ဇာတ်ရုပ်အပေါ် ပရိသတ်မုန်းမှာထက် အကောင်းဆုံးဇာတ်ကားဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

ဇာတ်ရုပ်အပေါ် ပရိသတ်မုန်းမှာထက် အကောင်းဆုံးဇာတ်ကားဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

ပြည်တွင်းက Free to Air ရုပ်သံလိုင်းမှာ ပြသနေတဲ့ ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ရင်း လူသိများလာတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်ဟာ သူသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်အပေါ် ပရိသတ်မုန်းစရာဖြစ်နေပေမယ့် ဇာတ်ကားကောင်းဖို့ ကြိုးစားလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
မာယာလှည့်ကွက်ဆိုတဲ့ အဆိုပါဇာတ်လမ်းတွဲဟာ အခုဆိုရင် အပိုင်း ၂၈ အထိ ပြသခဲ့ပြီးဖြစ်သလို မကြာခင်မှာ ဇာတ်သိမ်းပိုင်းပြသကာ ဇာတ်လမ်းပြီးဆုံးတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။သူမဟာ အဲ့ဒီဇာတ်ကားထဲမှာ ထက်ထက်မြက်မြက်နဲ့ စီးပွားရေးကိုဦးဆောင် လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။
 
“ဇာတ်ကားထဲမှာ မုန်းစရာဆိုပေမယ့် တော်တော်လေးကို လုပ်ဆောင်ရပါတယ်၊ မြနှင်းကို ယုံယုံကြည်ကြည်နဲ့ ဟန်နီချို ကာရိုက်တာကို ကမ်းလှမ်းခဲ့တဲ့ MRTV-4 နှင့် Forever series မှ တာဝန်ရှိသူများနဲ့ အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ်။မြနှင်းက talentcenter က မဟုတ်ပါဘူး၊ third party တစ်ယောက်ဆိုပေမဲ့ MRTV-4 ကို ကျေးဇူးရှင်လို့ သတ်မှတ်ထားတဲ့အတွက် အမြဲ ဘာကာရိုက်တာပဲ ကမ်းလှမ်းကမ်းလှမ်း အမြဲစိတ်နှစ်ပြီး အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်အမြဲထားပါတယ်။အခု မာယာလှည့်ကွက် ဇာတ်လမ်းထဲမှပါဝင်ကြတဲ့ cast and crew အကုန်လုံးကိုလဲ အရမ်းကျေးဇူးတင်ပါတယ် teamwork နဲ့ကြောင့်သာ အခုလိုအားပေးတာတွေ ရခဲ့တာပါ။ရိုက်ကူးရေးကာလမှာလဲ ပြောမှားဆိုမှားနဲ့ အဆင်မပြေတာရှိခဲ့တယ်ဆိုရင်လဲ ဒီကနေတောင်းပန်လိုက်ပါတယ်” လို့ သရုပ်ဆောင် မြနှင်းရည်လွင် က ပြောကြားပါတယ်။
 
အခုလို ဇာတ်လမ်းတွဲတွေပြသပေးတာဟာ အနုပညာလောကဖွံ့ဖြိုးရေးအတွက်အထောက်အကူကောင်းတွေလည်းဖြစ်သလို သရုပ်ဆောင်တာကို ဝါသနာပါတဲ့ လူငယ်တွေအတွက်လည်း အခွင့်အလမ်းကောင်းတွေရရှိစေကြောင်း၊ လူငယ်တွေအချင်းချင်း လုပ်ဆောင်ကြရတာဟာ စည်းစနစ်လည်းကျသလို အတွေးအခေါ်သစ်တွေ၊ အကြံဉာဏ်သစ်တွေ၊ စိတ်ကူးစိတ်သန်းကောင်းတွေ ပေါ်ထွက်စေကြောင်း၊ ဇာတ်ကားမရိုက်ခင်ကတည်းက ဘယ်အခန်းမှာ ဘယ်လိုအဝတ်အစား၊ အပြင်အဆင်၊ ဆံပင်ပုံစံကအစ အသေးစိတ် ကြိုတင်ပြင်ဆင်ကြတာကြောင့်လည်း ပိုမိုကောင်းမွန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်လာစေသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကနေ ပီပြင်အောင်သရုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြရတယ်လို့ သိရပါတယ်။
 
