ပရိသတ်ကို ရသများစွာပေးစွမ်းနိုင်မယ့် စပွန်ဆာ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

ပရိသတ်ကို ရသများစွာပေးစွမ်းနိုင်မယ့် စပွန်ဆာ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်

ဒရမ်မာနဲ့ ဟာသ ရသမျိုးစုံပေးစွမ်းနိုင်မယ့် “စပွန်ဆာ”လို့နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို လာမယ့် အောက်တိုဘာ ၃ ရက်မှာ ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။အဆိုပါ ဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ကို အောက်တိုဘာ ၁ ရက် ညက ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ဒီဇာတ်ကားထဲမှာ ကျွန်တော့်ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို မရိုးနိုင်တဲ့ ကာရိုက်တာမျိုးနဲ့မြင်ရမှာဖြစ်ပါတယ်၊ လာပြီးအားပေးကြည့်ရှုပါလို့ ဖိတ်ခေါ်ပြောချင်ပါတယ်”လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကို နယူးဖိုး၀ ရုပ်ရှင်ထုတ်လုပ်ရေး က ထုတ်လုပ်ပြီး ဇာတ်လမ်း လုံမ၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။ “ဒီဇာတ်ကားလေး ရိုက်ဖို့ ခွင့်ပြုချက်တင်တာ လေးခါလောက်တင်ရတယ်၊ စိစစ်တဲ့အဖွဲ့က အပြင်မှာဖြစ် ရိုးဖြစ်စဉ် မျိုးထင်ပြီးတော့ တော်တော်နဲ့ ခွင့်မပြုခဲ့တာဖြစ်ပါလိမ့်မယ်၊ ကျွန်တော်ပြောနိုင်တာက ဒီဇာတ်ကားဟာ အများထင်ထားသလို မဟုတ် ပါဘူး၊ ကျွန်တော်တို့ အများကြီးလည်း ကြိုးစားထားကြပါတယ်”လို့ ဒါရိုက်တာ အောင်ဇော်လင်းက ရှင်းပြပါတယ်။ ထိုဇာတ်ကားထဲမှာ သရုပ်ဆောင်တွေ အဖြစ် နေတိုး၊ ရဲလေး၊ ပိုင်ဖြိုးသု၊ မြတ်ကေသီအောင်၊ ဇင်ဝိုင်း၊ ကျော်ကျော်၊ ဦးဝင်းမြိုင်၊ ဝါဝါအောင်၊ ချောကလျာ၊ ခိုင်သဇင်ဦး၊ ဧည့်သည်သရုပ်ဆောင် မျိုးသန္တာထွန်းတို့နဲ့အတူ အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

“ဒီဇာတ်ကားလေး ရုံမတင်ခင်ကတည်းက အခုလိုအားပေးတဲ့သူတွေအများကြီးတွေ့ရတာ ဝမ်းသာမိပါတယ်၊ ပရိသတ်စိတ်ဝင်စားစေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ပြောနိုင်ပါတယ်၊ အစ်မတို့ အနုပညာ မောင်နှစ်မတွေ အကုန်လုံး ကြိုးစားထားကြတဲ့ ဇာတ်ကားလေး လည်း ဖြစ်ပါတယ်”လို့ သရုပ်ဆောင် မြတ်ကေသီအောင်က ပြောပါတယ်။ ထိုဇာတ်ကားနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က ကန်တော့ပွဲပေးတဲ့ အခမ်းအနားကို ကျင်းပခဲ့တာဖြစ်သလို ၂၀၁၈ ခုနှစ်ထဲ ရိုက်ကူးခဲ့ကြတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
                                           
 မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၂

(  Zawgyi  )

