နှစ်သစ်မှာ အနုပညာအိုင်ဒီယာသစ်တွေချပြမယ့် သားညီ

နှစ်သစ်မှာ အနုပညာအိုင်ဒီယာသစ်တွေချပြမယ့် သားညီ

သရုပ်ဆောင်အဖြစ်ကနေ ဒါရိုက်တာအဖြစ် လုပ်ကိုင်နေတဲ့ သားညီဟာ လာမယ့် ၂၀၂၁ ကာလထဲ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ အိုင်ဒီယာအသစ်တွေနဲ့ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 
“New Normal ဆိုတဲ့ ဘဝနေထိုင်မှု ပုံစံအသစ်မှာ ကျွန်တော်တို့ဟာ နေထိုင်ရတော့မှာဖြစ်ပါတယ်၊ နေ့ရက်တိုင်းမှာ အရာရာအသစ်ဖြစ်နေသလို ကျွန်တော်တို့ရဲ့လောကကြီးကို စိတ်ကူးအသစ်တွေနဲ့ တင်ဆက်မှုပုံစံအသစ်တွေယူဆောင်လာပေးဖို့ စီစဉ်ထားပါတယ်၊ ကျွန်တော်နဲ့ စိတ်တူကိုယ်တူဖြစ်တဲ့ မိတ်ဆွေတွေ စုစည်းပြီး Production လေး တည်ထောင်ထားတာလည်းရှိပါတယ်၊ လာမယ့် အနုပညာလှုပ်ရှားမှုတွေမှာ အိုင်ဒီယာသစ်တွေနဲ့လုပ်သွားမှာပါ၊ စောင့်ကြည့်ပြီး အားပေးပါဦးခင်ဗျာ” လို့ သူက ပြောပြပါတယ်။ 
 
သူဟာ အရင်က သရုပ်ဆောင်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် သရုပ်ဆောင်ဘဝမှာဖန်တီးလို့မရခဲ့တဲ့ အခြေအနေတွေကို ဒါရိုက်တာအဖြစ်နဲ့ ဖန်တီးနေတာဖြစ်ပါတယ်။
 
ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများအပြားရှိလာသလို သူရိုက်ကူးထားတဲ့ ဇာတ်ကားတွေဟာ ပရိသတ်အားပေးမှုတွေရလာတယ်လို့ သိရပါတယ်။ယခုအခါမှာ ကိုယ်တိုင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို ဝါသနာတူတဲ့ မိတ်ဆွေတွေနဲ့ စုစည်းတည်ထောင်ထားပြီး ခွင့်ပြုချက်ရတာနဲ့ ဇာတ်ကားကောင်းတွေအတွက် ရိုက်ကူးသွားဖို့ပြင်ဆင်ထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 
 
“COVID က ဘယ်အချိန်ပြီးမယ်မှန်း မသိပေမယ့် ကျွန်တော်တို့ဟာ အနာဂတ်ကို New Normal Life အနေနဲ့ သွားရမှာဖြစ်တဲ့အတွက် ဘယ်လိုပုံစံတွေနဲ့သွားကြမယ်၊ ဘယ်လိုဖျော်ဖြေတင်ဆက်မှုတွေနဲ့ သွားကြမယ်ဆိုတာ ပြင်ဆင်ထားတယ်၊ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော့်ကို အားပေးစောင့်ကြည့်ကြပါဦးခင်ဗျာ” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
အဲ့ဒီလို ထုတ်လုပ်ရေးအနေနဲ့ လုပ်ဆောင်တဲ့အခါ ရိုက်ကူးမယ့်ဇာတ်ကားတွေ၊ အသုံးပြုမယ့် အနုပညာရှင်တွေနဲ့ ပတ်သက်လို့ ပရိသတ်နှစ်သက်မှုများနိုင်တဲ့ အခြေအနေတွေပေါ် မူတည်ကာ စဉ်းစားအသုံးပြု ရိုက်ကူးထုတ်လုပ် သွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ- သားညီ)
ရန်ကုန်၊ နိုဝင်ဘာ - ၁၄
 
( Zawgyi )
 
