ပရိသတ်ကို အားရပါးတရခံစားစေချင်လို့ အခွေထုတ်တဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်ကို အားရပါးတရခံစားစေချင်လို့ အခွေထုတ်တဲ့ ဝိုင်းစုခိုင်သိန်း

အခုခေတ်မှာ အခွေထုတ်တာဟာ ရှုံးတဲ့အခြေအနေမျိုးဖြစ်နေပေမယ့် မိမိရဲ့ အနုပညာ ဖန်တီးမှုကို ပရိသတ်တွေအနေနဲ့ အားရပါးရ ခံစားစေချင် တာကြောင့် အခွေထုတ်တာဖြစ်တယ်လို့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။“အခုအချိန်မှာက အခွေထုတ်ရင် ရှုံးကြတာပါပဲ၊ နည်းနည်း ရှုံးတာနဲ့ များများရှုံးတာပဲ ကွာပါတယ်၊ တစ်ပုဒ်ချင်း ပရိသတ်ကိုပေးရတဲ့ Single Song တွေထက် အခုလို အယ်လ်ဘမ်လိုက် ပေးရတာကို ပိုကြိုက်တယ်၊ ဒါကြောင့်လည်း ဝိုင်းစုက အရှုံးခံပြီးလုပ်ဆောင်တာပါ၊ ဘယ်လိုခေါ်မလဲပေါ့ ကိုယ့်ရဲ့အနုပညာကို တစ်ဝကြီး ခံစားစေချင်ပါတယ်။ ဒါကြောင့်လည်း အခုလိုလုပ်ဖြစ်တာပါ”လို့ တေးသံရှင် ဝိုင်းစုခိုင်သိန်းက ရှင်းပြပါတယ်။

သူမအနေနဲ့ နွားကျောင်းသူ လို့နာမည်ရတဲ့ တေးစီးရီးကို ထပ်မံထုတ်ဝေခဲ့သလို ဂီတအမျိုးအစားမျိုးစုံနဲ့ ဖန်တီး ထားတဲ့ တေးသီချင်း ၁၂ ပုဒ်ကို စုစည်းထုတ်ဝေခဲ့ပြီး ကျိန်းသေပေါက် အခွေပေါက်ဖို့ထက် ပရိသတ်ရဲ့ နှစ်သက် မှုနဲ့ ထပ်တူကျဖို့သာ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်နယ်ပယ်မှာလည်း ပရိသတ်အသိအမှတ်ပြုတာခံရသူတစ်ဦးလည်းဖြစ်သလို သူမသီဆို ဖန်တီးခဲ့တဲ့ အခွေတွေဟာလည်း ပရိသတ်နှစ်ခြိုက်မှုတွေနဲ့ အောင်မြင်မှုတစ်စုံတရာရရှိခဲ့တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

“အခုထပ်ထုတ်လိုက်တဲ့ အခွေထဲမှာ သီချင်းမြူးမြူးတွေရော၊ အလွမ်းအဆွေးတွေရော၊ ခပ်ကြမ်းကြမ်း ရော တေးဂီတ အစုံပါဝင်ပါတယ်၊ ကိုယ်တတ်ကျွမ်းသမျှ ကြိုးစားထားပါတယ်၊ ပရိသတ်ရဲ့ နှစ်သက်မှုနဲ့ ရင်ခုန် သံတွေ ထပ်တူကျမယ်ဆိုရင်တော့ ပေါက်မှာပါ၊ ခေတ်ကာလ အခြေအနေအရ တစ်ပုဒ်ချင်း ဟာတွေကိုတော့ လုပ်မှာပါ၊ ဒါပေမဲ့လေ ဝိုင်းစုက ပရိသတ်ဆီကို တစ်ပုဒ်ချင်းပေးတာ အားမရဘူး၊ တစ်ခွေလုံးအားရပါးရ ပေးချင်တာ”လို့ ဆက်လက်ရှင်းပြပါတယ်။

