ဒေါ်လာ ၈ သန်းကျော်တန် အိမ်သစ်ကို မိတ်ဆက်လိုက်တဲ့ ဂျက်စတင်ဘီဘာ

ဒေါ်လာ ၈ သန်းကျော်တန် အိမ်သစ်ကို မိတ်ဆက်လိုက်တဲ့ ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာ နဲ့ ဟေးလေး တို့ စုံတွဲဟာ အရင်က လော့စ်အိန်ဂျလေ့စ် ရပ်ကွက်မှာ တစ်လ ဒေါ်လာ (၁) သိန်းနဲ့ အိမ်ငှားနေပေမဲ့ ခုချိန်မှာတော့ အိမ်ငှားဘဝကနေ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးရှင် ဖြစ်လာခဲ့ပါတယ်။

ဂျက်စတင် နဲ့ ဟေးလေး တို့နှစ်ဦး လက်တွဲခဲ့တာ တစ်နှစ်ပြည့်လုနီးချိန်မှာ ဟောလိဝုဒ်စတားတွေနေတဲ့ Beverly Hills လူချမ်းသာရပ်ကွက်က ဒေါ်လာသန်းချီတန်တဲ့ အိမ်မှာ အခြေချလိုက်တာပါ။

၁၉၃၀ ပြည့်လွန်ခေတ် ကိုလိုနီလက်ရာဖြစ်တဲ့ အဲဒီအိမ်ကို ဒေါ်လာ ၈.၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။အကျယ်အဝန်းအားဖြင့်လည်း စတုရန်းပေ ၆၀၀၀ ကျယ်တယ်လို့ ဆိုပါတယ်။ဂျက်စတင်ဘီဘာ က အခုလ ၂၇ ရက်နေ့မှာ သူ့ရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို အင်စတာဂရမ်မှာတင်ရင်း ပရိသတ်တွေကို အိမ်အသစ်နဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုအစမှာ ဂျက်စတင် က Drake နဲ့ Chris Brown တို့ရဲ့ No Guidance သီချင်းဆိုရင်းနဲ့ တစ်ခန်းပြီးတစ်ခန်း လိုက်ပြခဲ့ပါတယ်။ဧည့်ခန်းမှာတော့ သစ်သားနဲ့လုပ်တဲ့ ခေတ်မီပရိဘောဂတွေနဲ့ အလှဆင်ထားပြီး၊ နံရံမှာ Flat TV ဆင်ထားပါတယ်။နံရံတစ်ဘက်မှာတော့ ‘I love you’ စာသားနဲ့ လက်ရာမြောက် ပန်းချီကားကြီးတစ်ချပ် ရှိနေပါတယ်။ဒီလိုလူချမ်းသာရပ်ကွက်မှာ ဒေါ်လာ ၈ သန်းကျော်လောက်နဲ့ အိမ်ဆိုရင်တော့ ခြံဝန်းထဲ မြက်ခင်းပြင် ပါမယ်လို့ မထင်ကြပါဘူး။ဒါပေမဲ့ သူတို့အိမ်သစ်မှာတော့ မြက်ခင်းပြင်ပါတဲ့အပြင် ရေကူးကန်နဲ့ မီးလင်းဖိုလည်း ပါပါတယ်။ဟေးလေး နဲ့အတူ Oscar (ခွေးလေး) ရှိနေတဲ့ သူတို့ရဲ့ အိပ်ခန်းကိုလည်း ဂျက်စတင်ဘီဘာ က လိုက်ပြပါတယ်။ပေါင်းကူးအမိုးပုံစံ မျက်နှာကြက်၊ မီးလင်းဖို၊ အဖြူရောင် ခေတ်မီပရိဘောဂတွေနဲ့ သူတို့အိပ်ခန်းလေးကို အမိုက်စားအလှဆင်ထားတာကိုလည်း တွေ့ရပါတယ်။မိသားစုတွေလာရင် တည်းဖို့အတွက်လည်း ပူစရာမလိုပါဘူး။သူတို့အိမ်မှာ စုစုပေါင်း အိပ်ခန်း ၅ ခန်း ပါရှိပါတယ်။

သူတို့စုံတွဲ ကလေးလိုချင်ပြီဆိုတဲ့ အကြောင်းကိုလည်း မကြာသေးမီက အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။ဂျက်စတင်ဘီဘာ ကတော့ သမီးလေး လိုချင်တယ်လို့ ပြောပါတယ်။

ရည်မွန်
Ref : Dailymail
လော့အိန်ဂျလေ့စ်၊ ဇူလိုင် - ၂၉

( Zawgyi )

