တစ္ဆေများနဲ့ ပျော်မြူးခြင်း ဇာတ်ကားမှာ အခက်အခဲများစွာနဲ့ ကြိုးပမ်းထားတယ်ဆိုတဲ့ မြင့်မြတ်

တစ္ဆေများနဲ့ ပျော်မြူးခြင်း ဇာတ်ကားမှာ အခက်အခဲများစွာနဲ့ ကြိုးပမ်းထားတယ်ဆိုတဲ့ မြင့်မြတ်

“တစ္ဆေများနဲ့ ပျော်မြူးခြင်း” လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ အခက်အခဲတွေအများနဲ့ ကြိုးပမ်းသရုပ်ဆောင်ထားရတယ်လို့ သရုပ်ဆောင် မြင့်မြတ် က ပြောပါတယ်။

“ဒီကားလေးရိုက်ဖြစ်တာ တော်တော်လည်း ပင်ပန်းကြတယ်၊ အခက်အခဲတွေကြားကနေ သရုပ်ဆောင်ရပါတယ်၊ မလေးရှားဒါရိုက်တာတွေ စက်အဖွဲ့တွေ အကုန်လုံးက ကိုယ့်နိုင်ငံကသူတွေ မဟုတ်တော့ အတွေ့အကြုံ ဗဟုသုတတွေလည်း ရပါတယ်၊ အဲ့ဒီကားထဲမှာ ကား accident အခန်းမှာ ပီပီပြင်ပြင်ဖြစ်အောင်လို့ တကယ့်ကားအစစ်နဲ့ ရိုက်ခဲ့ရတာပါ၊ အခက်အခဲတွေကတော့ အများကြီးပဲ၊ ကျွန်တော်တို့ ကြိုးပမ်းထားတဲ့ဟာကို ပရိသတ်နှစ်သက်ပါ့မလားလို့ စိုးရိမ်မိတယ်” လို့ သရုပ်ဆောင် မြင့်မြတ် က ပြောပါတယ်။

ထိုဇာတ်ကားထဲမှာ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိတဲ့ အကြောင်းကို ပညာပေးကာ ဟာသတွေနဲ့နှောပြီး ရိုက်ကူးထားသလို အက်ရှင်ဇာတ်ကားကောင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ သူဟာ မိသားစုနဲ့ အနုပညာအလုပ်တွေကိုသာ အာရုံစိုက်လုပ်ကိုင်နေပြီး Shooting ပြီးတာနဲ့ အိမ်မှာ သားဖြစ်သူနဲ့ ဆော့ကစားနေတယ်လို့လည်း ဆိုပါတယ်။

“အရင်လိုမျိုး အပြင်မှာ သိပ်ပြီးတော့မနေဖြစ်တော့ဘူး၊ Shooting ပြီးတာနဲ့ အိမ်ပြန်ချင်နေတာ၊ သူနဲ့ပဲဆော့ကစားဖြစ်တာများတယ်၊ အိမ်ရောက်တော့ မပင်ပန်းတော့ဘူး၊ သူ့အတွက်ကိုလည်း အဖော်အနေနဲ့ ဆော့ကစားဖို့ ညီလေးတစ်ယောက် ထပ်ပြီးတော့ မွေးပေးချင်ပါသေးတယ်” လို့ သရုပ်ဆောင် မြင့်မြတ် က ပြောပြပါတယ်။

သူ့အနေနဲ့ သားဖြစ်သူ ဂျူနီယာဂျင်းကောင်အတွက် အချိန်ပေးဖြစ်နေသလို Shooting သွားချိန်တွေမှာ ဆော့ကစားမယ့် အဖော်မရှိမှာကိုလည်း စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ယခုနှစ်ထဲမှာတော့ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ဆက်လက်ရိုက်ကူးဖို့ လက်ခံထားတာတွေလည်း ရှိနေသလို ပြောဆိုထားတဲ့ ဇာတ်ကားတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။

“ဒီနှစ်ထဲ ရိုက်ဖို့လက်ခံထားတဲ့ ကားတွေတော့ များတယ်၊ အချစ်ဒရမ်မာကားတွေနဲ့ အက်ရှင်ကားတွေလည်း ပါပါတယ်၊ လောလောဆယ် ကြိုမပြောထားပေမယ့် ဇာတ်ကားတွေ မိတ်ဆက်ပွဲလုပ်တဲ့အခါ ပြောမှာပါ၊ ပြောနိုင်တာတစ်ခုက ထူးခြားတဲ့ ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မလေးရှား ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတဲ့ “တစ္ဆေများနဲ့ ပျော်မြူးခြင်း” ရုပ်ရှင်ဇာတ်ကားကတော့ သြဂုတ် ၁ ရက်မှာ စတင်ပြီး ရုံတင်ပြနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် - ၁

( Zawgyi )

“တေစၦမ်ားနဲ႔ ေပ်ာ္ျမဴးျခင္း” လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားထဲမွာ အခက္အခဲေတြအမ်ားနဲ႔ ႀကိဳးပမ္းသ႐ုပ္ေဆာင္ထားရတယ္လို႔ သ႐ုပ္ေဆာင္ ျမင့္ျမတ္ က ေျပာပါတယ္။

