ဒါရိုက်တာအလုပ် လုပ်ပေမယ့် သရုပ်ဆောင်ဖို့သာ ငှားရမ်းမှုများနေဟု ဆို

ဒါရိုက်တာအလုပ် လုပ်ပေမယ့် သရုပ်ဆောင်ဖို့သာ ငှားရမ်းမှုများနေဟု ဆို

မြန်မာဇာတ်လမ်းတွေမှာ ဇာတ်ပို့ဇာတ်ရန်တွေအဖြစ် ပါဝင်သရုပ်ဆောင်နေတဲ့ နေလင်း ဟာ ကိုယ်တိုင် ဒါရိုက်တာအလုပ်ကို လုပ်ကိုင်ပြီး ဇာတ်လမ်းတွေ ရိုက်ကူးလုပ်ဆောင်နေပေမယ့် သရုပ်ဆောင်ဖို့အတွက်သာ ငှားရမ်းလာမှုက ပိုများနေတယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဒါရိုက်တာလုပ်ပြီး ရိုက်နေတာတွေတော့ ရှိပါတယ်၊ ဇာတ်ကားက သိပ်တော့မရှိသေးဘူး၊ အဓိက ကတော့ လာငှားတဲ့သူတွေက ဒါရိုက်တာအနေနဲ့ ရိုက်ကူးဖို့ထက် သရုပ်ဆောင်ဖို့ကိုပဲ ငှားရမ်းသူတွေက များပါတယ်။ ဒါကြောင့်လည်း သရုပ်ဆောင်နေရတာက များတာပေါ့” လို့ ဇာတ်ပို့ဇာတ်ရန်အဖြစ် သရုပ်ဆောင်နေတဲ့ နေလင်း က ရှင်းပြပါတယ်။

အခုလတ်တလောမှာတော့ မြန်မာဗီဒီယိုဇာတ်ကားတွေထက် ဇာတ်လမ်းတွဲတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်နေရပြီး ရုပ်ကြီးကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာတွေ ရှိလာတယ်လို့ သိရပါတယ်။

“ကိုယ်ကလည်း ကိုယ်ကိုယ်တိုင် ဒါရိုက်တာ လုပ်နေတော့ ဒါရိုက်တာတွေရဲ့ ခံစားချက်ကို သိပါတယ်၊ ဒါကြောင့်လည်း သရုပ်ဆောင်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီး လုပ်ပြ တာပေါ့နော်၊ ခဏခဏပြန်ပြန်ရိုက်နေရ ရင်လည်း အဆင်မပြေဘူးလေ၊ တစ်ကြိမ်တည်းနဲ့ အကောင်းဆုံး ဖြစ်နိုင်ဖို့အတွက်တော့ ကြိုးစားရတာပေါ့” လို့ သူက ရှင်းပြပါတယ်။

ဒါရိုက်တာအဖြစ်နဲ့ လုပ်ကိုင်နေတာဟာ သုံးနှစ်လောက်ရှိနေပေမယ့် အခုအချိန်အထိ ဇာတ်ကား အနည်းငယ်သာ ရိုက်ကူးနေရကြောင်း၊ ဇာတ်ကားရိုက်ကူးရမှု နည်းပါးတာကလည်း ခေတ်ကာလအရ ဗီဒီယို ဈေးကွက်ဟာ ပျက်သုဉ်းနေတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

“ဒီအလုပ်ကလည်း ဈေးကွက်ကောင်းမှဖြစ်မှာပါလေ၊ ဒါရိုက်တာဆိုတာကတော့ အစ၊ အလယ်၊ အဆုံး ဇာတ်လမ်း၊ ဇာတ်ညွှန်း အကုန်လုံးကို တာဝန်ယူရတယ်၊ ဒီကြားထဲမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးရတယ်၊ ကျွန်တော် ကတော့ အရင်ဆုံးဦးစားပေးအနေနဲ့က ဒါရိုက်တာအနေနဲ့ လုပ်တာပါ၊ ငှားတဲ့သူမရှိရင်တော့ သရုပ်ဆောင်ဖို့ လာငှားရင် သရုပ်ဆောင်တာပေါ့” လို့လည်း သူက ဆက်ပြောပါတယ်။

သူ့အနေနဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးရတဲ့ ဇာတ်ကားတွေမှာ တတ်နိုင်သမျှအချိန်၊ ငွေကြေး တွေကို အလျော့နည်းဆုံးဖြစ်အောင် လုပ်ဆောင်နေပြီး ခေတ်ကာလအရ စရိတ်အနည်းဆုံး သက်သက်သာသာနဲ့ အကောင်းဆုံးဖြစ်အောင် ရိုက်ရက်တွေလည်း သိပ်မယူဘဲ မြန်မြန်ဆန်ဆန် လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၂၇

( Zawgyi )

