နေတတ်ရင်ကျေနပ်စရာကောင်းတယ် ဆိုတဲ့ အကယ်ဒမီရန်အောင်

  နေတတ်ရင်ကျေနပ်စရာကောင်းတယ် ဆိုတဲ့ အကယ်ဒမီရန်အောင်

လက်ရှိကာလမှာ အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ထားပြီး ယခုအချိန်အထိ အိမ်ထောင်မပြုသေးဘဲ အနုပညာ အလုပ်တွေကိုသာ အားထည့်ပြီး လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ရန်အောင်က လောကကြီးက နေတတ်ရင်ကျေနပ်စရာ ကောင်းပါတယ်လို့ ပြောပါတယ်။ "အိမ်ထောင်မပြုတော့ ဘူးလား ဆိုတာကိုတော့ တိတိကျကျ မပြောလိုပါဘူးနော်၊ လူပျိုကြီးပဲဖြစ်ဖြစ် အိမ်ထောင်ရှင်ပဲဖြစ်ဖြစ် ဘယ်ဘ၀ ရောက်ရောက်ပါ၊ နေတတ်ရင် လောကကြီးက ကျေနပ်စရာ ကောင်းပါတယ်၊ နေတတ်ဖို့ပဲ လိုပါတယ်၊ ဖြစ်တဲ့နေရာ ရောက်နေတဲ့နေရာမှာ ကိုယ့်ဘဝလေးကို နေတတ်ရင် ကျေနပ်စရာပါ၊ နေတတ်အောင်လည်း အမြဲကြိုးစားတယ်"လို့ အခမ်းအနားပွဲတစ်ခုမှာ တွေ့ဆုံစဉ်မေးမြန်းတာကို သူက ပြောကြားခဲ့တာပါ။

ယခုအခါ အနုပညာအလုပ်တွေအနေနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ၊ အခမ်းအနားပွဲတွေကို တက်ရောက်ဖြစ်တာ တွေ ရှိပေမယ့် တေးသီချင်း သီဆိုတာတွေနဲ့ ကြော်ငြာရိုက်ကူး တာတွေကတော့ တော်တော်လေး နည်းသွားတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်ထဲမှာသာ အာရုံစိုက် လုပ်ကိုင် နေတာ ဖြစ်လို့ အိမ်ထောင်ရေးကိစ္စအတွက် သိပ်မစဉ်းစား ဖြစ်ခဲ့တာလို့ သိရပါတယ်။

 "ကျွန်တော် အသက် ၂၀ ပတ်ချာလည်လောက်မှာ အိမ်ထောင်ပြုဖို့ Plan တွေနဲ့ သေချာ စီစဉ်ခဲ့ဖူး တယ်၊ အဲ့ဒီ တုန်းကတော့ ကျွန်တော် အိမ်ထောင်ပြုလို့ အသက် ၄၀ လောက် ဆိုရင် သားသမီးတွေက ၂၀ အရွယ်ရောက်မယ်၊ ကျွန်တော်က အဲ့ဒီလို စီမံကိန်း ဆွဲဖူးတာပေါ့၊ ကျွန်တော် ရှာတဲ့ စီးပွားရေးကို သူတို့ ဦး ဆောင်နိုင်မယ်၊ ကိုယ်က အဲ့အချိန် အေးအေးဆေးဆေး ဘုရားတရားလုပ်မယ်ပေါ့၊ အခုက အသက်လည်း ၅၀ ကျော်နေပြီ၊ အိမ်ထောင်မကျ သားသမီး မရှိတော့ ကိုယ့်ဟာကိုယ် ရုန်းကန်နေရပေမယ့် တော်တော့်ကို လွတ်လွတ်လပ်လပ် ရှိတာပေါ့၊ တစ်ချို့အိမ်ထောင်ရှိတဲ့ သူငယ်ချင်းတွေကလည်း ဒီအတိုင်းပဲနေသွားဖို့ ကျွန်တော့်ကို ပြောကြတယ်၊ လွတ်လပ်တယ်ပေါ့လေ၊ ကျွန်တော့်မှာ ရှိတဲ့ သူငယ်ချင်းတွေက အိမ်ထောင် ဖက်ထက် ပိုကောင်းကြ ပါတယ်၊ ကျွန်တော်တို့ အနေနဲ့က ဘယ်အချိန် မိန်းမကောက် ယူယူ ရတာပေါ့လေ၊ လူကြီးတွေပြောသလိုပေါ့၊ မိန်းမပေါတယ် မယားရှားတယ်လေ။ ဒါကြောင့်လည်းပါပါတယ်၊ အခုတော့ လွတ် လွတ် လပ်လပ်နဲ့ပဲ အနုပညာ အလုပ်တွေကို လုပ်နေဦးမှာပါ"လို့ သရုပ်ဆောင် ရန်အောင်က ရှင်းပြပါတယ်။

သူဟာ ပြည်တွင်းက အနုပညာရှင်တွေထဲမှာ အကယ်ဒမီ ထူးချွန်ဆုတွေ အများကြီးပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်သလို သရုပ်ဆောင်မှုအပိုင်းမှာသာမက တေးသီချင်းပိုင်းမှာလည်း အောင်မြင်ခဲ့သူဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၂

(  Zawgyi  )

