တေးသီချင်းခွေ အတွက် ပရိုမိုးရှင်းနဲ့ အတူ ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်နေတဲ့ တေးသံရှင် ငဲငယ်လေး

တေးသီချင်းခွေ အတွက် ပရိုမိုးရှင်းနဲ့ အတူ ဖျော်ဖြေပွဲကျင်းပဖို့ စီစဉ်နေတဲ့ တေးသံရှင် ငဲငယ်လေး

IC တေးဂီတဝိုင်း ရဲ့ ခြောက်ကြိုးကဝေကြီးလို့ တင်စားရတဲ့ ချစ်စမ်းမောင်ရဲ့ မျိုးဆက်ဖြစ်သော တေးသံရှင် ငဲငယ်လေးဟာ သူ့ရဲ့ တေးသီချင်းခွေပရိုမိုးရှင်းနဲ့အတူ ဖျော်ဖြေပွဲတစ်ရပ်ကိုလည်း ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“ဖျော်ဖြေပွဲလည်း မဟာဗန္ဓုလပန်းခြံအရှေ့ ကားပါကင်နေရာမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီကနေ စပြီးတော့ လုပ်သွားမှာပါ၊ တခြားအဆိုတော်တွေလည်းပါပါမယ်၊ ဒီအခွေက ငယ်လေး လုပ်လာတာ နှစ်နှစ်ထဲဝင်လာတယ်၊ အချိန်လည်း တော်တော်ကြာခဲ့တယ်၊ ထွက်ချင် တာလည်း တအားဇောများနေလို့ အခုနောက်ပိုင်း အမှတ်တရလေးလည်းဖြစ်အောင် ၂၀၂၀ မှာ Twenty ဆိုတဲ့ အခွေကို ထွက်တာလည်း ဖြစ်ပါတယ်၊ ပါးပါးကတော့ သူ့အမြင်နဲ့ ကိုယ့်အမြင် မတူတာတွေရှိတယ်၊ အခုချပြ လိုက်တာဆိုတော့ ပွဲကျရင်ဆိုဖို့ သီချင်းတွေ အများကြီးရှိ သွားတယ်၊ ငယ်လေးက Recording ပိုင်း အားနည်းတယ်၊ ရှိုးတွေမှာ တီးတာနဲ့မတူဘူး၊ လိုင်းတွေပေါင်းစုံလုပ်မှ Recording အဆင်ပြေတယ်၊ ဒါမှလည်း သပ်သပ်ရပ်ရပ်နဲ့ နားထောင်
ကောင်း မှာဖြစ်ပါတယ်၊ Recording သွင်းဖို့ကိုပဲ သပ်သပ်တစ်ရက်လောက် ကျင့်ခဲ့ရတာတွေရှိ ခဲ့တယ်၊ ပါပါးက သင်ပေးခဲ့တာပေါ့နော်၊ ကိုယ်က အသံတိုးတယ်ထင်လို့ သွားပြောရင် ပါပါးက မကြိုက်ဘူး၊ ပါပါးတို့က ဝါရင့်သွားပြီဆိုတော့ ပြောတာကို ငယ်လေးတို့ နားထောင်ရပါတယ်” လို့ တေးသံရှင် ငဲငယ်လေး ကပြောပါတယ်။

သူမရဲ့ “Twenty”လို့ နာမည်ရတဲ့ တေးအယ်လ်ဘမ်သစ် မိတ်ဆက်ပွဲကို ဒီကနေ့(ဖေဖော်ဝါရီ ၁၅ ရက်)  မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ House of Orchid ဟိုတယ်မှာ ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာ တေးသံသာ Application ကနေ နားထောင်နိုင်မှာဖြစ်သလို ၂၁ ရက်မှာ ပရိုမိုးရှင်းဖျော်ဖြေပွဲ ပြုလုပ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

