တစ်သက်တာ ရုပ်ရှင်ထူးချွန်ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ အော်စကာဆုများရှင် Hilary Swank

တစ်သက်တာ ရုပ်ရှင်ထူးချွန်ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ အော်စကာဆုများရှင် Hilary Swank

အော်စကာဆုများရှင်ကြယ်ပွင့်မင်းသမီးကြီးဖြစ်တဲ့ Hilary Swankဟာ အခုကျင်းပနေတဲ့ ဆွစ်ရုပ်ရှင် ပွဲတော်မှာ တစ်သက်တာရုပ်ရှင်ထူးချွန်ဆုဖြစ်တဲ့ Leopard Club Awardချီးမြှင့်ခြင်းခံရပါတယ်။ အသက် ၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hillary Swankဟာ Boys Don’t Cry၊ Million Dollar Babyစတဲ့ဇာတ်ကား ၂ ကားနဲ့ အော်စကာဆုတွေ ရခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာပြုလုပ်တဲ့ Locarno နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုတက်ရောက်ရယူစဉ် သြဂုတ်လ ၉ ရက်နေ့က အီတလီနာမည်ကြီးဖက်ရှင်ကုမ္ပဏီလက်ရာ ပွဲတက်ဝတ်စုံ၊ လှပကျော့ရှင်းတဲ့ ဆံပင်အပြင်အဆင်နဲ့အတူ အီတလီဒီဇိုင်နာဖန်တီးပေးတဲ့ အနက်ရောင်ကြိုးသိုင်းဖိနပ်တို့နဲ့ Hilary Swankတစ်ယောက် အများအလယ်ထင်ရှားနေပါတယ်။

 အော်စကာဆုရဇာတ်ကား Boys Don’t Cryမှာ သူက ၁၉၉၃ခုနှစ်က Nebraska ပြည်နယ်မှာ အဓမ္မပြုကျင့်ခံရပြီး၊ အသတ်ခံလိုက်ရတဲ့ လိင်ပြောင်းအမျိုးသားတစ်ဦး Brandon Teena နေရာက ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။

ဆုပေးပွဲတက်ရောက်လာစဉ် Brandon Teenaဇာတ်ကောင်နေရာက သူ့ရဲ့အမြင်ကို မေးတဲ့အခါ ‘ချစ်တတ်တဲ့စိတ်နဲ့ အချစ်ခံလိုတဲ့စိတ်ဆန္ဒက ယောကျ်ားမိန်းမဖြစ်ခြင်းနဲ့ သက်ဆိုင်မှုမရှိပါဘူး။ အချစ်လို့ဆိုတဲ့နေရာမှာ ကျား၊မခွဲခြားမှုမရှိသလို၊ လူမျိုးရေး၊ ဘာသာတရားတို့နဲ့လည်း ကန့်သတ်ထားလို့မရဘူး’လို့ သူက ပြန်ဖြေခဲ့ပါတယ်။

 Locarno ရုပ်ရှင်ပွဲတော်ကို အခုလ ၇ ရက်ကနေ ၁၇ ရက်နေ့အထိကျင်းပနေပြီး၊ ပွဲတော်အတွင်း Hilary Swankရဲ့အော်စကာဆုရဇာတ်ကား ၂ ကားလုံး ပါဝင်ပြသဖို့ရှိပါတယ်။ မကြာခင် ရုံတင်ပြသ မယ့် The Huntဇာတ်ကားမှာလည်း သူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားကတော့ နိုင်ငံရေးနောက်ခံအက်ရှင်ဇာတ်ကားဖြစ်ပြီး၊ အမျိုးသမီးစုံထောက်ဇာတ်ကောင်တစ်ဦးရဲ့ လူသတ်မှု အကြံအစည်ထဲ လှည့်စားခံလိုက်ရတဲ့သူတစ်ဦးအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။
 
ဒီကားမှာ Hilary Swankနဲ့အတူ Emma Roberts ပါဝင်သရုပ်ဆောင်ထားပါတယ်။ Hilary Swankဟာ မနှစ်ကပဲ စီးပွားရေးလုပ်ငန်းရှင် Philip Schneiderနဲ့ လေက်ထပ်ခဲ့ပါတယ်။ သရုပ်ဆောင် လောကမှာ အောင်မြင်ထူးချွန်ရုံတင်မက လူမှုရေးနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။

သူတည်ထောင်တဲ့ Hilarooပရဟိတဖောင်ဒေးရှင်းဆိုရင်လည်း စွန့်ပစ်ခံကလေးတွေနဲ့ တိရစ္ဆာန်လေးတွေကို ကယ်တင်ပေးနေတာ ဖြစ်ပါတယ်။

ရည်မွန်
Ref: dailymail
နယူးယောက်၊ သြဂုတ် ၁၀

(  Zawgyi  )

