တတ်နိုင်သမျှ အေးအေးချမ်းချမ်းနေတဲ့ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း

တတ်နိုင်သမျှ အေးအေးချမ်းချမ်းနေတဲ့ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်းဟာ တတ်နိုင်သမျှ သူမရဲ့ဘ၀မှာ အေးချမ်းအောင်နေထိုင်နေတယ်လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ ရုပ်ရှင်သိပ်မရိုက်ရပေမယ့်လည်း စားဝတ်နေရေးအတွက် မပူပင်ရပေမယ့် သူဦးဆောင်ပံ့ပိုးလုပ်ကိုင်နေတဲ့ အမေများအဖွဲ့က အမေတွေရဲ့စားဝတ်နေရေးကိုသာ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

“အခုက ဇာတ်ကားရိုက်ရင် သူ့ထက်ငါ ခေါ်ပါ၊ ခေါ်ပါလို့ ပြောနေကြတာ၊ အမေတို့က အဲ့ဒီလိုသွားပြီး ကိုယ့်ကိုခေါ်ပါ၊ ခေါ်ပါလို့ ပြောလို့မဖြစ်ဘူးလေ၊ အခုကရိုက်ရလည်းမပူဘူး၊ ရိုက်ဖို့မခေါ်လည်း ကိစ္စမရှိဘူး၊ အမေ့မှာပူစရာဆိုလို့ အမေတွေအတွက်ပဲ ပူစရာရှိတယ်၊ ဘ၀မှာအေးချမ်းအောင်လည်းနေရတယ်၊ ဟုတ်တယ်လေ၊ ဥပမာပြောရင် မရောင်းချင်ပါဘူးဆိုတာကို  သွားလုပ်လို့မရဘူး၊ ဟဲ့ခေါ်ရိုက်ကြပါဦးလို့ ပြောရင်တောင် တစ်ချို့ကပြောသေးတယ်၊ မပင့်တဲ့ဘုန်းကြီးက သင်္ကန်းရုံတယ်လို့ ပြောတဲ့သူကရှိသေးတယ်။အဲ့လိုပါ၊ အမေတို့ ရိုက်တဲ့ဟာမှာတော့ အကောင်းဆုံးတော့ အမေတို့ကလုပ်တာပါပဲလေ၊ မရိုက်ရတော့လည်း ဘယ်တတ်နိုင်မတုန်း” လို့ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း က ရှင်းပြပါတယ်။

မြန်မာဇာတ်ကားတွေထဲမှာ အခုနောက်ပိုင်း လူလတ်ပိုင်းတွေဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တွေဟာ လူကြီးခန်းတွေနေရာကနေ သရုပ်ဆောင်လာကြတာတွေကလည်း သက်ကြီးသရုပ်ဆောင်တွေအဖို့ မရိုက်ရတဲ့အခြေအနေတွေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

“ဟိုဇာတ်ကားမှာတော့ ဒီမင်းသားနဲ့ သမီးရည်းစား၊ မောင်နှစ်မ အစရှိတဲ့ ကာရိုက်တာတွေမှာ မြင်ရတာပေါ့၊ နောက်တစ်ခါရိုက်တော့ အမေခန်းတို့၊ အဖွားခန်းတို့လုပ်၊ ဆံပင်အတင်းဖြူအောင်လုပ်တော့လည်း ဘယ်ကြည့်ကောင်းမတုန်းပေါ့နော်၊ အမေတို့က မဝေဖန်ပါဘူး၊ ဘာမှလည်းမပြောပါဘူး၊ ပရိသတ်တွေအနေနဲ့ ကြည့်လို့မသင့်တော်တာလေးပြောတာပါ” လို့ သူမက ဆက်လက်ပြောကြားပါတယ်။

လတ်တလောမှာ သရုပ်ဆောင် ခန့်စည်သူနဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်တို့ကလည်း ရိုက်ကူးဖို့ချိတ်ထားပေမယ့် ရိုက်ကူးရမယ့်ကာလတော့ မသိသေးကြောင်း၊ လောလောဆယ်မှာ အမေများအဖွဲ့အတွက် အဓိကထားလုပ်ဆောင်နေတယ်လို့  ဆက်လက်ပြောပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဩဂုတ် - ၁၅

( Zawgyi )

ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ အကယ္ဒမီ ေဒၚႏြဲ႕ႏြဲ႕စန္းဟာ တတ္ႏိုင္သမွ် သူမရဲ႕ဘ၀မွာ ေအးခ်မ္းေအာင္ေနထိုင္ေနတယ္လို႔ ေျပာပါတယ္။

အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္သိပ္မ႐ိုက္ရေပမယ့္လည္း စားဝတ္ေနေရးအတြက္ မပူပင္ရေပမယ့္ သူဦးေဆာင္ပံ့ပိုးလုပ္ကိုင္ေနတဲ့ အေမမ်ားအဖြဲ႕က အေမေတြရဲ႕စားဝတ္ေနေရးကိုသာ စိုးရိမ္မိတယ္လို႔ ဆိုပါတယ္။

“အခုက ဇာတ္ကား႐ိုက္ရင္ သူ႔ထက္ငါ ေခၚပါ၊ ေခၚပါလို႔ ေျပာေနၾကတာ၊ အေမတို႔က အဲ့ဒီလိုသြားၿပီး ကိုယ့္ကိုေခၚပါ၊ ေခၚပါလို႔ ေျပာလို႔မျဖစ္ဘူးေလ၊ အခုက႐ိုက္ရလည္းမပူဘူး၊ ႐ိုက္ဖို႔မေခၚလည္း ကိစၥမရွိဘူး၊ အေမ့မွာပူစရာဆိုလို႔ အေမေတြအတြက္ပဲ ပူစရာရွိတယ္၊ ဘ၀မွာေအးခ်မ္းေအာင္လည္းေနရတယ္၊ ဟုတ္တယ္ေလ၊ ဥပမာေျပာရင္ မေရာင္းခ်င္ပါဘူးဆိုတာကို  သြားလုပ္လို႔မရဘူး၊ ဟဲ့ေခၚ႐ိုက္ၾကပါဦးလို႔ ေျပာရင္ေတာင္ တစ္ခ်ိဳ႕ကေျပာေသးတယ္၊ မပင့္တဲ့ဘုန္းႀကီးက သကၤန္း႐ုံတယ္လို႔ ေျပာတဲ့သူကရွိေသးတယ္။အဲ့လိုပါ၊ အေမတို႔ ႐ိုက္တဲ့ဟာမွာေတာ့ အေကာင္းဆုံးေတာ့ အေမတို႔ကလုပ္တာပါပဲေလ၊ မ႐ိုက္ရေတာ့လည္း ဘယ္တတ္ႏိုင္မတုန္း” လို႔ အကယ္ဒမီ ေဒၚႏြဲ႕ႏြဲ႕စန္း က ရွင္းျပပါတယ္။

ျမန္မာဇာတ္ကားေတြထဲမွာ အခုေနာက္ပိုင္း လူလတ္ပိုင္းေတြျဖစ္တဲ့ ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္ေတြဟာ လူႀကီးခန္းေတြေနရာကေန သ႐ုပ္ေဆာင္လာၾကတာေတြကလည္း သက္ႀကီးသ႐ုပ္ေဆာင္ေတြအဖို႔ မ႐ိုက္ရတဲ့အေျခအေနေတြ ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

“ဟိုဇာတ္ကားမွာေတာ့ ဒီမင္းသားနဲ႔ သမီးရည္းစား၊ ေမာင္ႏွစ္မ အစရွိတဲ့ ကာ႐ိုက္တာေတြမွာ ျမင္ရတာေပါ့၊ ေနာက္တစ္ခါ႐ိုက္ေတာ့ အေမခန္းတို႔၊ အဖြားခန္းတို႔လုပ္၊ ဆံပင္အတင္းျဖဴေအာင္လုပ္ေတာ့လည္း ဘယ္ၾကည့္ေကာင္းမတုန္းေပါ့ေနာ္၊ အေမတို႔က မေဝဖန္ပါဘူး၊ ဘာမွလည္းမေျပာပါဘူး၊ ပရိသတ္ေတြအေနနဲ႔ ၾကည့္လို႔မသင့္ေတာ္တာေလးေျပာတာပါ” လို႔ သူမက ဆက္လက္ေျပာၾကားပါတယ္။

လတ္တေလာမွာ သ႐ုပ္ေဆာင္ ခန႔္စည္သူနဲ႔ ဒါ႐ိုက္တာ ဇမၺဴထြန္းသက္လြင္တို႔ကလည္း ႐ိုက္ကူးဖို႔ခ်ိတ္ထားေပမယ့္ ႐ိုက္ကူးရမယ့္ကာလေတာ့ မသိေသးေၾကာင္း၊ ေလာေလာဆယ္မွာ အေမမ်ားအဖြဲ႕အတြက္ အဓိကထားလုပ္ေဆာင္ေနတယ္လို႔  ဆက္လက္ေျပာပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဩဂုတ္ - ၁၅