ပရိသတ်ကို Live လွှင့် ဖျော်ဖြေဖို့ ပြင်ဆင်နေတဲ့ တေးသံရှင် ဈာန်ဈာန်ဟန်သာ

ပရိသတ်ကို Live လွှင့် ဖျော်ဖြေဖို့  ပြင်ဆင်နေတဲ့ တေးသံရှင် ဈာန်ဈာန်ဟန်သာ

တေးသံရှင် ဈာန်ဈာန်ဟန်သာ ဟာ မကြာခင်မှာ “နင်ငါ့ကို” လို့ နာမည်ရတဲ့ သီချင်းလေး ထွက်ဖို့ ပြင်ဆင်နေပြီး အဲ့ဒီသီချင်းနဲ့ပတ်သက်တဲ့ Music Video ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
 
“အဲ့ဒီသီချင်းလေးကို အွန်လိုင်းကနေ တင်ပေးပါမယ်၊ အဲ့ဒီလိုတင်ပေးနိုင်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်၊ သီချင်းလေးနဲ့အတူ Music Video လေး ပါစေချင်တဲ့အတွက် အကုန်လုံးလုပ်နေပါတယ်၊ COVID ကာလမှာ အစပိုင်းက မရိုက်ရဘူးဆိုတော့ နားနေပေမယ့် အခုနောက်ပိုင်းတော့ ရိုက်လို့ရပြီဆိုတော့ Music Video လေးနဲ့ ကျကျနနလေး ဖြစ်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်” လို့ သူမက ရှင်းပြပါတယ်။ 
 
သူမကို နေတာထိုင်တာ သွားတာလာတာ ပြောဆိုပုံတွေကအစ အစ်ကိုဖြစ်သူတွေက အနီးကပ်သင်ကြားပေးနေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အပြောအဆိုသိမ်မွေ့အောင် သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။
 
“အစ်ကိုက အမြဲ Support လုပ်ပေးတယ်၊ ကိုယ့်ဟာကိုယ် သီချင်းသစ်တွေထွက်နေပြီ၊ ပွဲတွေမှာ တစ်ယောက်တည်းသွားနိုင်အောင် လွှတ်နေတယ်၊ ကိုယ်လျှောက်မယ့်လမ်းကြောင်းမှာ အနှောင့်အယှက်တော့ရှိပေမယ့် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သင်ပေးတယ်၊ ဈာန်ဈာန် က ငယ်ငယ်လေးကတည်းက လူမှန်းသိကတည်းက ဒီအဒေါ်တွေ အစ်ကိုတွေလက်ထဲမှာ ကြီးပြင်းခဲ့ရတာပါ၊ Live လွှင့်ရင် ဈာန်ဈာန်ရဲ့ Page မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောလာတာတွေရှိတယ်၊ အဲ့ဒါတွေကို အစ်ကိုအကြီးက စောင့်ကြည့်ပြီးပြောတယ်၊ ဈာန်ဈာန် က စကားအပြောအဆို သိမ်သိမ်မွေ့မွေ့တော့မရှိဘူး၊ ဂျမ်းတောကြီးဖြစ်တာကြောင့် အစ်ကိုတွေက ပြောတာဆိုတာလေးတွေ မိန်းမဆန်ဆန်လေးဖြစ်အောင် သင်ပေးပါတယ်၊ ဈာန်ဈာန်အနေနဲ့လည်း အကောင်းဆုံးကြိုးစားရင်းနဲ့ လုပ်ကိုင်သွားမှာပါ၊ ပရိသတ်တွေကလည်း အားပေးကြဖို့ ပြောလိုပါတယ်နော်” လို့ သူမက ဆက်လက်ရှင်းပြခဲ့ပါတယ်။
 
အနုပညာရှင်တွေအနေနဲ့ တစ်ခုခုအမှားလုပ်မိပါက တည်ဆောက်ထားခဲ့တဲ့ နာမည်တွေ၊ ကြိုးပမ်းမှုတွေ အကုန်လုံး သဲထဲရေသွန်ဖြစ်တတ်တဲ့အတွက် အမှားအယွင်းကင်းနိုင်ဖို့ သွားလာနေထိုင်လုပ်ကိုင်ရင်း ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေလျက်ရှိတယ်လို့လည်း သိရပါတယ်။
 
 မင်းခေတ်လင်း 
(ဓာတ်ပုံ - ဈာန်ဈာန်ဟန်သာ)
ရန်ကုန်၊ သြဂုတ် - ၃
 
( Zawgyi )
 
