ပရိသတ်ကိုဖျော်ဖြေဖို့ လေ့ကျင့်ထားတဲ့ နှင်းဆီအငြိမ့်အဖွဲ့မှ မင်းသမီး ဖူးစုံ နဲ့ မိုးပြည့်ပြည့်မောင်

ပရိသတ်ကိုဖျော်ဖြေဖို့ လေ့ကျင့်ထားတဲ့ နှင်းဆီအငြိမ့်အဖွဲ့မှ မင်းသမီး ဖူးစုံ နဲ့ မိုးပြည့်ပြည့်မောင်

နှစ်စဉ်ပြုလုပ်နေကျ ရန်ပုံငွေဖျော်ဖြေပွဲကို ယခု ၂၀၁၉ ခုနှစ်မှာလည်း ယနေ့ (အောက်တိုဘာ ၄ ရက်) နဲ့ မနက်ဖြန် (အောက်တိုဘာ ၅ ရက်) တို့မှာ လုပ်ဆောင်သွားဖို့ရှိရာ ပရိသတ်ကို အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့ လိုအပ်သော ကြိုတင်ဇာတ်တိုက် လေ့ကျင့်တာတွေကို တစ်လနီးပါးလောက် အချိန်ယူလုပ်ဆောင်ခဲ့ကြတယ်လို့ သရုပ်ဆောင် ဖူးစုံ နဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင် တို့က ပြောပါတယ်။

၎င်းတို့ဟာ ခင်မင်ရင်းနှီးကြတဲ့ အနုပညာမောင်နှစ်မတွေလည်းဖြစ်သလို ယခင်နှစ်တွေထက် ပိုကောင်းအောင် ကြိုတင်ဇာတ်တိုက် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

“အရင်တုန်းကတော့ လူရွှင်တော်ပြက်လုံးထုတ်ရင် ရှက်ခဲ့တယ်၊ နောက်ပိုင်းတော့ မရှက်တော့ဘူး၊ ရှက်နေရင်လည်း ဖျော်ဖြေရတာ မကောင်းနိုင်ဘူးလေ၊ ဒါလည်း အနုပညာတစ်ခုအနေနဲ့ လုပ်တာဆိုပြီးတော့ မရှက်တော့ဘူးပေါ့၊ ညီမတို့အနေနဲ့လည်း ပြက်လုံးတွေကို နားရည်ဝတာတွေလည်း ပါတာပေါ့၊ ဇာတ်ကားကတော့ ရိုက်ထားတာတွေ ရှိပါတယ်” လို့ သရုပ်ဆောင် ဖူးစုံ က ပြောပါတယ်။

သူမအနေနဲ့ လက်ရှိမှာ “အစက်ကျရာ ဆေးစက်ထင် ဆိုတဲ့ ဇာတ်ကား ရိုက်ကူးထားပေမယ့် ရုံတင်တဲ့ရက်ကို စောင့်ဆိုင်းနေသော အခြေအနေမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။

အငြိမ့်ဖျော်ဖြေပွဲအတွက် ပြင်ဆင်တာတွေအပြင် အနုပညာလှုပ်ရှားမှုအနေနဲ့လည်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားတယ်လို့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင် က ပြောပါတယ်။သူမရိုက်ကူးထားတဲ့ ရှေ့သွားနောက်လိုက် ရုပ်ရှင်ဇာတ်ကားကို ယခုရုံတင်တဲ့အခါ ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေက သူမအပေါ် မုန်းသွားမှာကိုလည်း စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ဇာတ်ကားတွေမှာ ကာရိုက်တာကို မိုးပြည့် က တကယ်ခံစားပြီး ရိုက်တာကြောင့်လည်း နှလုံးရောဂါတောင် ဖြစ်ချင်တယ် မြန်မာဆေးကို စွဲပြီးသောက်နေရတယ်” လို့လည်း ပြောပြပါတယ်။

သူမတို့နှစ်ယောက်ဟာ အငြိမ့်ပွဲအတွက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်တာတွေကို လုပ်ဆောင်ခဲ့သလို ပွဲလမ်းသဘင်များ ဖိတ်ကြားတဲ့အခါ နှစ်ဦးအတူတူ တက်ရောက်လေ့ရှိသလို အနုပညာအလုပ်တွေအတွက်လည်း အတူတူတွဲပြီး လုပ်ကိုင်ဖို့ ကြိုးပမ်းနေတာတွေရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၄

( Zawgyi )