 ဒရမ္မာနဲ႔ ဟာသ ရသမ်ိဳးစုံေပးစြမ္းႏိုင္မယ့္ “စပြန္ဆာ”လို႔နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို လာမယ့္ ေအာက္တိုဘာ ၃ ရက္မွာ ႐ုံတင္ျပသေတာ့ မွာျဖစ္ပါတယ္။အဆိုပါ ဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ကို ေအာက္တိုဘာ ၁ ရက္ ညက ရန္ကုန္ၿမိဳ႕ရွိ သမၼတ ႐ုပ္ရွင္႐ုံမွာ က်င္းပခဲ့ပါတယ္။ “ဒီဇာတ္ကားထဲမွာ ကြၽန္ေတာ့္ပရိသတ္ေတြအေနနဲ႔ ကြၽန္ေတာ့္ကို မ႐ိုးႏိုင္တဲ့ ကာ႐ိုက္တာမ်ိဳးနဲ႔ျမင္ရမွာျဖစ္ပါတယ္၊ လာၿပီးအားေပးၾကည့္ရႈပါလို႔ ဖိတ္ေခၚေျပာခ်င္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ေနတိုးက ေျပာပါတယ္။

ထို႐ုပ္ရွင္ဇာတ္ကားကို နယူးဖိုး၀ ႐ုပ္ရွင္ထုတ္လုပ္ေရး က ထုတ္လုပ္ၿပီး ဇာတ္လမ္း လုံမ၊ ဇာတ္ၫႊန္း သက္ဦးေမာင္၊ ဒါ႐ိုက္တာ ေအာင္ေဇာ္လင္း ႐ိုက္ကူးပုံေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။ “ဒီဇာတ္ကားေလး ႐ိုက္ဖို႔ ခြင့္ျပဳခ်က္တင္တာ ေလးခါေလာက္တင္ရတယ္၊ စိစစ္တဲ့အဖြဲ႕က အျပင္မွာျဖစ္ ႐ိုးျဖစ္စဥ္ မ်ိဳးထင္ၿပီးေတာ့ ေတာ္ေတာ္နဲ႔ ခြင့္မျပဳခဲ့တာျဖစ္ပါလိမ့္မယ္၊ ကြၽန္ေတာ္ေျပာႏိုင္တာက ဒီဇာတ္ကားဟာ အမ်ားထင္ထားသလို မဟုတ္ ပါဘူး၊ ကြၽန္ေတာ္တို႔ အမ်ားႀကီးလည္း ႀကိဳးစားထားၾကပါတယ္”လို႔ ဒါ႐ိုက္တာ ေအာင္ေဇာ္လင္းက ရွင္းျပပါတယ္။ ထိုဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ေတြ အျဖစ္ ေနတိုး၊ ရဲေလး၊ ပိုင္ၿဖိဳးသု၊ ျမတ္ေကသီေအာင္၊ ဇင္ဝိုင္း၊ ေက်ာ္ေက်ာ္၊ ဦးဝင္းၿမိဳင္၊ ဝါဝါေအာင္၊ ေခ်ာကလ်ာ၊ ခိုင္သဇင္ဦး၊ ဧည့္သည္သ႐ုပ္ေဆာင္ မ်ိဳးသႏၲာထြန္းတို႔နဲ႔အတူ အႏုပညာရွင္မ်ားစြာတို႔က ပါဝင္သ႐ုပ္ေဆာင္ထားၾကတာျဖစ္ပါတယ္။

“ဒီဇာတ္ကားေလး ႐ုံမတင္ခင္ကတည္းက အခုလိုအားေပးတဲ့သူေတြအမ်ားႀကီးေတြ႕ရတာ ဝမ္းသာမိပါတယ္၊ ပရိသတ္စိတ္ဝင္စားေစမယ့္ ဇာတ္ကားေကာင္းတစ္ကားျဖစ္မယ္လို႔ ေျပာႏိုင္ပါတယ္၊ အစ္မတို႔ အႏုပညာ ေမာင္ႏွစ္မေတြ အကုန္လုံး ႀကိဳးစားထားၾကတဲ့ ဇာတ္ကားေလး လည္း ျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ျမတ္ေကသီေအာင္က ေျပာပါတယ္။ ထိုဇာတ္ကားနဲ႔ပတ္သက္ၿပီး ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၅ ရက္က ကန္ေတာ့ပြဲေပးတဲ့ အခမ္းအနားကို က်င္းပခဲ့တာျဖစ္သလို ၂၀၁၈ ခုႏွစ္ထဲ ႐ိုက္ကူးခဲ့ၾကတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။
                                           
 မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၂