ဒိုရေမီဖာဆိုလာတီဒို တေးစီးရီးခွေ မိတ်ဆက်

ဒိုရေမီဖာဆိုလာတီဒို တေးစီးရီးခွေ မိတ်ဆက်

"ဒိုရေမီဖာဆိုလာတီဒို" လို့ နာမည်ရတဲ့ တေးစီးရီးခွေ မိတ်ဆက်ပွဲကို ဒီကနေ့ (နိုဝင်ဘာ ၃၀ရ က်) မွန်းလွဲ ၁ နာရီခွဲခန့်က ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်းက Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ စီးရီးခွေထဲမှာတော့ တေးသံရှင်တွေအဖြစ် ဂျေမောင်မောင်၊ တူးတူး၊ ဟဲလေး၊ နေမင်းအိမ်၊ နေဝင်း (US),  မီမီဝင်းဖေ၊ အိုင်းရင်းဇင်မာမြင့်၊ အိသက်ထားမွန် တို့က ပါဝင်သီဆိုထားကြပြီး စီစဉ်သူ ဆရာလှ၊ တေးရေး သာဂိ၊ တေးဂီတ သုခုမစက်ရုပ်၊ ဂီတမှူး နိုင်ဇော် တို့က ဖန်တီးထားကြပြီး "လှိုင်း" တေးထုတ်လုပ်ရေးက ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။

"ဒီသီချင်းနဲ့ ပတ်သက်ပြီး ကျွန်တော်အိမ်မှာ ဖွင့်တော့ ကျွန်တော့်သမီးက သီချင်းထဲ ဆိုတဲ့သူကိုလည်း သူမသိဘူး၊ ဒါပေမဲ့ သူပြောတာက ဒီသီချင်းကို ဆိုနေတဲ့သူက သွားကျိုးနေတဲ့သူ၊ သွားကြားထဲကနေ လေထွက်သံလည်း ကြားနေရတယ်လို့ ပြောတယ်၊ အဲ့ဒါကို ကျွန်တော်က ကိုမောင် (ဂျေမောင်မောင်) ကို ပြောပြတော့ သူဒီလောက် မအိုသေးဘူး၊ သွားစိုက်ပြီး ပြန်ဆိုမယ် ဆိုပြီးတော့ လုပ်တာပေါ့၊ ဒါကလည်း ဟာသလေးတစ်ခုအနေနဲ့ အမှတ်တရ ပြောပြတာပါ" လို့ ဂီတမှူး နိုင်ဇော် က ပြောပါတယ်။

အဲ့ဒီအခွေထဲမှာ အတွေ့အကြုံနုနယ်တဲ့ ကလေးဆိုလို့ အိသက်ထားမွန် ပဲ ပါဝင်ပြီး တေးသံရှင် တော်တော်များများဟာ နာမည်ကြီး ဝါရင့်တွေဖြစ်သလို မျိုးဆက်သစ်တွေကို လက်တွဲခေါ်ရင်း လုပ်ဆောင်ထားတာမျိုးလည်း ဖြစ်ပါတယ်။

"တေးရေး ကိုသာဂိ က အဝေးမှာ ရောက်နေပေမယ့် သူ့နှလုံးသားက မြန်မာနိုင်ငံမှာပဲ ရင်ခုန်စွာနဲ့ ရှိနေပါတယ်၊ ဒီသီချင်းလေးကို ခံစားကြည့်ပါ" လို့ တေးသံရှင် ဂျေမောင်မောင် က ပြောပါတယ်။

အဲ့ဒီအခွေထဲမှာ တေးသီချင်းရှစ်ပုဒ် ပါဝင်ပြီး လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ တစ်နိုင်ငံလုံးကို ဖြန့်ချီမှာဖြစ်ပါတယ်။တေးရေးဖြစ်သူ ကိုသာဂိ ဟာ သီချင်းတွေကို ပြည်ပကနေရေးပြီး messenger ကနေ ကိုနိုင်ဇော် ဆီ ပို့လိုက်ရာကနေ အခုလို အခွေစီစဉ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတေးစီးရီးခွေထဲမှာ ပါဝင်သော တခြားတေးသံရှင်တွေဖြစ်တဲ့ တူးတူး နဲ့ မီမီဝင်းဖေ တို့က မိတ်ဆက်ပွဲကို လာရောက်နေကြပေမယ့် ပွဲစဖို့မှန်းထားတဲ့အချိန်ဟာ နာရီဝက်ကျော်လောက် နောက်ကျနေပြီး ၎င်းတို့ဟာ လမ်းမှာပဲ ရှိနေသေးတဲ့အတွက် စောင့်ဆိုင်းသူတွေရဲ့ အချိန်ကို လေးစားတဲ့အနေနဲ့ ဆက်လက်မစောင့်ဆိုင်းတော့ပဲ မိတ်ဆက်ပွဲကို စတင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၃၀

( Zawgyi )

"ဒိုေရမီဖာဆိုလာတီဒို" လို႔ နာမည္ရတဲ့ ေတးစီးရီးေခြ မိတ္ဆက္ပြဲကို ဒီကေန႔ (ႏိုဝင္ဘာ ၃၀ရ က္) မြန္းလြဲ ၁ နာရီခြဲခန႔္က ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ ဘုရားလမ္းက Orchid ဟိုတယ္မွာ က်င္းပခဲ့ပါတယ္။