ႏွစ္စဥ္ျပဳလုပ္ေနက် ရန္ပုံေငြေဖ်ာ္ေျဖပြဲကို ယခု ၂၀၁၉ ခုႏွစ္မွာလည္း ယေန႔ (ေအာက္တိုဘာ ၄ ရက္) နဲ႔ မနက္ျဖန္ (ေအာက္တိုဘာ ၅ ရက္) တို႔မွာ လုပ္ေဆာင္သြားဖို႔ရွိရာ ပရိသတ္ကို အေကာင္းဆုံးေဖ်ာ္ေျဖတင္ဆက္ႏိုင္ဖို႔ လိုအပ္ေသာ ႀကိဳတင္ဇာတ္တိုက္ ေလ့က်င့္တာေတြကို တစ္လနီးပါးေလာက္ အခ်ိန္ယူလုပ္ေဆာင္ခဲ့ၾကတယ္လို႔ သ႐ုပ္ေဆာင္ ဖူးစုံ နဲ႔ သ႐ုပ္ေဆာင္ မိုးျပည့္ျပည့္ေမာင္ တို႔က ေျပာပါတယ္။

၎တို႔ဟာ ခင္မင္ရင္းႏွီးၾကတဲ့ အႏုပညာေမာင္ႏွစ္မေတြလည္းျဖစ္သလို ယခင္ႏွစ္ေတြထက္ ပိုေကာင္းေအာင္ ႀကိဳတင္ဇာတ္တိုက္ ေလ့က်င့္ေနတာ ျဖစ္ပါတယ္။

“အရင္တုန္းကေတာ့ လူ႐ႊင္ေတာ္ျပက္လုံးထုတ္ရင္ ရွက္ခဲ့တယ္၊ ေနာက္ပိုင္းေတာ့ မရွက္ေတာ့ဘူး၊ ရွက္ေနရင္လည္း ေဖ်ာ္ေျဖရတာ မေကာင္းႏိုင္ဘူးေလ၊ ဒါလည္း အႏုပညာတစ္ခုအေနနဲ႔ လုပ္တာဆိုၿပီးေတာ့ မရွက္ေတာ့ဘူးေပါ့၊ ညီမတို႔အေနနဲ႔လည္း ျပက္လုံးေတြကို နားရည္ဝတာေတြလည္း ပါတာေပါ့၊ ဇာတ္ကားကေတာ့ ႐ိုက္ထားတာေတြ ရွိပါတယ္” လို႔ သ႐ုပ္ေဆာင္ ဖူးစုံ က ေျပာပါတယ္။

သူမအေနနဲ႔ လက္ရွိမွာ “အစက္က်ရာ ေဆးစက္ထင္ ဆိုတဲ့ ဇာတ္ကား ႐ိုက္ကူးထားေပမယ့္ ႐ုံတင္တဲ့ရက္ကို ေစာင့္ဆိုင္းေနေသာ အေျခအေနမ်ိဳး ျဖစ္ေနတယ္လို႔ သိရပါတယ္။

အၿငိမ့္ေဖ်ာ္ေျဖပြဲအတြက္ ျပင္ဆင္တာေတြအျပင္ အႏုပညာလႈပ္ရွားမႈအေနနဲ႔လည္း ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးထားတယ္လို႔ သ႐ုပ္ေဆာင္ မိုးျပည့္ျပည့္ေမာင္ က ေျပာပါတယ္။သူမ႐ိုက္ကူးထားတဲ့ ေရွ႕သြားေနာက္လိုက္ ႐ုပ္ရွင္ဇာတ္ကားကို ယခု႐ုံတင္တဲ့အခါ ဗီလိန္ဇာတ္႐ုပ္နဲ႔ သ႐ုပ္ေဆာင္ထားတာေၾကာင့္ ပရိသတ္ေတြက သူမအေပၚ မုန္းသြားမွာကိုလည္း စိုးရိမ္တယ္လို႔ ဆိုပါတယ္။

“ဇာတ္ကားေတြမွာ ကာ႐ိုက္တာကို မိုးျပည့္ က တကယ္ခံစားၿပီး ႐ိုက္တာေၾကာင့္လည္း ႏွလုံးေရာဂါေတာင္ ျဖစ္ခ်င္တယ္ ျမန္မာေဆးကို စြဲၿပီးေသာက္ေနရတယ္” လို႔လည္း ေျပာျပပါတယ္။

သူမတို႔ႏွစ္ေယာက္ဟာ အၿငိမ့္ပြဲအတြက္ ႀကိဳတင္ဇာတ္တိုက္ ေလ့က်င့္တာေတြကို လုပ္ေဆာင္ခဲ့သလို ပြဲလမ္းသဘင္မ်ား ဖိတ္ၾကားတဲ့အခါ ႏွစ္ဦးအတူတူ တက္ေရာက္ေလ့ရွိသလို အႏုပညာအလုပ္ေတြအတြက္လည္း အတူတူတြဲၿပီး လုပ္ကိုင္ဖို႔ ႀကိဳးပမ္းေနတာေတြရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၄