 လက္ရွိကာလမွာ ေအးခ်မ္းတဲ့ ဘဝကို ပိုင္ဆိုင္ထားၿပီး ယခုအခ်ိန္အထိ အိမ္ေထာင္မျပဳေသးဘဲ အႏုပညာ အလုပ္ေတြကိုသာ အားထည့္ၿပီး လုပ္ကိုင္ေနတဲ့ သ႐ုပ္ေဆာင္ ရန္ေအာင္က ေလာကႀကီးက ေနတတ္ရင္ေက်နပ္စရာ ေကာင္းပါတယ္လို႔ ေျပာပါတယ္။ "အိမ္ေထာင္မျပဳေတာ့ ဘူးလား ဆိုတာကိုေတာ့ တိတိက်က် မေျပာလိုပါဘူးေနာ္၊ လူပ်ိဳႀကီးပဲျဖစ္ျဖစ္ အိမ္ေထာင္ရွင္ပဲျဖစ္ျဖစ္ ဘယ္ဘ၀ ေရာက္ေရာက္ပါ၊ ေနတတ္ရင္ ေလာကႀကီးက ေက်နပ္စရာ ေကာင္းပါတယ္၊ ေနတတ္ဖို႔ပဲ လိုပါတယ္၊ ျဖစ္တဲ့ေနရာ ေရာက္ေနတဲ့ေနရာမွာ ကိုယ့္ဘဝေလးကို ေနတတ္ရင္ ေက်နပ္စရာပါ၊ ေနတတ္ေအာင္လည္း အၿမဲႀကိဳးစားတယ္"လို႔ အခမ္းအနားပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ေမးျမန္းတာကို သူက ေျပာၾကားခဲ့တာပါ။

ယခုအခါ အႏုပညာအလုပ္ေတြအေနနဲ႔ ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးမႈေတြ၊ အခမ္းအနားပြဲေတြကို တက္ေရာက္ျဖစ္တာ ေတြ ရွိေပမယ့္ ေတးသီခ်င္း သီဆိုတာေတြနဲ႔ ေၾကာ္ျငာ႐ိုက္ကူး တာေတြကေတာ့ ေတာ္ေတာ္ေလး နည္းသြားတယ္လို႔ ဆိုပါတယ္။ အႏုပညာအလုပ္ထဲမွာသာ အာ႐ုံစိုက္ လုပ္ကိုင္ ေနတာ ျဖစ္လို႔ အိမ္ေထာင္ေရးကိစၥအတြက္ သိပ္မစဥ္းစား ျဖစ္ခဲ့တာလို႔ သိရပါတယ္။

 "ကြၽန္ေတာ္ အသက္ ၂၀ ပတ္ခ်ာလည္ေလာက္မွာ အိမ္ေထာင္ျပဳဖို႔ Plan ေတြနဲ႔ ေသခ်ာ စီစဥ္ခဲ့ဖူး တယ္၊ အဲ့ဒီ တုန္းကေတာ့ ကြၽန္ေတာ္ အိမ္ေထာင္ျပဳလို႔ အသက္ ၄၀ ေလာက္ ဆိုရင္ သားသမီးေတြက ၂၀ အ႐ြယ္ေရာက္မယ္၊ ကြၽန္ေတာ္က အဲ့ဒီလို စီမံကိန္း ဆြဲဖူးတာေပါ့၊ ကြၽန္ေတာ္ ရွာတဲ့ စီးပြားေရးကို သူတို႔ ဦး ေဆာင္ႏိုင္မယ္၊ ကိုယ္က အဲ့အခ်ိန္ ေအးေအးေဆးေဆး ဘုရားတရားလုပ္မယ္ေပါ့၊ အခုက အသက္လည္း ၅၀ ေက်ာ္ေနၿပီ၊ အိမ္ေထာင္မက် သားသမီး မရွိေတာ့ ကိုယ့္ဟာကိုယ္ ႐ုန္းကန္ေနရေပမယ့္ ေတာ္ေတာ့္ကို လြတ္လြတ္လပ္လပ္ ရွိတာေပါ့၊ တစ္ခ်ိဳ႕အိမ္ေထာင္ရွိတဲ့ သူငယ္ခ်င္းေတြကလည္း ဒီအတိုင္းပဲေနသြားဖို႔ ကြၽန္ေတာ့္ကို ေျပာၾကတယ္၊ လြတ္လပ္တယ္ေပါ့ေလ၊ ကြၽန္ေတာ့္မွာ ရွိတဲ့ သူငယ္ခ်င္းေတြက အိမ္ေထာင္ ဖက္ထက္ ပိုေကာင္းၾက ပါတယ္၊ ကြၽန္ေတာ္တို႔ အေနနဲ႔က ဘယ္အခ်ိန္ မိန္းမေကာက္ ယူယူ ရတာေပါ့ေလ၊ လူႀကီးေတြေျပာသလိုေပါ့၊ မိန္းမေပါတယ္ မယားရွားတယ္ေလ။ ဒါေၾကာင့္လည္းပါပါတယ္၊ အခုေတာ့ လြတ္ လြတ္ လပ္လပ္နဲ႔ပဲ အႏုပညာ အလုပ္ေတြကို လုပ္ေနဦးမွာပါ"လို႔ သ႐ုပ္ေဆာင္ ရန္ေအာင္က ရွင္းျပပါတယ္။

သူဟာ ျပည္တြင္းက အႏုပညာရွင္ေတြထဲမွာ အကယ္ဒမီ ထူးခြၽန္ဆုေတြ အမ်ားႀကီးပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္ တစ္ေယာက္လည္း ျဖစ္သလို သ႐ုပ္ေဆာင္မႈအပိုင္းမွာသာမက ေတးသီခ်င္းပိုင္းမွာလည္း ေအာင္ျမင္ခဲ့သူျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၂