အဆိုပါ စီးရီးေခြထဲမွာေတာ့ ေတးသံရွင္ေတြအျဖစ္ ေဂ်ေမာင္ေမာင္၊ တူးတူး၊ ဟဲေလး၊ ေနမင္းအိမ္၊ ေနဝင္း (US),  မီမီဝင္းေဖ၊ အိုင္းရင္းဇင္မာျမင့္၊ အိသက္ထားမြန္ တို႔က ပါဝင္သီဆိုထားၾကၿပီး စီစဥ္သူ ဆရာလွ၊ ေတးေရး သာဂိ၊ ေတးဂီတ သုခုမစက္႐ုပ္၊ ဂီတမႉး ႏိုင္ေဇာ္ တို႔က ဖန္တီးထားၾကၿပီး "လႈိင္း" ေတးထုတ္လုပ္ေရးက ျဖန႔္ခ်ီသြားမွာ ျဖစ္ပါတယ္။

"ဒီသီခ်င္းနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္အိမ္မွာ ဖြင့္ေတာ့ ကြၽန္ေတာ့္သမီးက သီခ်င္းထဲ ဆိုတဲ့သူကိုလည္း သူမသိဘူး၊ ဒါေပမဲ့ သူေျပာတာက ဒီသီခ်င္းကို ဆိုေနတဲ့သူက သြားက်ိဳးေနတဲ့သူ၊ သြားၾကားထဲကေန ေလထြက္သံလည္း ၾကားေနရတယ္လို႔ ေျပာတယ္၊ အဲ့ဒါကို ကြၽန္ေတာ္က ကိုေမာင္ (ေဂ်ေမာင္ေမာင္) ကို ေျပာျပေတာ့ သူဒီေလာက္ မအိုေသးဘူး၊ သြားစိုက္ၿပီး ျပန္ဆိုမယ္ ဆိုၿပီးေတာ့ လုပ္တာေပါ့၊ ဒါကလည္း ဟာသေလးတစ္ခုအေနနဲ႔ အမွတ္တရ ေျပာျပတာပါ" လို႔ ဂီတမႉး ႏိုင္ေဇာ္ က ေျပာပါတယ္။

အဲ့ဒီအေခြထဲမွာ အေတြ႕အႀကဳံႏုနယ္တဲ့ ကေလးဆိုလို႔ အိသက္ထားမြန္ ပဲ ပါဝင္ၿပီး ေတးသံရွင္ ေတာ္ေတာ္မ်ားမ်ားဟာ နာမည္ႀကီး ဝါရင့္ေတြျဖစ္သလို မ်ိဳးဆက္သစ္ေတြကို လက္တြဲေခၚရင္း လုပ္ေဆာင္ထားတာမ်ိဳးလည္း ျဖစ္ပါတယ္။

"ေတးေရး ကိုသာဂိ က အေဝးမွာ ေရာက္ေနေပမယ့္ သူ႔ႏွလုံးသားက ျမန္မာႏိုင္ငံမွာပဲ ရင္ခုန္စြာနဲ႔ ရွိေနပါတယ္၊ ဒီသီခ်င္းေလးကို ခံစားၾကည့္ပါ" လို႔ ေတးသံရွင္ ေဂ်ေမာင္ေမာင္ က ေျပာပါတယ္။

အဲ့ဒီအေခြထဲမွာ ေတးသီခ်င္းရွစ္ပုဒ္ ပါဝင္ၿပီး လာမယ့္ ဒီဇင္ဘာ ၃ ရက္ေန႔မွာ တစ္ႏိုင္ငံလုံးကို ျဖန႔္ခ်ီမွာျဖစ္ပါတယ္။ေတးေရးျဖစ္သူ ကိုသာဂိ ဟာ သီခ်င္းေတြကို ျပည္ပကေနေရးၿပီး messenger ကေန ကိုႏိုင္ေဇာ္ ဆီ ပို႔လိုက္ရာကေန အခုလို အေခြစီစဥ္ျဖစ္ခဲ့တာလို႔ ဆိုပါတယ္။

အဲ့ဒီေတးစီးရီးေခြထဲမွာ ပါဝင္ေသာ တျခားေတးသံရွင္ေတြျဖစ္တဲ့ တူးတူး နဲ႔ မီမီဝင္းေဖ တို႔က မိတ္ဆက္ပြဲကို လာေရာက္ေနၾကေပမယ့္ ပြဲစဖို႔မွန္းထားတဲ့အခ်ိန္ဟာ နာရီဝက္ေက်ာ္ေလာက္ ေနာက္က်ေနၿပီး ၎တို႔ဟာ လမ္းမွာပဲ ရွိေနေသးတဲ့အတြက္ ေစာင့္ဆိုင္းသူေတြရဲ႕ အခ်ိန္ကို ေလးစားတဲ့အေနနဲ႔ ဆက္လက္မေစာင့္ဆိုင္းေတာ့ပဲ မိတ္ဆက္ပြဲကို စတင္ခဲ့ၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၃၀