တာ ျဖစ္ပါတယ္။

သူမဟာ ဆံပင္တုေတြဝတ္ဆင္႐ိုက္ကူးရတာမ်ိဳးကို ႏွစ္သက္သူလည္းျဖစ္သလို ႐ိုက္ကူးဖို႔ စီစဥ္ထားတဲ့ ဇာတ္႐ုပ္အတြက္ အဝတ္အစား၊ ဆံပင္ပုံစံ အပါအဝင္ အေသးစိတ္လိုအပ္တဲ့ အေျခအေနေတြကို ျပင္ဆင္ထားသ လို မိန္းကေလးပုံစံမ်ိဳးသိပ္မဆန္တဲ့ ဇာတ္႐ုပ္အတြက္သာ သူမရဲ႕ ကိုယ္ပိုင္ ဆံပင္နဲ႔ သ႐ုပ္ေဆာင္သလို အျခား ဇာတ္႐ုပ္အမ်ားစုအတြက္ေတာ့ ဆံပင္တုေတြနဲ႔ ျပင္ဆင္ေဆာင္႐ြက္ေလ့ ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၂၂