“အထူးသဖြင့် ရော့ခ်ကို အခြေချထားတယ်၊ အသည်းကွဲသီချင်းတို့၊ ပေါ့ပ်သီချင်းတို့၊ အခုခေတ် ဘာညာကွိကွလေးတွေပါတယ်၊ မိန်းကလေးနဲ့ လိုက်မယ့် ရော့ခ်သီချင်းတွေ ရေးကြည့် တယ်၊ အဲ့ဒီထဲက ငယ်လေးနဲ့ လိုက်တဲ့ အရမ်းလည်း ကြိုက်တဲ့ ရော့ခ်အကြမ်း တစ် ပုဒ်ကို ထည့်ထားတယ်၊ အစတုန်းက ငယ်လေးတစ်ယောက်ထဲ ရေးပြီးထွက်ဖို့၊ အမှားပါမှာ လည်းကြောက်တာနဲ့ တခြားတေးရေးတွေရဲ့ သီချင်းလည်း ပါပါတယ်၊ ဒီအထဲမှာ ပယ်လိုက် ရတဲ့ သီချင်းတွေလည်းရှိပါတယ်၊ ဒီနှစ်မှာ ငယ်လေး အရင်နှစ်တွေထက် ပိုပြီး ကြိုးစားချင် ပါတယ်၊ ကြိုးလည်း ကြိုးစားနေပါတယ်၊ အခွေထွက်ရှိလာရင် အားပေးဖို့ တောင်းဆိုချင်တယ်၊ အများကြီးကြိုးစားထားတာကြောင့် ပရိသတ်တွေလည်း ကြိုက်မယ်ထင်ပါတယ်၊ feedback တွေလည်းပြောပေးကြဖို့ တောင်းဆိုချင်ပါတယ်”လို့ တေးသံရှင် ငဲငယ်လေးက ပြောပါတယ်။

သူမဟာ IC တေးသီချင်းတွေနဲ့ပဲ ကြီးလာသူဖြစ်သလို IC  ရဲ့ ရှိုးတွေနဲ့ အတူ ငယ်စဉ်ကတည်းက လိုက်ပါအားပေးခဲ့ပြီး အခုလည်း အားပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ငယ်ငယ်ကတည်း ကလည်း ငယ်လေး အားပေးခဲ့တယ်၊ အခု IC က အနှစ် ၃၀ ဖြစ်လာတော့ အရမ်းဂုဏ်ယူတယ်၊ အမြဲတမ်းရှိစေချင်တယ်၊ နှစ်ပေါင်းများစွာလည်း တည်တံ့စေချင်တယ်၊ IC မှာရှိတဲ့ ဦးလေးတွေ အကုန်လုံးကိုလည်း နည်းနည်းလောက် ပြန်ငယ်စေချင်တယ်”လို့ သူမက ဆက်လက်ပြောကြား ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

(  Zawgyi  )

 IC ေတးဂီတဝိုင္း ရဲ႕ ေျခာက္ႀကိဳးကေဝႀကီးလို႔ တင္စားရတဲ့ ခ်စ္စမ္းေမာင္ရဲ႕ မ်ိဳးဆက္ျဖစ္ေသာ ေတးသံရွင္ ငဲငယ္ေလးဟာ သူ႔ရဲ႕ ေတးသီခ်င္းေခြပ႐ိုမိုးရွင္းနဲ႔အတူ ေဖ်ာ္ေျဖပြဲတစ္ရပ္ကိုလည္း က်င္းပသြားဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

“ေဖ်ာ္ေျဖပြဲလည္း မဟာဗႏၶဳလပန္းၿခံအေရွ႕ ကားပါကင္ေနရာမွာ ေဖေဖာ္ဝါရီ ၂၁ ရက္ ညေန ၄ နာရီကေန စၿပီးေတာ့ လုပ္သြားမွာပါ၊ တျခားအဆိုေတာ္ေတြလည္းပါပါမယ္၊ ဒီအေခြက ငယ္ေလး လုပ္လာတာ ႏွစ္ႏွစ္ထဲဝင္လာတယ္၊ အခ်ိန္လည္း ေတာ္ေတာ္ၾကာခဲ့တယ္၊ ထြက္ခ်င္ တာလည္း တအားေဇာမ်ားေနလို႔ အခုေနာက္ပိုင္း အမွတ္တရေလးလည္းျဖစ္ေအာင္ ၂၀၂၀ မွာ Twenty ဆိုတဲ့ အေခြကို ထြက္တာလည္း ျဖစ္ပါတယ္၊ ပါးပါးကေတာ့ သူ႔အျမင္နဲ႔ ကိုယ့္အျမင္ မတူတာေတြရွိတယ္၊ အခုခ်ျပ လိုက္တာဆိုေတာ့ ပြဲက်ရင္ဆိုဖို႔ သီခ်င္းေတြ အမ်ားႀကီးရွိ သြားတယ္၊ ငယ္ေလးက Recording ပိုင္း အားနည္းတယ္၊ ရႈိးေတြမွာ တီးတာနဲ႔မတူဘူး၊ လိုင္းေတြေပါင္းစုံလုပ္မွ Recording အဆင္ေျပတယ္၊ ဒါမွလည္း သပ္သပ္ရပ္ရပ္နဲ႔ နားေထာင္
ေကာင္း မွာျဖစ္ပါတယ္၊ Recording သြင္းဖို႔ကိုပဲ သပ္သပ္တစ္ရက္ေလာက္ က်င့္ခဲ့ရတာေတြရွိ ခဲ့တယ္၊ ပါပါးက သင္ေပးခဲ့တာေပါ့ေနာ္၊ ကိုယ္က အသံတိုးတယ္ထင္လို႔ သြားေျပာရင္ ပါပါးက မႀကိဳက္ဘူး၊ ပါပါးတို႔က ဝါရင့္သြားၿပီဆိုေတာ့ ေျပာတာကို ငယ္ေလးတို႔ နားေထာင္ရပါတယ္” လို႔ ေတးသံရွင္ ငဲငယ္ေလး ကေျပာပါတယ္။