“ဒီဇာတ်လမ်းတွဲက မကြာခင်ပြီးဆုံးတော့မယ်၊ ရိုက်ကွင်းနဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေက အများကြီးပဲ။အဲ့ဒီထဲက အမှတ်တရတစ်ခုက မန္တလေးမှာသွားပြီးတော့ရိုက်တာပါ၊ ဒေါသထွက်ပြီး ကားမောင်းသွားရတဲ့အခန်းကို သရုပ်ဆောင်တဲ့အခါ အစ်မက ကားလုံးဝကိုမမောင်းတတ်ဘူး၊ ဒါပေမဲ့ ဒါရိုက်တာက မောင်းခိုင်းတော့ မောင်းရတယ်၊ ဘယ်သူမှလည်းလိုက်မစီးရဲဘူး၊ ဒါရိုက်တာရယ် ကင်မရာသမားရယ်ပဲ လိုက်စီးရင်းရိုက်တယ်၊ မန္တလေးဆိုတာက ဆိုင်ကယ်တွေရော စက်ဘီးတွေရော အများကြီးပဲ လမ်းတွေ ထဲကနေ ထွက်ထွက်လာတာလေ၊ အစ်မလည်းဘယ်ကိုမှမကြည့်ဘဲနဲ့ ရင်တထိတ်ထိတ်နဲ့ မောင်းလိုက်တယ်၊ အဆင်ပြေသွားလို့တော်သေးတယ်၊ အစ်မက အတွေးသမားဆိုတော့ စိတ်က ကာရိုက်တာထဲကို နှစ်လိုက်ရတယ်၊ အဲ့ဒီဇာတ်လမ်းတွဲလည်း မကြာခင်ပြီးတော့မှာမို့ နောက်ထပ် နောက်ထပ် ဇာတ်လမ်းတွေမှာလည်း ဒီလိုမျိုးအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားမှာပါ၊ ပရိသတ်တွေအနေနဲ့လည်း ဒီရက်ပိုင်းမှာ ကျန်းမာရေးသတိထားပါ၊ ကျန်းမာရေးက ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာပြီး သွားလာ လုပ်ကိုင်ကြပါနော်၊ အခုက ကိုယ်ဖြစ်ရင်ကိုယ်ခံမဟုတ်ဘူး၊ ကိုယ်ဖြစ်ရင် အားလုံးခံဆိုတာကြောင့် သတိထားပြီးကာကွယ်ပါ၊ ကျန်းမာရေးဂရုစိုက်ပါ၊ ဘာသာရေးကို အလေးထားပြီးလုပ်ကြပါလို့ ပြောချင်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ 
 
အခုဆိုရင် သူမဟာ ဇာတ်လမ်းတွဲအချို့ကို ရိုက်ကူးထားပြီး ရိုးမဘဏ်ကြော်ငြာမှာလည်း ပါဝင်ရိုက်ကူးခဲ့ရသလို သူမကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတာတွေလည်းရှိနေကြောင်း၊ လွန်ခဲ့တဲ့ ဇန်နဝါရီလထဲမှာ အသက် ၃၃ နှစ် ပြည့်ခဲ့သူဖြစ်ပေမယ့် ကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေသူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။ 
 
မင်းခတ်လင်း 
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ နိုဝင်ဘာ - ၁၅
 
( Zawgyi )
 
ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းမွာ ျပသေနတဲ့ ဇာတ္လမ္းတြဲထဲမွာ သ႐ုပ္ေဆာင္ရင္း လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ဟာ သူသ႐ုပ္ေဆာင္ရတဲ့ ဇာတ္႐ုပ္အေပၚ ပရိသတ္မုန္းစရာျဖစ္ေနေပမယ့္ ဇာတ္ကားေကာင္းဖို႔ ႀကိဳးစားလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
 