“ဒီကားေလး႐ိုက္ျဖစ္တာ ေတာ္ေတာ္လည္း ပင္ပန္းၾကတယ္၊ အခက္အခဲေတြၾကားကေန သ႐ုပ္ေဆာင္ရပါတယ္၊ မေလးရွားဒါ႐ိုက္တာေတြ စက္အဖြဲ႕ေတြ အကုန္လုံးက ကိုယ့္ႏိုင္ငံကသူေတြ မဟုတ္ေတာ့ အေတြ႕အႀကဳံ ဗဟုသုတေတြလည္း ရပါတယ္၊ အဲ့ဒီကားထဲမွာ ကား accident အခန္းမွာ ပီပီျပင္ျပင္ျဖစ္ေအာင္လို႔ တကယ့္ကားအစစ္နဲ႔ ႐ိုက္ခဲ့ရတာပါ၊ အခက္အခဲေတြကေတာ့ အမ်ားႀကီးပဲ၊ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းထားတဲ့ဟာကို ပရိသတ္ႏွစ္သက္ပါ့မလားလို႔ စိုးရိမ္မိတယ္” လို႔ သ႐ုပ္ေဆာင္ ျမင့္ျမတ္ က ေျပာပါတယ္။

ထိုဇာတ္ကားထဲမွာ မေကာင္းမႈဆိုတာ ဆိတ္ကြယ္ရာမရွိတဲ့ အေၾကာင္းကို ပညာေပးကာ ဟာသေတြနဲ႔ေႏွာၿပီး ႐ိုက္ကူးထားသလို အက္ရွင္ဇာတ္ကားေကာင္းလည္း ျဖစ္တယ္လို႔ သိရပါတယ္။

လတ္တေလာမွာေတာ့ သူဟာ မိသားစုနဲ႔ အႏုပညာအလုပ္ေတြကိုသာ အာ႐ုံစိုက္လုပ္ကိုင္ေနၿပီး Shooting ၿပီးတာနဲ႔ အိမ္မွာ သားျဖစ္သူနဲ႔ ေဆာ့ကစားေနတယ္လို႔လည္း ဆိုပါတယ္။

“အရင္လိုမ်ိဳး အျပင္မွာ သိပ္ၿပီးေတာ့မေနျဖစ္ေတာ့ဘူး၊ Shooting ၿပီးတာနဲ႔ အိမ္ျပန္ခ်င္ေနတာ၊ သူနဲ႔ပဲေဆာ့ကစားျဖစ္တာမ်ားတယ္၊ အိမ္ေရာက္ေတာ့ မပင္ပန္းေတာ့ဘူး၊ သူ႔အတြက္ကိုလည္း အေဖာ္အေနနဲ႔ ေဆာ့ကစားဖို႔ ညီေလးတစ္ေယာက္ ထပ္ၿပီးေတာ့ ေမြးေပးခ်င္ပါေသးတယ္” လို႔ သ႐ုပ္ေဆာင္ ျမင့္ျမတ္ က ေျပာျပပါတယ္။

သူ႔အေနနဲ႔ သားျဖစ္သူ ဂ်ဴနီယာဂ်င္းေကာင္အတြက္ အခ်ိန္ေပးျဖစ္ေနသလို Shooting သြားခ်ိန္ေတြမွာ ေဆာ့ကစားမယ့္ အေဖာ္မရွိမွာကိုလည္း စိုးရိမ္ေနတယ္လို႔ ဆိုပါတယ္။ယခုႏွစ္ထဲမွာေတာ့ သူ႔အေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားေကာင္းေတြ ဆက္လက္႐ိုက္ကူးဖို႔ လက္ခံထားတာေတြလည္း ရွိေနသလို ေျပာဆိုထားတဲ့ ဇာတ္ကားေတြလည္း ရွိေသးတယ္လို႔ သိရပါတယ္။

“ဒီႏွစ္ထဲ ႐ိုက္ဖို႔လက္ခံထားတဲ့ ကားေတြေတာ့ မ်ားတယ္၊ အခ်စ္ဒရမ္မာကားေတြနဲ႔ အက္ရွင္ကားေတြလည္း ပါပါတယ္၊ ေလာေလာဆယ္ ႀကိဳမေျပာထားေပမယ့္ ဇာတ္ကားေတြ မိတ္ဆက္ပြဲလုပ္တဲ့အခါ ေျပာမွာပါ၊ ေျပာႏိုင္တာတစ္ခုက ထူးျခားတဲ့ ဇာတ္ကားေကာင္းေတြ ျဖစ္ပါတယ္” လို႔ သူက ဆက္ေျပာပါတယ္။

မေလးရွား ဒါ႐ိုက္တာေတြနဲ႔ ႐ိုက္ကူးထားတဲ့ “တေစၦမ်ားနဲ႔ ေပ်ာ္ျမဴးျခင္း” ႐ုပ္ရွင္ဇာတ္ကားကေတာ့ ၾသဂုတ္ ၁ ရက္မွာ စတင္ၿပီး ႐ုံတင္ျပေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ - ၁