ယခုရက်ပိုင်းထဲမှာ သရုပ်ဆောင်အလုပ်ထက် ဂီတအလုပ်တွေကိုသာ ဆက်တိုက်လုပ်ဆောင်နေပြီး လာမယ့် ၂၀၂၀ ထဲမှာ သရုပ်ဆောင် အလုပ်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 အခုေခတ္မွာ အေခြထုတ္တာဟာ ရႈံးတဲ့အေျခအေနမ်ိဳးျဖစ္ေနေပမယ့္ မိမိရဲ႕ အႏုပညာ ဖန္တီးမႈကို ပရိသတ္ေတြအေနနဲ႔ အားရပါးရ ခံစားေစခ်င္ တာေၾကာင့္ အေခြထုတ္တာျဖစ္တယ္လို႔ အဆိုေတာ္ ဝိုင္းစုခိုင္သိန္းက ေျပာပါတယ္။“အခုအခ်ိန္မွာက အေခြထုတ္ရင္ ရႈံးၾကတာပါပဲ၊ နည္းနည္း ရႈံးတာနဲ႔ မ်ားမ်ားရႈံးတာပဲ ကြာပါတယ္၊ တစ္ပုဒ္ခ်င္း ပရိသတ္ကိုေပးရတဲ့ Single Song ေတြထက္ အခုလို အယ္လ္ဘမ္လိုက္ ေပးရတာကို ပိုႀကိဳက္တယ္၊ ဒါေၾကာင့္လည္း ဝိုင္းစုက အရႈံးခံၿပီးလုပ္ေဆာင္တာပါ၊ ဘယ္လိုေခၚမလဲေပါ့ ကိုယ့္ရဲ႕အႏုပညာကို တစ္ဝႀကီး ခံစားေစခ်င္ပါတယ္။ ဒါေၾကာင့္လည္း အခုလိုလုပ္ျဖစ္တာပါ”လို႔ ေတးသံရွင္ ဝိုင္းစုခိုင္သိန္းက ရွင္းျပပါတယ္။

သူမအေနနဲ႔ ႏြားေက်ာင္းသူ လို႔နာမည္ရတဲ့ ေတးစီးရီးကို ထပ္မံထုတ္ေဝခဲ့သလို ဂီတအမ်ိဳးအစားမ်ိဳးစုံနဲ႔ ဖန္တီး ထားတဲ့ ေတးသီခ်င္း ၁၂ ပုဒ္ကို စုစည္းထုတ္ေဝခဲ့ၿပီး က်ိန္းေသေပါက္ အေခြေပါက္ဖို႔ထက္ ပရိသတ္ရဲ႕ ႏွစ္သက္ မႈနဲ႔ ထပ္တူက်ဖို႔သာ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။ သူမဟာ သ႐ုပ္ေဆာင္နယ္ပယ္မွာလည္း ပရိသတ္အသိအမွတ္ျပဳတာခံရသူတစ္ဦးလည္းျဖစ္သလို သူမသီဆို ဖန္တီးခဲ့တဲ့ အေခြေတြဟာလည္း ပရိသတ္ႏွစ္ၿခိဳက္မႈေတြနဲ႔ ေအာင္ျမင္မႈတစ္စုံတရာရရွိခဲ့တဲ့ အေျခအေနမ်ိဳး ျဖစ္ခဲ့ပါတယ္။

“အခုထပ္ထုတ္လိုက္တဲ့ အေခြထဲမွာ သီခ်င္းျမဴးျမဴးေတြေရာ၊ အလြမ္းအေဆြးေတြေရာ၊ ခပ္ၾကမ္းၾကမ္း ေရာ ေတးဂီတ အစုံပါဝင္ပါတယ္၊ ကိုယ္တတ္ကြၽမ္းသမွ် ႀကိဳးစားထားပါတယ္၊ ပရိသတ္ရဲ႕ ႏွစ္သက္မႈနဲ႔ ရင္ခုန္ သံေတြ ထပ္တူက်မယ္ဆိုရင္ေတာ့ ေပါက္မွာပါ၊ ေခတ္ကာလ အေျခအေနအရ တစ္ပုဒ္ခ်င္း ဟာေတြကိုေတာ့ လုပ္မွာပါ၊ ဒါေပမဲ့ေလ ဝိုင္းစုက ပရိသတ္ဆီကို တစ္ပုဒ္ခ်င္းေပးတာ အားမရဘူး၊ တစ္ေခြလုံးအားရပါးရ ေပးခ်င္တာ”လို႔ ဆက္လက္ရွင္းျပပါတယ္။

ယခုရက္ပိုင္းထဲမွာ သ႐ုပ္ေဆာင္အလုပ္ထက္ ဂီတအလုပ္ေတြကိုသာ ဆက္တိုက္လုပ္ေဆာင္ေနၿပီး လာမယ့္ ၂၀၂၀ ထဲမွာ သ႐ုပ္ေဆာင္ အလုပ္ေတြကို လုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း