နာဂစ်မုန်တိုင်းကာလ အခြေခံရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ဇူလိုင်နောက်ဆုံးပတ် မှာ စတင်ရိုက်ကူးမယ်

 နာဂစ်မုန်တိုင်းကာလ အခြေခံရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ဇူလိုင်နောက်ဆုံးပတ် မှာ စတင်ရိုက်ကူးမယ်

နာဂစ်မုန်တိုင်းကာလကို အခြေခံကာ ဇာတ်အိမ်ဖွဲ့စီစဉ်ထားတဲ့ “ကျွန်တော့်ရဲ့ သူ”လို့နာမည်ရသော ရုပ်ရှင်ဇာတ်ကားကို ယခုဇူလိုင်လနောက်ဆုံး ပတ်မှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။

အဆိုပါ ဇာတ်ကားမှာ ဇာတ်လမ်း စံကို၊ ဇာတ်ညွှန်း M နိုး၊ မယ်ခိုင်၊ ဒါရိုက်တာ နေဟိန်း တို့မှ ပုံဖော်ရိုက်ကူးပြီး သရုပ်ဆောင်တွေအဖြစ် နေတိုး၊ မိုးဟေကိုနဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်မှာဖြစ်သလို 7 th Sense Film Production မှ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ “ကာရိုက်တာပိုင်းက ကိုယ့်အနေနဲ့ ဇာတ်လမ်းကောင်းပေမယ့် ကာရိုက်တာ နည်းနည်းလေးများနေပြီလားဆိုပြီး ရွေး ချယ်ရတာမျိုးလည်းရှိပါတယ်၊ ထပ်ကာထပ်ကာ ဒီအကြောင်းအရာတွေပဲ ရိုက်နေမှာထက်စာရင် ဇာတ်လမ်းပြောင်းသွားတယ်ဆို ရင် သရုပ်ဆောင်မှုကလည်း ရာခိုင်နှုန်း တော်တော်များများ ပြောင်းလဲပြီး သရုပ်ဆောင်ခွင့်ရတယ်ဆိုတော့ အဲဒီလိုသရုပ်ဆောင်ခွင့် ရအောင်တော့ အများကြီးဇာတ်လမ်းရွေးချယ်မှုအပိုင်း လုပ်ရပါတယ်၊ ဒီဇာတ်ကားလေးကလည်း စိတ်ဝင်စား ဖို့လည်းကောင်းတာကြောင့် အခုလိုရိုက်ကူးဖြစ်တာဖြစ်ပါတယ်’’လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။

ထိုဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုးဟာ Cosmetic ပစ္စည်းများ ဖြန့်ဖြူးသူတစ်ဦးအဖြစ်ပါဝင် ရိုက်ကူး သွားဖို့ရှိပြီး ဇူလိုင်လနောက်ဆုံး ပတ်မှ စတင်ကာ သုံးလအကြာရိုက်ကူးမှာဖြစ်သလို ရန်ကုန်မြို့အနီးတစ်ဝိုက်မှာ ရိုက်ကူးသွားကြမှာဖြစ်ပါတယ်။ ထိုဇာတ်ကားဟာ အချစ်၊ အလွမ်း၊ မိသားစုချစ်ခြင်းမေတ္တာတွေအပြင် ပညာပေး ဇာတ်ကားလည်းဖြစ်သလို မတူညီသောဘဝအခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရသမျိုးစုံကို ခံစား ကြည့်ရှုနိုင်ဖို့ ပုံဖော်သွားကြမှာဖြစ်ပါတယ်။ “ဒီရုပ်ရှင်ဇာတ်ကားက သာမန်နဲ့တော့ကွဲတယ်၊ အချစ်ဒရမ်မာနဲ့ စိတ်ပိုင်းဆိုင်ရာ တွေ ပါဝင်တယ်၊ ညီမက ဒီကားထဲမှာ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်နေရာက သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်”လို့ မိုးဟေကိုက ပြောပါတယ်။

ဇာတ်လမ်းပိုင်းတွင် ဆင်ဆာနဲ့ငြိတဲ့အခြေအနေကြောင့်လည်း ပြန်လည်ပြင်ဆင်ကာ ဇာတ်လမ်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။ ထိုဇာတ်ကားနဲ့ပတ်သက်တဲ့ ကန်တော့ပွဲပေးတဲ့အခမ်းအနားကို ဇူလိုင် ၁၇ ရက်က ရွှေတိဂုံအောင်မြေမှာ ကျင်းပခဲ့ပြီး M 3 စားသောက်ဆိုင်မှာ စာနယ်ဇင်းမိတ်ဆက်တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၁၈

(  Zawgyi  )

 နာဂစ္မုန္တိုင္းကာလကို အေျခခံကာ ဇာတ္အိမ္ဖြဲ႕စီစဥ္ထားတဲ့ “ကြၽန္ေတာ့္ရဲ႕ သူ”လို႔နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကားကို ယခုဇူလိုင္လေနာက္ဆုံး ပတ္မွာ စတင္႐ိုက္ကူးဖို႔ စီစဥ္ထားပါတယ္။

