နာမည်ကြီးရော့ခ်အဖွဲ့ AC/DC ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် တကယ်ဖြစ်လာမလား

 
နာမည်ကြီးရော့ခ်အဖွဲ့ AC/DC ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် တကယ်ဖြစ်လာမလား

 တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ AC/DCရော့်ခ်ဂီတအဖွဲ့ဟာ နောက်တစ်ပတ်ထဲမှာ သူတို့ရှေ့ဆက်လုပ်မယ့် Live Showအစီအစဉ်တွေနဲ့ပတ်သက်ပြီးကြေညာမယ်လို့ အွန်လိုင်း သတင်း တစ်ခုက ပြောပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်လောက်မှာ AC/DCရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုတာတွေ ရေပန်းစား လာခဲ့ပါတယ်။ AC/DCအဖွဲ့ Lead Singerဖြစ်တဲ့ Brain Johnson ရဲ့အကြား အာရုံ ချို့ယွင်းမှုဖြစ်ပြီးတဲ့နောက် Guns N’Roses ရော့ခ်အဖွဲ့က Axl Roseကို Rock Or Bustဖျော်ဖြေရေး ခရီးစဉ်မှာ အစားထိုးခဲ့ရပါတယ်။

အဲဒီခရီးစဉ်အပြီးမှာ အဖွဲ့နဲ့ပတ်သက်ပြီး အနည်းဆုံး ၂ လလောက် ဘာသတင်းမှ မကြားရတော့ ပါဘူး။ အဲဒီနောက် မနှစ်က သြဂုတ်လမှာ AC/DCဒရမ်သမား Phil Ruddနဲ့ Johnsonတို့ ခပ်တန်း တန်းဖြစ်နေရာက Vancouver Studioအပြင်ဘက်မှာ နှစ်ယောက်အတူတွေ့ခဲ့ရပါတယ်။

သူတို့အဖွဲ့ရဲ့ အယ်လ်ဘမ်ပေါင်းများစွာကို အဲဒီစတူဒီယိုမှာပဲ သွင်းခဲ့တာပါ။ ကာလကြာ လက်တွဲ လာတဲ့ စတူဒီယိုအင်ဂျင်နီယာ Mike Fraserကလည်း သူတို့အဖွဲ့က စတူဒီယိုကိုပြန်လာပြီး၊ တစ်စုံတစ်ရာလုပ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

 AC/DCဖျော်ဖြေပွဲထပ်လုပ်မယ်ဆိုတဲ့အကြောင်းကို ပြီးခဲ့တဲ့ဧပြီလမှာ ရေဒီယိုအစီအစဉ်တင်ဆက်သူ Eddie Trunkကလည်း ပြောသလို၊ V100 Rocksဝက်ဘ်ဆိုဒ်ကလည်း ရှေ့တစ်ပတ်မှာ AC/DC အဖွဲ့က ၂၀၁၉-၂၀၂၀ဖျော်ဖြေရေးခရီးစဉ်အကြောင်း ကြေညာမယ်လို့ ဆိုပါတယ်။

ဒီပွဲနဲ့အတူ ဒီလောကမှာအချိန်အတော်ကြာပျောက်နေတဲ့ Johnsonပြန်လာမယ်လို့လည်း ပြောပါ တယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး AC/DCဘက်ကတော့ တရားဝင်အတည်ပြုထားခြင်း မရှိသေးပါဘူး။

ရည်မွန်သော်
နယူးယောက်၊ဇူလိုင် ၁၃

(  Zawgyi  )

  တစ္ခ်ိန္ကေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ AC/DCေရာ့္ခ္ဂီတအဖြဲ႕ဟာ ေနာက္တစ္ပတ္ထဲမွာ သူတို႔ေရွ႕ဆက္လုပ္မယ့္ Live Showအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီးေၾကညာမယ္လို႔ အြန္လိုင္း သတင္း တစ္ခုက ေျပာပါတယ္။

လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္မွာ AC/DCရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ထင္ေၾကးေပးေျပာဆိုတာေတြ ေရပန္းစား လာခဲ့ပါတယ္။ AC/DCအဖြဲ႕ Lead Singerျဖစ္တဲ့ Brain Johnson ရဲ႕အၾကား အာ႐ုံ ခ်ိဳ႕ယြင္းမႈျဖစ္ၿပီးတဲ့ေနာက္ Guns N’Roses ေရာ့ခ္အဖြဲ႕က Axl Roseကို Rock Or Bustေဖ်ာ္ေျဖေရး ခရီးစဥ္မွာ အစားထိုးခဲ့ရပါတယ္။

အဲဒီခရီးစဥ္အၿပီးမွာ အဖြဲ႕နဲ႔ပတ္သက္ၿပီး အနည္းဆုံး ၂ လေလာက္ ဘာသတင္းမွ မၾကားရေတာ့ ပါဘူး။ အဲဒီေနာက္ မႏွစ္က ၾသဂုတ္လမွာ AC/DCဒရမ္သမား Phil Ruddနဲ႔ Johnsonတို႔ ခပ္တန္း တန္းျဖစ္ေနရာက Vancouver Studioအျပင္ဘက္မွာ ႏွစ္ေယာက္အတူေတြ႕ခဲ့ရပါတယ္။

သူတို႔အဖြဲ႕ရဲ႕ အယ္လ္ဘမ္ေပါင္းမ်ားစြာကို အဲဒီစတူဒီယိုမွာပဲ သြင္းခဲ့တာပါ။ ကာလၾကာ လက္တြဲ လာတဲ့ စတူဒီယိုအင္ဂ်င္နီယာ Mike Fraserကလည္း သူတို႔အဖြဲ႕က စတူဒီယိုကိုျပန္လာၿပီး၊ တစ္စုံတစ္ရာလုပ္ေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

 AC/DCေဖ်ာ္ေျဖပြဲထပ္လုပ္မယ္ဆိုတဲ့အေၾကာင္းကို ၿပီးခဲ့တဲ့ဧၿပီလမွာ ေရဒီယိုအစီအစဥ္တင္ဆက္သူ Eddie Trunkကလည္း ေျပာသလို၊ V100 Rocksဝက္ဘ္ဆိုဒ္ကလည္း ေရွ႕တစ္ပတ္မွာ AC/DC အဖြဲ႕က ၂၀၁၉-၂၀၂၀ေဖ်ာ္ေျဖေရးခရီးစဥ္အေၾကာင္း ေၾကညာမယ္လို႔ ဆိုပါတယ္။

ဒီပြဲနဲ႔အတူ ဒီေလာကမွာအခ်ိန္အေတာ္ၾကာေပ်ာက္ေနတဲ့ Johnsonျပန္လာမယ္လို႔လည္း ေျပာပါ တယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး AC/DCဘက္ကေတာ့ တရားဝင္အတည္ျပဳထားျခင္း မရွိေသးပါဘူး။

ရည္မြန္ေသာ္
နယူးေယာက္၊ဇူလိုင္ ၁၃