ျမန္မာဇာတ္လမ္းေတြမွာ ဇာတ္ပို႔ဇာတ္ရန္ေတြအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ေနတဲ့ ေနလင္း ဟာ ကိုယ္တိုင္ ဒါ႐ိုက္တာအလုပ္ကို လုပ္ကိုင္ၿပီး ဇာတ္လမ္းေတြ ႐ိုက္ကူးလုပ္ေဆာင္ေနေပမယ့္ သ႐ုပ္ေဆာင္ဖို႔အတြက္သာ ငွားရမ္းလာမႈက ပိုမ်ားေနတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္ ဒါ႐ိုက္တာလုပ္ၿပီး ႐ိုက္ေနတာေတြေတာ့ ရွိပါတယ္၊ ဇာတ္ကားက သိပ္ေတာ့မရွိေသးဘူး၊ အဓိက ကေတာ့ လာငွားတဲ့သူေတြက ဒါ႐ိုက္တာအေနနဲ႔ ႐ိုက္ကူးဖို႔ထက္ သ႐ုပ္ေဆာင္ဖို႔ကိုပဲ ငွားရမ္းသူေတြက မ်ားပါတယ္။ ဒါေၾကာင့္လည္း သ႐ုပ္ေဆာင္ေနရတာက မ်ားတာေပါ့” လို႔ ဇာတ္ပို႔ဇာတ္ရန္အျဖစ္ သ႐ုပ္ေဆာင္ေနတဲ့ ေနလင္း က ရွင္းျပပါတယ္။

အခုလတ္တေလာမွာေတာ့ ျမန္မာဗီဒီယိုဇာတ္ကားေတြထက္ ဇာတ္လမ္းတြဲေတြမွာ အမ်ားဆုံး ပါဝင္သ႐ုပ္ေဆာင္ေနရၿပီး ႐ုပ္ႀကီးကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာေတြ ရွိလာတယ္လို႔ သိရပါတယ္။

“ကိုယ္ကလည္း ကိုယ္ကိုယ္တိုင္ ဒါ႐ိုက္တာ လုပ္ေနေတာ့ ဒါ႐ိုက္တာေတြရဲ႕ ခံစားခ်က္ကို သိပါတယ္၊ ဒါေၾကာင့္လည္း သ႐ုပ္ေဆာင္တဲ့ေနရာမွာ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးစားၿပီး လုပ္ျပ တာေပါ့ေနာ္၊ ခဏခဏျပန္ျပန္႐ိုက္ေနရ ရင္လည္း အဆင္မေျပဘူးေလ၊ တစ္ႀကိမ္တည္းနဲ႔ အေကာင္းဆုံး ျဖစ္ႏိုင္ဖို႔အတြက္ေတာ့ ႀကိဳးစားရတာေပါ့” လို႔ သူက ရွင္းျပပါတယ္။

ဒါ႐ိုက္တာအျဖစ္နဲ႔ လုပ္ကိုင္ေနတာဟာ သုံးႏွစ္ေလာက္ရွိေနေပမယ့္ အခုအခ်ိန္အထိ ဇာတ္ကား အနည္းငယ္သာ ႐ိုက္ကူးေနရေၾကာင္း၊ ဇာတ္ကား႐ိုက္ကူးရမႈ နည္းပါးတာကလည္း ေခတ္ကာလအရ ဗီဒီယို ေဈးကြက္ဟာ ပ်က္သုဥ္းေနတာေၾကာင့္လည္း ျဖစ္တယ္လို႔ သိရပါတယ္။

“ဒီအလုပ္ကလည္း ေဈးကြက္ေကာင္းမွျဖစ္မွာပါေလ၊ ဒါ႐ိုက္တာဆိုတာကေတာ့ အစ၊ အလယ္၊ အဆုံး ဇာတ္လမ္း၊ ဇာတ္ၫႊန္း အကုန္လုံးကို တာဝန္ယူရတယ္၊ ဒီၾကားထဲမွာ အေကာင္းဆုံးျဖစ္ေအာင္ ဖန္တီးရတယ္၊ ကြၽန္ေတာ္ ကေတာ့ အရင္ဆုံးဦးစားေပးအေနနဲ႔က ဒါ႐ိုက္တာအေနနဲ႔ လုပ္တာပါ၊ ငွားတဲ့သူမရွိရင္ေတာ့ သ႐ုပ္ေဆာင္ဖို႔ လာငွားရင္ သ႐ုပ္ေဆာင္တာေပါ့” လို႔လည္း သူက ဆက္ေျပာပါတယ္။

သူ႔အေနနဲ႔ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူ႐ိုက္ကူးရတဲ့ ဇာတ္ကားေတြမွာ တတ္ႏိုင္သမွ်အခ်ိန္၊ ေငြေၾကး ေတြကို အေလ်ာ့နည္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ေနၿပီး ေခတ္ကာလအရ စရိတ္အနည္းဆုံး သက္သက္သာသာနဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ႐ိုက္ရက္ေတြလည္း သိပ္မယူဘဲ ျမန္ျမန္ဆန္ဆန္ လုပ္ကိုင္ေနရတယ္လို႔ ဆိုပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၇