ဂ်က္စတင္ဘီဘာ နဲ႔ ေဟးေလး တို႔ စုံတြဲဟာ အရင္က ေလာ့စ္အိန္ဂ်ေလ့စ္ ရပ္ကြက္မွာ တစ္လ ေဒၚလာ (၁) သိန္းနဲ႔ အိမ္ငွားေနေပမဲ့ ခုခ်ိန္မွာေတာ့ အိမ္ငွားဘဝကေန ေဒၚလာသန္းခ်ီတန္တဲ့ အိမ္ႀကီးရွင္ ျဖစ္လာခဲ့ပါတယ္။

ဂ်က္စတင္ နဲ႔ ေဟးေလး တို႔ႏွစ္ဦး လက္တြဲခဲ့တာ တစ္ႏွစ္ျပည့္လုနီးခ်ိန္မွာ ေဟာလိဝုဒ္စတားေတြေနတဲ့ Beverly Hills လူခ်မ္းသာရပ္ကြက္က ေဒၚလာသန္းခ်ီတန္တဲ့ အိမ္မွာ အေျခခ်လိုက္တာပါ။

၁၉၃၀ ျပည့္လြန္ေခတ္ ကိုလိုနီလက္ရာျဖစ္တဲ့ အဲဒီအိမ္ကို ေဒၚလာ ၈.၅ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ပါတယ္။အက်ယ္အဝန္းအားျဖင့္လည္း စတုရန္းေပ ၆၀၀၀ က်ယ္တယ္လို႔ ဆိုပါတယ္။ဂ်က္စတင္ဘီဘာ က အခုလ ၂၇ ရက္ေန႔မွာ သူ႔ရဲ႕ တစ္ေန႔တာလႈပ္ရွားမႈေတြကို အင္စတာဂရမ္မွာတင္ရင္း ပရိသတ္ေတြကို အိမ္အသစ္နဲ႔ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။

ဗီဒီယိုအစမွာ ဂ်က္စတင္ က Drake နဲ႔ Chris Brown တို႔ရဲ႕ No Guidance သီခ်င္းဆိုရင္းနဲ႔ တစ္ခန္းၿပီးတစ္ခန္း လိုက္ျပခဲ့ပါတယ္။ဧည့္ခန္းမွာေတာ့ သစ္သားနဲ႔လုပ္တဲ့ ေခတ္မီပရိေဘာဂေတြနဲ႔ အလွဆင္ထားၿပီး၊ နံရံမွာ Flat TV ဆင္ထားပါတယ္။နံရံတစ္ဘက္မွာေတာ့ ‘I love you’ စာသားနဲ႔ လက္ရာေျမာက္ ပန္းခ်ီကားႀကီးတစ္ခ်ပ္ ရွိေနပါတယ္။ဒီလိုလူခ်မ္းသာရပ္ကြက္မွာ ေဒၚလာ ၈ သန္းေက်ာ္ေလာက္နဲ႔ အိမ္ဆိုရင္ေတာ့ ၿခံဝန္းထဲ ျမက္ခင္းျပင္ ပါမယ္လို႔ မထင္ၾကပါဘူး။ဒါေပမဲ့ သူတို႔အိမ္သစ္မွာေတာ့ ျမက္ခင္းျပင္ပါတဲ့အျပင္ ေရကူးကန္နဲ႔ မီးလင္းဖိုလည္း ပါပါတယ္။ေဟးေလး နဲ႔အတူ Oscar (ေခြးေလး) ရွိေနတဲ့ သူတို႔ရဲ႕ အိပ္ခန္းကိုလည္း ဂ်က္စတင္ဘီဘာ က လိုက္ျပပါတယ္။ေပါင္းကူးအမိုးပုံစံ မ်က္ႏွာၾကက္၊ မီးလင္းဖို၊ အျဖဴေရာင္ ေခတ္မီပရိေဘာဂေတြနဲ႔ သူတို႔အိပ္ခန္းေလးကို အမိုက္စားအလွဆင္ထားတာကိုလည္း ေတြ႕ရပါတယ္။မိသားစုေတြလာရင္ တည္းဖို႔အတြက္လည္း ပူစရာမလိုပါဘူး။သူတို႔အိမ္မွာ စုစုေပါင္း အိပ္ခန္း ၅ ခန္း ပါရွိပါတယ္။

သူတို႔စုံတြဲ ကေလးလိုခ်င္ၿပီဆိုတဲ့ အေၾကာင္းကိုလည္း မၾကာေသးမီက အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့ပါတယ္။ဂ်က္စတင္ဘီဘာ ကေတာ့ သမီးေလး လိုခ်င္တယ္လို႔ ေျပာပါတယ္။

ရည္မြန္
Ref : Dailymail
ေလာ့အိန္ဂ်ေလ့စ္၊ ဇူလိုင္ - ၂၉