 ေအာ္စကာဆုမ်ားရွင္ၾကယ္ပြင့္မင္းသမီးႀကီးျဖစ္တဲ့ Hilary Swankဟာ အခုက်င္းပေနတဲ့ ဆြစ္႐ုပ္ရွင္ ပြဲေတာ္မွာ တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုျဖစ္တဲ့ Leopard Club Awardခ်ီးျမႇင့္ျခင္းခံရပါတယ္။ အသက္ ၄၅ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Hillary Swankဟာ Boys Don’t Cry၊ Million Dollar Babyစတဲ့ဇာတ္ကား ၂ ကားနဲ႔ ေအာ္စကာဆုေတြ ရခဲ့ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံမွာျပဳလုပ္တဲ့ Locarno ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ ဆုတက္ေရာက္ရယူစဥ္ ၾသဂုတ္လ ၉ ရက္ေန႔က အီတလီနာမည္ႀကီးဖက္ရွင္ကုမၸဏီလက္ရာ ပြဲတက္ဝတ္စုံ၊ လွပေက်ာ့ရွင္းတဲ့ ဆံပင္အျပင္အဆင္နဲ႔အတူ အီတလီဒီဇိုင္နာဖန္တီးေပးတဲ့ အနက္ေရာင္ႀကိဳးသိုင္းဖိနပ္တို႔နဲ႔ Hilary Swankတစ္ေယာက္ အမ်ားအလယ္ထင္ရွားေနပါတယ္။

 ေအာ္စကာဆုရဇာတ္ကား Boys Don’t Cryမွာ သူက ၁၉၉၃ခုႏွစ္က Nebraska ျပည္နယ္မွာ အဓမၼျပဳက်င့္ခံရၿပီး၊ အသတ္ခံလိုက္ရတဲ့ လိင္ေျပာင္းအမ်ိဳးသားတစ္ဦး Brandon Teena ေနရာက ပီျပင္စြာသ႐ုပ္ေဆာင္ထားပါတယ္။

ဆုေပးပြဲတက္ေရာက္လာစဥ္ Brandon Teenaဇာတ္ေကာင္ေနရာက သူ႔ရဲ႕အျမင္ကို ေမးတဲ့အခါ ‘ခ်စ္တတ္တဲ့စိတ္နဲ႔ အခ်စ္ခံလိုတဲ့စိတ္ဆႏၵက ေယာက်္ားမိန္းမျဖစ္ျခင္းနဲ႔ သက္ဆိုင္မႈမရွိပါဘူး။ အခ်စ္လို႔ဆိုတဲ့ေနရာမွာ က်ား၊မခြဲျခားမႈမရွိသလို၊ လူမ်ိဳးေရး၊ ဘာသာတရားတို႔နဲ႔လည္း ကန႔္သတ္ထားလို႔မရဘူး’လို႔ သူက ျပန္ေျဖခဲ့ပါတယ္။

 Locarno ႐ုပ္ရွင္ပြဲေတာ္ကို အခုလ ၇ ရက္ကေန ၁၇ ရက္ေန႔အထိက်င္းပေနၿပီး၊ ပြဲေတာ္အတြင္း Hilary Swankရဲ႕ေအာ္စကာဆုရဇာတ္ကား ၂ ကားလုံး ပါဝင္ျပသဖို႔ရွိပါတယ္။ မၾကာခင္ ႐ုံတင္ျပသ မယ့္ The Huntဇာတ္ကားမွာလည္း သူ ပါဝင္သ႐ုပ္ေဆာင္ ထားပါတယ္။ ဒီဇာတ္ကားကေတာ့ ႏိုင္ငံေရးေနာက္ခံအက္ရွင္ဇာတ္ကားျဖစ္ၿပီး၊ အမ်ိဳးသမီးစုံေထာက္ဇာတ္ေကာင္တစ္ဦးရဲ႕ လူသတ္မႈ အႀကံအစည္ထဲ လွည့္စားခံလိုက္ရတဲ့သူတစ္ဦးအေၾကာင္း ႐ိုက္ကူးတင္ဆက္ထားပါတယ္။
 
ဒီကားမွာ Hilary Swankနဲ႔အတူ Emma Roberts ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Hilary Swankဟာ မႏွစ္ကပဲ စီးပြားေရးလုပ္ငန္းရွင္ Philip Schneiderနဲ႔ ေလက္ထပ္ခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ေလာကမွာ ေအာင္ျမင္ထူးခြၽန္႐ုံတင္မက လူမႈေရးနဲ႔ ပရဟိတလုပ္ငန္းေတြမွာလည္း တက္ႂကြစြာ ပါဝင္လႈပ္ရွားသူတစ္ေယာက္ ျဖစ္ပါတယ္။

သူတည္ေထာင္တဲ့ Hilarooပရဟိတေဖာင္ေဒးရွင္းဆိုရင္လည္း စြန႔္ပစ္ခံကေလးေတြနဲ႔ တိရစာၦန္ေလးေတြကို ကယ္တင္ေပးေနတာ ျဖစ္ပါတယ္။

ရည္မြန္
Ref: dailymail
နယူးေယာက္၊ ၾသဂုတ္ ၁၀