သ႐ုပ္ေဆာင္အျဖစ္ကေန ဒါ႐ိုက္တာအျဖစ္ လုပ္ကိုင္ေနတဲ့ သားညီဟာ လာမယ့္ ၂၀၂၁ ကာလထဲ အႏုပညာလႈပ္ရွားမႈေတြ လုပ္ေဆာင္ရာမွာ အိုင္ဒီယာအသစ္ေတြနဲ႔ လုပ္ေဆာင္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
 
“New Normal ဆိုတဲ့ ဘဝေနထိုင္မႈ ပုံစံအသစ္မွာ ကြၽန္ေတာ္တို႔ဟာ ေနထိုင္ရေတာ့မွာျဖစ္ပါတယ္၊ ေန႔ရက္တိုင္းမွာ အရာရာအသစ္ျဖစ္ေနသလို ကြၽန္ေတာ္တို႔ရဲ႕ေလာကႀကီးကို စိတ္ကူးအသစ္ေတြနဲ႔ တင္ဆက္မႈပုံစံအသစ္ေတြယူေဆာင္လာေပးဖို႔ စီစဥ္ထားပါတယ္၊ ကြၽန္ေတာ္နဲ႔ စိတ္တူကိုယ္တူျဖစ္တဲ့ မိတ္ေဆြေတြ စုစည္းၿပီး Production ေလး တည္ေထာင္ထားတာလည္းရွိပါတယ္၊ လာမယ့္ အႏုပညာလႈပ္ရွားမႈေတြမွာ အိုင္ဒီယာသစ္ေတြနဲ႔လုပ္သြားမွာပါ၊ ေစာင့္ၾကည့္ၿပီး အားေပးပါဦးခင္ဗ်ာ” လို႔ သူက ေျပာျပပါတယ္။ 
 
သူဟာ အရင္က သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ လုပ္ကိုင္ခဲ့ေပမယ့္ သ႐ုပ္ေဆာင္ဘဝမွာဖန္တီးလို႔မရခဲ့တဲ့ အေျခအေနေတြကို ဒါ႐ိုက္တာအျဖစ္နဲ႔ ဖန္တီးေနတာျဖစ္ပါတယ္။
 
ဒါ႐ိုက္တာအျဖစ္နဲ႔ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း အမ်ားအျပားရွိလာသလို သူ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြဟာ ပရိသတ္အားေပးမႈေတြရလာတယ္လို႔ သိရပါတယ္။ယခုအခါမွာ ကိုယ္တိုင္ ႐ုပ္ရွင္ထုတ္လုပ္ေရးလုပ္ငန္းကို ဝါသနာတူတဲ့ မိတ္ေဆြေတြနဲ႔ စုစည္းတည္ေထာင္ထားၿပီး ခြင့္ျပဳခ်က္ရတာနဲ႔ ဇာတ္ကားေကာင္းေတြအတြက္ ႐ိုက္ကူးသြားဖို႔ျပင္ဆင္ထားတာေတြလည္းရွိေနတယ္လို႔ သိရပါတယ္။ 
 
“COVID က ဘယ္အခ်ိန္ၿပီးမယ္မွန္း မသိေပမယ့္ ကြၽန္ေတာ္တို႔ဟာ အနာဂတ္ကို New Normal Life အေနနဲ႔ သြားရမွာျဖစ္တဲ့အတြက္ ဘယ္လိုပုံစံေတြနဲ႔သြားၾကမယ္၊ ဘယ္လိုေဖ်ာ္ေျဖတင္ဆက္မႈေတြနဲ႔ သြားၾကမယ္ဆိုတာ ျပင္ဆင္ထားတယ္၊ ပရိသတ္ေတြအေနနဲ႔လည္း ကြၽန္ေတာ့္ကို အားေပးေစာင့္ၾကည့္ၾကပါဦးခင္ဗ်ာ” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။
 
အဲ့ဒီလို ထုတ္လုပ္ေရးအေနနဲ႔ လုပ္ေဆာင္တဲ့အခါ ႐ိုက္ကူးမယ့္ဇာတ္ကားေတြ၊ အသုံးျပဳမယ့္ အႏုပညာရွင္ေတြနဲ႔ ပတ္သက္လို႔ ပရိသတ္ႏွစ္သက္မႈမ်ားႏိုင္တဲ့ အေျခအေနေတြေပၚ မူတည္ကာ စဥ္းစားအသုံးျပဳ ႐ိုက္ကူးထုတ္လုပ္ သြားဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- သားညီ)
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၄