တေးသံရှင်အသစ်တွေ အရောင်တောက်အောင် နောက်ကွယ်ကပံ့ပိုးနေတဲ့ ထရေစီ

တေးသံရှင်အသစ်တွေ အရောင်တောက်အောင် နောက်ကွယ်ကပံ့ပိုးနေတဲ့ ထရေစီ

မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ ရွက်ပုန်းသီး တေးသံရှင်တွေထဲက အရည်အသွေးရှိတဲ့ တေးသံရှင်တွေ ကို ရွေးချယ်လာတဲ့ Myanmar Idol အစီအစဉ်မှာ နောက်ဆုံးဆန်ကာတင်အဆင့် ရွေးချယ်ထားသူတွေအတွက် အားနည်းနေတဲ့ တေးသီချင်းအမျိုးအစားတွေကို နောက်ကွယ်ကနေ ကူညီလေ့ကျင့် အားဖြည့်ပေးနေတာကတော့ ဒေါ်ထရေစီ ပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်သူတွေအတွက် ပင်ကိုယ်အားနည်းတတ်တဲ့ သီချင်းအမျိုးအစားတွေကိုပါ စနစ်တကျနဲ့ ပရိသတ်အကြိုက် သီဆိုတတ်အောင် ပံ့ပိုးလေ့ကျင့်ပေးသူလည်း ဖြစ်ပါတယ်။ထိုအစီအစဉ်ဟာ အခုဆိုရင် သုံးနှစ်မြောက် ပြီးစီးသွားခဲ့သလို တစ်နှစ်နဲ့တစ်နှစ် မတူညီတဲ့ အခြေအနေတွေအတွက် ပရိသတ်တွေလည်း ပိုမိုတိုးလာခဲ့ပါတယ်။

“အခက်အခဲကတော့ သီချင်းက ပြိုင်ပွဲဖြစ်တဲ့အခါကျတော့ သီချင်းက တစ်ပတ်နဲ့ တစ်ပတ် မတူတာတွေနဲ့ သွားရတဲ့အခါကျတော့ Rock Week ဆိုရင် Rock နဲ့ ပတ်သက်တဲ့ သီချင်းကို ဆိုရတယ်၊ စီးရီးလုပ်တဲ့သူတွေအနေနဲ့ သူတို့ အားသာရာကို ဆိုလို့ရပေမယ့် ပြိုင်ပွဲကျတော့ အဲ့ဒီလိုမရတော့ဘူး၊ ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ သီချင်းတွေဆိုရင် ဒီမှာက တစ်ပတ်နဲ့ တစ်ပတ် မတူတဲ့အခါကျတော့ ပင်ကိုယ်က သူကြိုက်တဲ့သီချင်းတွေ၊ သူဆိုလေ့ရှိတဲ့ သီချင်းတွေ မဟုတ်တဲ့အခါကျတော့ သူတို့အဖို့ အရမ်းကြီး ကြိုးစားရပါတယ်။
ပြိုင်ပွဲဖြစ်တဲ့အခါကျတော့ သူအရမ်း ဒီအဆင့်ကိုကျော်နိုင်ဖို့ အတွက်ပေါ့နော်၊ စာမေးပွဲဖြေမယ်ဆိုလည်း သူအရမ်း စာကိုအများကြီးကျက်ရသလိုပဲ၊ သူကြိုးစားပြီးလုပ်ရတယ်၊ ပြိုင်ပွဲဆိုတာကတော့ သူတို့မကျွမ်းကျင်တဲ့ သီချင်းကို ဆိုရတဲ့နေရာမှာ အခက်အခဲကို ကြုံရပါတယ်။အခက်အခဲကတော့ လူတိုင်းမှာရှိပါတယ်၊ Pop ကိုပဲ ကြိုက်လို့ ဆိုတဲ့သူတွေက Rock Week မှာကျတော့ အခက်အခဲရှိပါတယ်။အဲ့ဒါကြောင့် ဒီလိုအခက်အခဲကို ကျွန်မတို့က ဖြေရှင်းပေးရတာပါ၊ သူတို့ဆိုတတ်အောင် သင်ပေးရတာပါ၊ Pop ဆိုတတ်တဲ့သူကို Rock ဆိုတတ်အောင် သင်ပေးရပါတယ်၊ အဲ့ဒီအခက်အခဲလောက်ပဲ ရှိပါတယ်” လို့ သူက အတွေ့အကြုံကို ပြောပြပါတယ်။