ေတးသံရွင္ ဈာန္ဈာန္ဟန္သာ ဟာ မၾကာခင္မွာ “နင္ငါ့ကို” လို႔ နာမည္ရတဲ့ သီခ်င္းေလး ထြက္ဖို႔ ျပင္ဆင္ေနၿပီး အဲ့ဒီသီခ်င္းနဲ႔ပတ္သက္တဲ့ Music Video ႐ိုက္ကူးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
 
“အဲ့ဒီသီခ်င္းေလးကို အြန္လိုင္းကေန တင္ေပးပါမယ္၊ အဲ့ဒီလိုတင္ေပးႏိုင္ဖို႔အတြက္လည္း ျပင္ဆင္ေနပါတယ္၊ သီခ်င္းေလးနဲ႔အတူ Music Video ေလး ပါေစခ်င္တဲ့အတြက္ အကုန္လုံးလုပ္ေနပါတယ္၊ COVID ကာလမွာ အစပိုင္းက မ႐ိုက္ရဘူးဆိုေတာ့ နားေနေပမယ့္ အခုေနာက္ပိုင္းေတာ့ ႐ိုက္လို႔ရၿပီဆိုေတာ့ Music Video ေလးနဲ႔ က်က်နနေလး ျဖစ္ေအာင္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္” လို႔ သူမက ရွင္းျပပါတယ္။ 
 
သူမကို ေနတာထိုင္တာ သြားတာလာတာ ေျပာဆိုပုံေတြကအစ အစ္ကိုျဖစ္သူေတြက အနီးကပ္သင္ၾကားေပးေနၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိေအာင္ အေျပာအဆိုသိမ္ေမြ႕ေအာင္ သင္ၾကားေပးလ်က္ရွိတယ္လို႔ သိရပါတယ္။
 
“အစ္ကိုက အၿမဲ Support လုပ္ေပးတယ္၊ ကိုယ့္ဟာကိုယ္ သီခ်င္းသစ္ေတြထြက္ေနၿပီ၊ ပြဲေတြမွာ တစ္ေယာက္တည္းသြားႏိုင္ေအာင္ လႊတ္ေနတယ္၊ ကိုယ္ေလွ်ာက္မယ့္လမ္းေၾကာင္းမွာ အေႏွာင့္အယွက္ေတာ့ရွိေပမယ့္ ဘယ္လိုေျဖရွင္းရမလဲဆိုတာ သင္ေပးတယ္၊ ဈာန္ဈာန္ က ငယ္ငယ္ေလးကတည္းက လူမွန္းသိကတည္းက ဒီအေဒၚေတြ အစ္ကိုေတြလက္ထဲမွာ ႀကီးျပင္းခဲ့ရတာပါ၊ Live လႊင့္ရင္ ဈာန္ဈာန္ရဲ႕ Page မွာ ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာလာတာေတြရွိတယ္၊ အဲ့ဒါေတြကို အစ္ကိုအႀကီးက ေစာင့္ၾကည့္ၿပီးေျပာတယ္၊ ဈာန္ဈာန္ က စကားအေျပာအဆို သိမ္သိမ္ေမြ႕ေမြ႕ေတာ့မရွိဘူး၊ ဂ်မ္းေတာႀကီးျဖစ္တာေၾကာင့္ အစ္ကိုေတြက ေျပာတာဆိုတာေလးေတြ မိန္းမဆန္ဆန္ေလးျဖစ္ေအာင္ သင္ေပးပါတယ္၊ ဈာန္ဈာန္အေနနဲ႔လည္း အေကာင္းဆုံးႀကိဳးစားရင္းနဲ႔ လုပ္ကိုင္သြားမွာပါ၊ ပရိသတ္ေတြကလည္း အားေပးၾကဖို႔ ေျပာလိုပါတယ္ေနာ္” လို႔ သူမက ဆက္လက္ရွင္းျပခဲ့ပါတယ္။
 
အႏုပညာရွင္ေတြအေနနဲ႔ တစ္ခုခုအမွားလုပ္မိပါက တည္ေဆာက္ထားခဲ့တဲ့ နာမည္ေတြ၊ ႀကိဳးပမ္းမႈေတြ အကုန္လုံး သဲထဲေရသြန္ျဖစ္တတ္တဲ့အတြက္ အမွားအယြင္းကင္းႏိုင္ဖို႔ သြားလာေနထိုင္လုပ္ကိုင္ရင္း ပရိသတ္ေတြအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းေနလ်က္ရွိတယ္လို႔လည္း သိရပါတယ္။
 
 မင္းေခတ္လင္း 
(ဓာတ္ပုံ - ဈာန္ဈာန္ဟန္သာ)
ရန္ကုန္၊ ၾသဂုတ္ - ၃