မာယာလွည့္ကြက္ဆိုတဲ့ အဆိုပါဇာတ္လမ္းတြဲဟာ အခုဆိုရင္ အပိုင္း ၂၈ အထိ ျပသခဲ့ၿပီးျဖစ္သလို မၾကာခင္မွာ ဇာတ္သိမ္းပိုင္းျပသကာ ဇာတ္လမ္းၿပီးဆုံးေတာ့မွာျဖစ္တယ္လို႔လည္း သိရပါတယ္။သူမဟာ အဲ့ဒီဇာတ္ကားထဲမွာ ထက္ထက္ျမက္ျမက္နဲ႔ စီးပြားေရးကိုဦးေဆာင္ လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ ဇာတ္႐ုပ္ေနရာက ပါဝင္သ႐ုပ္ေဆာင္ခဲ့ရတာျဖစ္ပါတယ္။
 
“ဇာတ္ကားထဲမွာ မုန္းစရာဆိုေပမယ့္ ေတာ္ေတာ္ေလးကို လုပ္ေဆာင္ရပါတယ္၊ ျမႏွင္းကို ယုံယုံၾကည္ၾကည္နဲ႔ ဟန္နီခ်ိဳ ကာ႐ိုက္တာကို ကမ္းလွမ္းခဲ့တဲ့ MRTV-4 ႏွင့္ Forever series မွ တာဝန္ရွိသူမ်ားနဲ႔ အဖြဲ႕သားမ်ားအားလုံးကို ေက်းဇူးတင္ပါတယ္။ျမႏွင္းက talentcenter က မဟုတ္ပါဘူး၊ third party တစ္ေယာက္ဆိုေပမဲ့ MRTV-4 ကို ေက်းဇူးရွင္လို႔ သတ္မွတ္ထားတဲ့အတြက္ အၿမဲ ဘာကာ႐ိုက္တာပဲ ကမ္းလွမ္းကမ္းလွမ္း အၿမဲစိတ္ႏွစ္ၿပီး အေကာင္းဆုံးလုပ္မယ္ဆိုတဲ့ စိတ္အၿမဲထားပါတယ္။အခု မာယာလွည့္ကြက္ ဇာတ္လမ္းထဲမွပါဝင္ၾကတဲ့ cast and crew အကုန္လုံးကိုလဲ အရမ္းေက်းဇူးတင္ပါတယ္ teamwork နဲ႔ေၾကာင့္သာ အခုလိုအားေပးတာေတြ ရခဲ့တာပါ။႐ိုက္ကူးေရးကာလမွာလဲ ေျပာမွားဆိုမွားနဲ႔ အဆင္မေျပတာရွိခဲ့တယ္ဆိုရင္လဲ ဒီကေနေတာင္းပန္လိုက္ပါတယ္” လို႔ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ က ေျပာၾကားပါတယ္။
 
အခုလို ဇာတ္လမ္းတြဲေတြျပသေပးတာဟာ အႏုပညာေလာကဖြံ႕ၿဖိဳးေရးအတြက္အေထာက္အကူေကာင္းေတြလည္းျဖစ္သလို သ႐ုပ္ေဆာင္တာကို ဝါသနာပါတဲ့ လူငယ္ေတြအတြက္လည္း အခြင့္အလမ္းေကာင္းေတြရရွိေစေၾကာင္း၊ လူငယ္ေတြအခ်င္းခ်င္း လုပ္ေဆာင္ၾကရတာဟာ စည္းစနစ္လည္းက်သလို အေတြးအေခၚသစ္ေတြ၊ အႀကံဉာဏ္သစ္ေတြ၊ စိတ္ကူးစိတ္သန္းေကာင္းေတြ ေပၚထြက္ေစေၾကာင္း၊ ဇာတ္ကားမ႐ိုက္ခင္ကတည္းက ဘယ္အခန္းမွာ ဘယ္လိုအဝတ္အစား၊ အျပင္အဆင္၊ ဆံပင္ပုံစံကအစ အေသးစိတ္ ႀကိဳတင္ျပင္ဆင္ၾကတာေၾကာင့္လည္း ပိုမိုေကာင္းမြန္တဲ့ဇာတ္ကားေကာင္းတစ္ကားျဖစ္လာေစသလို သ႐ုပ္ေဆာင္အပိုင္းမွာလည္း က်ရာဇာတ္႐ုပ္ကေန ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ခဲ့ၾကရတယ္လို႔ သိရပါတယ္။
 