ထိုပြိုင်ပွဲအစီအစဉ်ဟာ Season 1 မှာတုန်းက စတင်ပေါ်လာကာစဖြစ်တော့ စိတ်ဝင်စားမှုတွေ အများအပြားရခဲ့ပြီး Season 2 မှာ Season 1 ရဲ့ အရှိန်လေးလည်းရှိလာကာ ဆိုတဲ့ပုံစံတွေက Rock တွေများတော့ လူတွေရဲ့စိတ်ထဲမှာ ထိမိနှစ်သက်လာခဲ့ကြောင်း၊ အခုတတိယမြောက် Season 3 မှာ ပိုမိုပြီး ပရိသတ်စိတ်ဝင်စားမှု များပြားပေမယ့် နှစ်စဉ်တက်လာတဲ့ Top Ten (or) Top Eleven ပြိုင်ပွဲဝင်တွေအတွက် ပရိသတ်ရဲ့ အားပေးမှု ဝေစုကို ခွဲပေးတဲ့အခြေအနေမျိုး မဖြစ်ခဲ့ဘူးလို့ သူက သုံးသပ်ခဲ့ပါတယ်။
 

“ဒီနှစ်မှာ ဒီတစ်ယောက်ကို ဝိုင်းပြီးအားပေးကြတယ်၊ နောက်တစ်နှစ်ကျတော့ ဒီနှစ်မှာ အားပေးတဲ့ ပရိသတ်က နောက်အသစ်တက်လာတဲ့ သူ့ကိုပြောင်းပြီး အားပေးတာမျိုးတော့ အဲ့လိုမျိုးတော့ သိပ်မရှိဘူး၊ ဒါကလည်းအနည်းအကျဉ်းတော့ ရှိချင်တော့ရှိမှာပေါ့လေ၊ အများစုကတော့ သူတို့က စပြီးတက်လာကတည်းက သူ့တို့ရဲ့ အမာခံပရိသတ် We Love အဖွဲ့လေးတွေ ရှိကြတယ်လေ၊ သူ့ပရိသတ်နဲ့ သူပါပဲ” လို့ သူက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လထဲမှာ ကျင်းပပြီးစီးခဲ့တဲ့ Myanmar Idol Season 3 အစီအစဉ်ဟာ သုံးနှစ်တာကာလထဲ များစွာအောင်မြင်မှုတွေ ရခဲ့တာဖြစ်ပါတယ်။
 

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၈

( Zawgyi )

ျမန္မာႏိုင္ငံ တစ္ဝန္းလုံးမွာရွိတဲ့ ႐ြက္ပုန္းသီး ေတးသံရွင္ေတြထဲက အရည္အေသြးရွိတဲ့ ေတးသံရွင္ေတြ ကို ေ႐ြးခ်ယ္လာတဲ့ Myanmar Idol အစီအစဥ္မွာ ေနာက္ဆုံးဆန္ကာတင္အဆင့္ ေ႐ြးခ်ယ္ထားသူေတြအတြက္ အားနည္းေနတဲ့ ေတးသီခ်င္းအမ်ိဳးအစားေတြကို ေနာက္ကြယ္ကေန ကူညီေလ့က်င့္ အားျဖည့္ေပးေနတာကေတာ့ ေဒၚထေရစီ ပဲ ျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္သူေတြအတြက္ ပင္ကိုယ္အားနည္းတတ္တဲ့ သီခ်င္းအမ်ိဳးအစားေတြကိုပါ စနစ္တက်နဲ႔ ပရိသတ္အႀကိဳက္ သီဆိုတတ္ေအာင္ ပံ့ပိုးေလ့က်င့္ေပးသူလည္း ျဖစ္ပါတယ္။ထိုအစီအစဥ္ဟာ အခုဆိုရင္ သုံးႏွစ္ေျမာက္ ၿပီးစီးသြားခဲ့သလို တစ္ႏွစ္နဲ႔တစ္ႏွစ္ မတူညီတဲ့ အေျခအေနေတြအတြက္ ပရိသတ္ေတြလည္း ပိုမိုတိုးလာခဲ့ပါတယ္။

