တရုတ်ပြည်ရိုက်ကားရေး နားထားရတဲ့ မော်ဒယ် အဲလစ်အုန်း

တရုတ်ပြည်ရိုက်ကားရေး နားထားရတဲ့  မော်ဒယ် အဲလစ်အုန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဇာတ်ကားသွားရောက်ရိုက်ကူးဖို့ ပြင်ဆင်ထားပေမယ့် ကိုရိုနာရောဂါပိုးကြောင့်  ခေတ္တစောင့်ဆိုင်း နေရသော်လည်း ပြည်တွင်းမှာကြော်ငြာလေးတွေ ရိုက်ကူးနေတယ်လို့ မော်ဒယ်/သရုပ်ဆောင် အဲလစ်အုန်း က ပြောပါတယ်။

သူမဟာ တရုတ်-မြန်မာ ချစ်ကြည်ရေး နှစ် ၇၀ ပြည့်ဇာတ်ကားအတွက် သရုပ်ဆောင်ဖို့ ဖိတ်ကြားခံရထားသလို ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ပြီးကာမှ  ရောဂါအခြေအနေကြောင့် ယာယီရပ်ဆိုင်းနေရတာဖြစ်ပါတယ်။ “ဟိုဘက်မှာ ရိုက်ဖို့ကလည်းရှိတော့ ဒီဘက်က ဇာတ်လမ်းရိုက်ဖို့ကမ်းလှမ်းတာမျိုးတောင် လက်မခံဘဲ စောင့်ဆိုင်းရတဲ့ အနေအထားမျိုးရှိပါတယ်၊ အခုလောလောဆယ်မှာ Production က ရပ်ထားတယ်၊ သူတို့ပြန်စရင် သွားရမှာပါ၊ အမှန်အတိုင်းပြောရရင် အဲ့ဒီမှာ ရိုက်မယ့်နှစ်ကားက တရုတ်-မြန်မာ ချစ်ကြည်ရေး နှစ် ၇၀ ပြည့်ကားလည်း ဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာရိုက်ဖြစ်မယ်လို့တော့ထင်တယ်၊ ရောဂါ အခြေအနေလည်း ပျောက်ပြီး တဖြေးဖြေးတော့ ပုံမှန်ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်၊ လောလောဆယ်တော့ ကြော်ငြာ လေးတွေလောက်ပဲ လက်ခံပြီး ရိုက်ကူးဖြစ်ပါတယ်၊ MTV တို့ဘာတို့လိုမျိုး ရက်သိပ်မရှည်တဲ့ ဟာမျိုးတွေကတော့ အဆင်ပြေပေမယ့် ဇာတ်လမ်းတွဲတွေရိုက်ဖို့တော့ ဟိုဘက်အခြေအနေက ဘာမှန်းမသိသေးတော့ လက်မခံရဲသေးဘူးလေ”လို့ မော်ဒယ်/သရုပ်ဆောင် အဲလစ်အုန်း က ရှင်းပြပါတယ်။

သူမဟာ လက်ရှိကာလမှာ ခရစ်ယာန်ဘုရားကျောင်းတွင် သီချင်းလေ့ကျင့်ပေးတာတွေကို လုပ်ကိုင်တာမျိုးရှိပြီး အခွင့်သင့်ရင်သင့်သလို အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ကိုရိုနာရောဂါနဲ့ ပတ်သက်ပြီး “စိုးရိမ်စိတ်က တစ်ချို့ကိစ္စတွေဆိုရင် စိုးရိမ်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး၊ ကိုယ်လည်း ကာကွယ်သင့်သလောက် ကာကွယ်တယ်၊ အခြေအနေဆိုတာက သူ့အချိန်သူ့အခါနဲ့ရှိတယ်၊ သွားပြီးတော့ ရိုက်တော့မယ် ဆိုရင်တော့ စိုးရိမ်စိတ်တော့ မဖြစ်ပါဘူး၊ ကိုယ့်အပြုအမူအနေအထိုင်က ကိုယ့်အပေါ် မူတည်တယ်၊ ရောဂါကူး ရင်တောင် စိတ်ကို ခိုင်ခိုင်မာမာနဲ့ ထားဖို့လိုအပ်ပါတယ်၊ လောလောဆယ်မှာ အဲလစ်တို့ ဒါကို နိုင်သလောက် ဝိုင်းပြီး ကူညီချင်တယ်၊ တတ်နိုင်တဲ့ဘက်ကလည်း ကူညီဖို့ကြိုးစားနေတယ်”လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ သွားရောက်ရိုက်ကူးတဲ့အခါ သူမအတွက် အတွေ့အကြုံများစွာလည်း ရရှိမှာ ဖြစ်တာကြောင့် အမြန်ဆုံး ရိုက်ခွင့်ရရန်လည်း မျှော်လင့်နေတယ်လို့ ဆက်လက်သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

(  Zawgyi  )

 တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ ဇာတ္ကားသြားေရာက္႐ိုက္ကူးဖို႔ ျပင္ဆင္ထားေပမယ့္ ကို႐ိုနာေရာဂါပိုးေၾကာင့္  ေခတၱေစာင့္ဆိုင္း ေနရေသာ္လည္း ျပည္တြင္းမွာေၾကာ္ျငာေလးေတြ ႐ိုက္ကူးေနတယ္လို႔ ေမာ္ဒယ္/သ႐ုပ္ေဆာင္ အဲလစ္အုန္း က ေျပာပါတယ္။

သူမဟာ တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရး ႏွစ္ ၇၀ ျပည့္ဇာတ္ကားအတြက္ သ႐ုပ္ေဆာင္ဖို႔ ဖိတ္ၾကားခံရထားသလို ႀကိဳတင္ျပင္ဆင္တာေတြ လုပ္ေဆာင္ၿပီးကာမွ  ေရာဂါအေျခအေနေၾကာင့္ ယာယီရပ္ဆိုင္းေနရတာျဖစ္ပါတယ္။ “ဟိုဘက္မွာ ႐ိုက္ဖို႔ကလည္းရွိေတာ့ ဒီဘက္က ဇာတ္လမ္း႐ိုက္ဖို႔ကမ္းလွမ္းတာမ်ိဳးေတာင္ လက္မခံဘဲ ေစာင့္ဆိုင္းရတဲ့ အေနအထားမ်ိဳးရွိပါတယ္၊ အခုေလာေလာဆယ္မွာ Production က ရပ္ထားတယ္၊ သူတို႔ျပန္စရင္ သြားရမွာပါ၊ အမွန္အတိုင္းေျပာရရင္ အဲ့ဒီမွာ ႐ိုက္မယ့္ႏွစ္ကားက တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရး ႏွစ္ ၇၀ ျပည့္ကားလည္း ျဖစ္တဲ့အတြက္ ဒီႏွစ္ထဲမွာ႐ိုက္ျဖစ္မယ္လို႔ေတာ့ထင္တယ္၊ ေရာဂါ အေျခအေနလည္း ေပ်ာက္ၿပီး တေျဖးေျဖးေတာ့ ပုံမွန္ျပန္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္၊ ေလာေလာဆယ္ေတာ့ ေၾကာ္ျငာ ေလးေတြေလာက္ပဲ လက္ခံၿပီး ႐ိုက္ကူးျဖစ္ပါတယ္၊ MTV တို႔ဘာတို႔လိုမ်ိဳး ရက္သိပ္မရွည္တဲ့ ဟာမ်ိဳးေတြကေတာ့ အဆင္ေျပေပမယ့္ ဇာတ္လမ္းတြဲေတြ႐ိုက္ဖို႔ေတာ့ ဟိုဘက္အေျခအေနက ဘာမွန္းမသိေသးေတာ့ လက္မခံရဲေသးဘူးေလ”လို႔ ေမာ္ဒယ္/သ႐ုပ္ေဆာင္ အဲလစ္အုန္း က ရွင္းျပပါတယ္။

သူမဟာ လက္ရွိကာလမွာ ခရစ္ယာန္ဘုရားေက်ာင္းတြင္ သီခ်င္းေလ့က်င့္ေပးတာေတြကို လုပ္ကိုင္တာမ်ိဳးရွိၿပီး အခြင့္သင့္ရင္သင့္သလို အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနသူလည္း ျဖစ္ပါတယ္။ ကို႐ိုနာေရာဂါနဲ႔ ပတ္သက္ၿပီး “စိုးရိမ္စိတ္က တစ္ခ်ိဳ႕ကိစၥေတြဆိုရင္ စိုးရိမ္႐ုံနဲ႔ ၿပီးသြားမွာမဟုတ္ဘူး၊ ကိုယ္လည္း ကာကြယ္သင့္သေလာက္ ကာကြယ္တယ္၊ အေျခအေနဆိုတာက သူ႔အခ်ိန္သူ႔အခါနဲ႔ရွိတယ္၊ သြားၿပီးေတာ့ ႐ိုက္ေတာ့မယ္ ဆိုရင္ေတာ့ စိုးရိမ္စိတ္ေတာ့ မျဖစ္ပါဘူး၊ ကိုယ့္အျပဳအမူအေနအထိုင္က ကိုယ့္အေပၚ မူတည္တယ္၊ ေရာဂါကူး ရင္ေတာင္ စိတ္ကို ခိုင္ခိုင္မာမာနဲ႔ ထားဖို႔လိုအပ္ပါတယ္၊ ေလာေလာဆယ္မွာ အဲလစ္တို႔ ဒါကို ႏိုင္သေလာက္ ဝိုင္းၿပီး ကူညီခ်င္တယ္၊ တတ္ႏိုင္တဲ့ဘက္ကလည္း ကူညီဖို႔ႀကိဳးစားေနတယ္”လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွာ သြားေရာက္႐ိုက္ကူးတဲ့အခါ သူမအတြက္ အေတြ႕အႀကဳံမ်ားစြာလည္း ရရွိမွာ ျဖစ္တာေၾကာင့္ အျမန္ဆုံး ႐ိုက္ခြင့္ရရန္လည္း ေမွ်ာ္လင့္ေနတယ္လို႔ ဆက္လက္သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၈