“ဒီဇာတ္လမ္းတြဲက မၾကာခင္ၿပီးဆုံးေတာ့မယ္၊ ႐ိုက္ကြင္းနဲ႔ပတ္သက္ၿပီးေတာ့ အမွတ္တရေတြက အမ်ားႀကီးပဲ။အဲ့ဒီထဲက အမွတ္တရတစ္ခုက မႏၲေလးမွာသြားၿပီးေတာ့႐ိုက္တာပါ၊ ေဒါသထြက္ၿပီး ကားေမာင္းသြားရတဲ့အခန္းကို သ႐ုပ္ေဆာင္တဲ့အခါ အစ္မက ကားလုံးဝကိုမေမာင္းတတ္ဘူး၊ ဒါေပမဲ့ ဒါ႐ိုက္တာက ေမာင္းခိုင္းေတာ့ ေမာင္းရတယ္၊ ဘယ္သူမွလည္းလိုက္မစီးရဲဘူး၊ ဒါ႐ိုက္တာရယ္ ကင္မရာသမားရယ္ပဲ လိုက္စီးရင္း႐ိုက္တယ္၊ မႏၲေလးဆိုတာက ဆိုင္ကယ္ေတြေရာ စက္ဘီးေတြေရာ အမ်ားႀကီးပဲ လမ္းေတြ ထဲကေန ထြက္ထြက္လာတာေလ၊ အစ္မလည္းဘယ္ကိုမွမၾကည့္ဘဲနဲ႔ ရင္တထိတ္ထိတ္နဲ႔ ေမာင္းလိုက္တယ္၊ အဆင္ေျပသြားလို႔ေတာ္ေသးတယ္၊ အစ္မက အေတြးသမားဆိုေတာ့ စိတ္က ကာ႐ိုက္တာထဲကို ႏွစ္လိုက္ရတယ္၊ အဲ့ဒီဇာတ္လမ္းတြဲလည္း မၾကာခင္ၿပီးေတာ့မွာမို႔ ေနာက္ထပ္ ေနာက္ထပ္ ဇာတ္လမ္းေတြမွာလည္း ဒီလိုမ်ိဳးအေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးစားသြားမွာပါ၊ ပရိသတ္ေတြအေနနဲ႔လည္း ဒီရက္ပိုင္းမွာ က်န္းမာေရးသတိထားပါ၊ က်န္းမာေရးက ထုတ္ျပန္ခ်က္ေတြအတိုင္း လိုက္နာၿပီး သြားလာ လုပ္ကိုင္ၾကပါေနာ္၊ အခုက ကိုယ္ျဖစ္ရင္ကိုယ္ခံမဟုတ္ဘူး၊ ကိုယ္ျဖစ္ရင္ အားလုံးခံဆိုတာေၾကာင့္ သတိထားၿပီးကာကြယ္ပါ၊ က်န္းမာေရးဂ႐ုစိုက္ပါ၊ ဘာသာေရးကို အေလးထားၿပီးလုပ္ၾကပါလို႔ ေျပာခ်င္ပါတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ 
 
အခုဆိုရင္ သူမဟာ ဇာတ္လမ္းတြဲအခ်ိဳ႕ကို ႐ိုက္ကူးထားၿပီး ႐ိုးမဘဏ္ေၾကာ္ျငာမွာလည္း ပါဝင္႐ိုက္ကူးခဲ့ရသလို သူမကို သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းလာတာေတြလည္းရွိေနေၾကာင္း၊ လြန္ခဲ့တဲ့ ဇန္နဝါရီလထဲမွာ အသက္ ၃၃ ႏွစ္ ျပည့္ခဲ့သူျဖစ္ေပမယ့္ က်ရာဇာတ္႐ုပ္မွာ ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားေနသူတစ္ဦးလည္းျဖစ္တယ္လို႔ သိရပါတယ္။ 
 
မင္းခတ္လင္း 
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၅