အဆိုပါ ဇာတ္ကားမွာ ဇာတ္လမ္း စံကို၊ ဇာတ္ၫႊန္း M ႏိုး၊ မယ္ခိုင္၊ ဒါ႐ိုက္တာ ေနဟိန္း တို႔မွ ပုံေဖာ္႐ိုက္ကူးၿပီး သ႐ုပ္ေဆာင္ေတြအျဖစ္ ေနတိုး၊ မိုးေဟကိုနဲ႔ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာ ပါဝင္မွာျဖစ္သလို 7 th Sense Film Production မွ ထုတ္လုပ္သြားမွာျဖစ္ပါတယ္။ “ကာ႐ိုက္တာပိုင္းက ကိုယ့္အေနနဲ႔ ဇာတ္လမ္းေကာင္းေပမယ့္ ကာ႐ိုက္တာ နည္းနည္းေလးမ်ားေနၿပီလားဆိုၿပီး ေ႐ြး ခ်ယ္ရတာမ်ိဳးလည္းရွိပါတယ္၊ ထပ္ကာထပ္ကာ ဒီအေၾကာင္းအရာေတြပဲ ႐ိုက္ေနမွာထက္စာရင္ ဇာတ္လမ္းေျပာင္းသြားတယ္ဆို ရင္ သ႐ုပ္ေဆာင္မႈကလည္း ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ား ေျပာင္းလဲၿပီး သ႐ုပ္ေဆာင္ခြင့္ရတယ္ဆိုေတာ့ အဲဒီလိုသ႐ုပ္ေဆာင္ခြင့္ ရေအာင္ေတာ့ အမ်ားႀကီးဇာတ္လမ္းေ႐ြးခ်ယ္မႈအပိုင္း လုပ္ရပါတယ္၊ ဒီဇာတ္ကားေလးကလည္း စိတ္ဝင္စား ဖို႔လည္းေကာင္းတာေၾကာင့္ အခုလို႐ိုက္ကူးျဖစ္တာျဖစ္ပါတယ္’’လို႔ သ႐ုပ္ေဆာင္ ေနတိုးက ေျပာပါတယ္။

ထိုဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ ေနတိုးဟာ Cosmetic ပစၥည္းမ်ား ျဖန႔္ျဖဴးသူတစ္ဦးအျဖစ္ပါဝင္ ႐ိုက္ကူး သြားဖို႔ရွိၿပီး ဇူလိုင္လေနာက္ဆုံး ပတ္မွ စတင္ကာ သုံးလအၾကာ႐ိုက္ကူးမွာျဖစ္သလို ရန္ကုန္ၿမိဳ႕အနီးတစ္ဝိုက္မွာ ႐ိုက္ကူးသြားၾကမွာျဖစ္ပါတယ္။ ထိုဇာတ္ကားဟာ အခ်စ္၊ အလြမ္း၊ မိသားစုခ်စ္ျခင္းေမတၱာေတြအျပင္ ပညာေပး ဇာတ္ကားလည္းျဖစ္သလို မတူညီေသာဘဝအေျခအေနမ်ား၊ စိတ္ပိုင္းဆိုင္ရာ၊ ရသမ်ိဳးစုံကို ခံစား ၾကည့္ရႈႏိုင္ဖို႔ ပုံေဖာ္သြားၾကမွာျဖစ္ပါတယ္။ “ဒီ႐ုပ္ရွင္ဇာတ္ကားက သာမန္နဲ႔ေတာ့ကြဲတယ္၊ အခ်စ္ဒရမ္မာနဲ႔ စိတ္ပိုင္းဆိုင္ရာ ေတြ ပါဝင္တယ္၊ ညီမက ဒီကားထဲမွာ အိမ္ေထာင္သည္အမ်ိဳးသမီးတစ္ေယာက္ေနရာက သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္”လို႔ မိုးေဟကိုက ေျပာပါတယ္။

ဇာတ္လမ္းပိုင္းတြင္ ဆင္ဆာနဲ႔ၿငိတဲ့အေျခအေနေၾကာင့္လည္း ျပန္လည္ျပင္ဆင္ကာ ဇာတ္လမ္းတည္ေဆာက္ထားတယ္လို႔ သိရပါတယ္။ ထိုဇာတ္ကားနဲ႔ပတ္သက္တဲ့ ကန္ေတာ့ပြဲေပးတဲ့အခမ္းအနားကို ဇူလိုင္ ၁၇ ရက္က ေ႐ႊတိဂုံေအာင္ေျမမွာ က်င္းပခဲ့ၿပီး M 3 စားေသာက္ဆိုင္မွာ စာနယ္ဇင္းမိတ္ဆက္တာေတြကို လုပ္ေဆာင္ခဲ့ၾကပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၁၈