သူမရဲ႕ “Twenty”လို႔ နာမည္ရတဲ့ ေတးအယ္လ္ဘမ္သစ္ မိတ္ဆက္ပြဲကို ဒီကေန႔(ေဖေဖာ္ဝါရီ ၁၅ ရက္)  မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ဘုရားလမ္းရွိ House of Orchid ဟိုတယ္မွာ က်င္းပခဲ့ၿပီး ေဖေဖာ္ဝါရီ ၂၀ ရက္မွာ ေတးသံသာ Application ကေန နားေထာင္ႏိုင္မွာျဖစ္သလို ၂၁ ရက္မွာ ပ႐ိုမိုးရွင္းေဖ်ာ္ေျဖပြဲ ျပဳလုပ္ၿပီး ေဖေဖာ္ဝါရီ ၂၄ ရက္မွာ ျမန္မာတစ္ႏိုင္ငံလုံးကို ျဖန႔္ခ်ိဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။

“အထူးသျဖင့္ ေရာ့ခ္ကို အေျခခ်ထားတယ္၊ အသည္းကြဲသီခ်င္းတို႔၊ ေပါ့ပ္သီခ်င္းတို႔၊ အခုေခတ္ ဘာညာကြိကြေလးေတြပါတယ္၊ မိန္းကေလးနဲ႔ လိုက္မယ့္ ေရာ့ခ္သီခ်င္းေတြ ေရးၾကည့္ တယ္၊ အဲ့ဒီထဲက ငယ္ေလးနဲ႔ လိုက္တဲ့ အရမ္းလည္း ႀကိဳက္တဲ့ ေရာ့ခ္အၾကမ္း တစ္ ပုဒ္ကို ထည့္ထားတယ္၊ အစတုန္းက ငယ္ေလးတစ္ေယာက္ထဲ ေရးၿပီးထြက္ဖို႔၊ အမွားပါမွာ လည္းေၾကာက္တာနဲ႔ တျခားေတးေရးေတြရဲ႕ သီခ်င္းလည္း ပါပါတယ္၊ ဒီအထဲမွာ ပယ္လိုက္ ရတဲ့ သီခ်င္းေတြလည္းရွိပါတယ္၊ ဒီႏွစ္မွာ ငယ္ေလး အရင္ႏွစ္ေတြထက္ ပိုၿပီး ႀကိဳးစားခ်င္ ပါတယ္၊ ႀကိဳးလည္း ႀကိဳးစားေနပါတယ္၊ အေခြထြက္ရွိလာရင္ အားေပးဖို႔ ေတာင္းဆိုခ်င္တယ္၊ အမ်ားႀကီးႀကိဳးစားထားတာေၾကာင့္ ပရိသတ္ေတြလည္း ႀကိဳက္မယ္ထင္ပါတယ္၊ feedback ေတြလည္းေျပာေပးၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္”လို႔ ေတးသံရွင္ ငဲငယ္ေလးက ေျပာပါတယ္။

သူမဟာ IC ေတးသီခ်င္းေတြနဲ႔ပဲ ႀကီးလာသူျဖစ္သလို IC  ရဲ႕ ရႈိးေတြနဲ႔ အတူ ငယ္စဥ္ကတည္းက လိုက္ပါအားေပးခဲ့ၿပီး အခုလည္း အားေပးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ “ငယ္ငယ္ကတည္း ကလည္း ငယ္ေလး အားေပးခဲ့တယ္၊ အခု IC က အႏွစ္ ၃၀ ျဖစ္လာေတာ့ အရမ္းဂုဏ္ယူတယ္၊ အၿမဲတမ္းရွိေစခ်င္တယ္၊ ႏွစ္ေပါင္းမ်ားစြာလည္း တည္တံ့ေစခ်င္တယ္၊ IC မွာရွိတဲ့ ဦးေလးေတြ အကုန္လုံးကိုလည္း နည္းနည္းေလာက္ ျပန္ငယ္ေစခ်င္တယ္”လို႔ သူမက ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၅