“အခက္အခဲကေတာ့ သီခ်င္းက ၿပိဳင္ပြဲျဖစ္တဲ့အခါက်ေတာ့ သီခ်င္းက တစ္ပတ္နဲ႔ တစ္ပတ္ မတူတာေတြနဲ႔ သြားရတဲ့အခါက်ေတာ့ Rock Week ဆိုရင္ Rock နဲ႔ ပတ္သက္တဲ့ သီခ်င္းကို ဆိုရတယ္၊ စီးရီးလုပ္တဲ့သူေတြအေနနဲ႔ သူတို႔ အားသာရာကို ဆိုလို႔ရေပမယ့္ ၿပိဳင္ပြဲက်ေတာ့ အဲ့ဒီလိုမရေတာ့ဘူး၊ ၿပိဳင္ပြဲဝင္တစ္ဦးအေနနဲ႔ သီခ်င္းေတြဆိုရင္ ဒီမွာက တစ္ပတ္နဲ႔ တစ္ပတ္ မတူတဲ့အခါက်ေတာ့ ပင္ကိုယ္က သူႀကိဳက္တဲ့သီခ်င္းေတြ၊ သူဆိုေလ့ရွိတဲ့ သီခ်င္းေတြ မဟုတ္တဲ့အခါက်ေတာ့ သူတို႔အဖို႔ အရမ္းႀကီး ႀကိဳးစားရပါတယ္။
ၿပိဳင္ပြဲျဖစ္တဲ့အခါက်ေတာ့ သူအရမ္း ဒီအဆင့္ကိုေက်ာ္ႏိုင္ဖို႔ အတြက္ေပါ့ေနာ္၊ စာေမးပြဲေျဖမယ္ဆိုလည္း သူအရမ္း စာကိုအမ်ားႀကီးက်က္ရသလိုပဲ၊ သူႀကိဳးစားၿပီးလုပ္ရတယ္၊ ၿပိဳင္ပြဲဆိုတာကေတာ့ သူတို႔မကြၽမ္းက်င္တဲ့ သီခ်င္းကို ဆိုရတဲ့ေနရာမွာ အခက္အခဲကို ႀကဳံရပါတယ္။အခက္အခဲကေတာ့ လူတိုင္းမွာရွိပါတယ္၊ Pop ကိုပဲ ႀကိဳက္လို႔ ဆိုတဲ့သူေတြက Rock Week မွာက်ေတာ့ အခက္အခဲရွိပါတယ္။အဲ့ဒါေၾကာင့္ ဒီလိုအခက္အခဲကို ကြၽန္မတို႔က ေျဖရွင္းေပးရတာပါ၊ သူတို႔ဆိုတတ္ေအာင္ သင္ေပးရတာပါ၊ Pop ဆိုတတ္တဲ့သူကို Rock ဆိုတတ္ေအာင္ သင္ေပးရပါတယ္၊ အဲ့ဒီအခက္အခဲေလာက္ပဲ ရွိပါတယ္” လို႔ သူက အေတြ႕အႀကဳံကို ေျပာျပပါတယ္။

ထိုၿပိဳင္ပြဲအစီအစဥ္ဟာ Season 1 မွာတုန္းက စတင္ေပၚလာကာစျဖစ္ေတာ့ စိတ္ဝင္စားမႈေတြ အမ်ားအျပားရခဲ့ၿပီး Season 2 မွာ Season 1 ရဲ႕ အရွိန္ေလးလည္းရွိလာကာ ဆိုတဲ့ပုံစံေတြက Rock ေတြမ်ားေတာ့ လူေတြရဲ႕စိတ္ထဲမွာ ထိမိႏွစ္သက္လာခဲ့ေၾကာင္း၊ အခုတတိယေျမာက္ Season 3 မွာ ပိုမိုၿပီး ပရိသတ္စိတ္ဝင္စားမႈ မ်ားျပားေပမယ့္ ႏွစ္စဥ္တက္လာတဲ့ Top Ten (or) Top Eleven ၿပိဳင္ပြဲဝင္ေတြအတြက္ ပရိသတ္ရဲ႕ အားေပးမႈ ေဝစုကို ခြဲေပးတဲ့အေျခအေနမ်ိဳး မျဖစ္ခဲ့ဘူးလို႔ သူက သုံးသပ္ခဲ့ပါတယ္။
 

“ဒီႏွစ္မွာ ဒီတစ္ေယာက္ကို ဝိုင္းၿပီးအားေပးၾကတယ္၊ ေနာက္တစ္ႏွစ္က်ေတာ့ ဒီႏွစ္မွာ အားေပးတဲ့ ပရိသတ္က ေနာက္အသစ္တက္လာတဲ့ သူ႔ကိုေျပာင္းၿပီး အားေပးတာမ်ိဳးေတာ့ အဲ့လိုမ်ိဳးေတာ့ သိပ္မရွိဘူး၊ ဒါကလည္းအနည္းအက်ဥ္းေတာ့ ရွိခ်င္ေတာ့ရွိမွာေပါ့ေလ၊ အမ်ားစုကေတာ့ သူတို႔က စၿပီးတက္လာကတည္းက သူ႔တို႔ရဲ႕ အမာခံပရိသတ္ We Love အဖြဲ႕ေလးေတြ ရွိၾကတယ္ေလ၊ သူ႔ပရိသတ္နဲ႔ သူပါပဲ” လို႔ သူက ရွင္းျပပါတယ္။

လြန္ခဲ့တဲ့ ၾသဂုတ္လထဲမွာ က်င္းပၿပီးစီးခဲ့တဲ့ Myanmar Idol Season 3 အစီအစဥ္ဟာ သုံးႏွစ္တာကာလထဲ မ်ားစြာေအာင္ျမင္မႈေတြ ရခဲ့တာျဖစ္ပါတယ္။
 

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၈