ပရိသတ်ကြိုက်စေမယ့် တေးသီချင်းသစ်တွေ ဖန်တီးသွားဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် ငွေဇင်လှိုင်း

ပရိသတ်ကြိုက်စေမယ့် တေးသီချင်းသစ်တွေ ဖန်တီးသွားဖို့ ကြိုးပမ်းနေတဲ့ တေးသံရှင် ငွေဇင်လှိုင်း

Myanmar Idol Season 3 တေးသီချင်းဆိုပြိုင်ပွဲကနေ လူသိများကာ အားပေးသူများပြားလာတဲ့ တေးသံရှင် ငွေဇင်လှိုင်းဟာ ပရိသတ်ကြိုက်စေမယ့် တေးသီချင်းသစ်တွေကိုဖန်တီးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

သူဟာ လွန်ခဲ့တဲ့ မတ်လထဲမှာ တစ်ကိုယ်တော်တေးစီးရီးကို ထုတ်လုပ်ဖြန့်ချီခဲ့သလို လက်ရှိမှာလည်း Single Song တွေကို အွန်လိုင်းကနေ မကြာမကြာထုတ်လွှင့်နေလျက်ရှိတယ်လို့ သိရပါတယ်။

“ပရိသတ်အတွက် ငွေဇင် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ၊ ပရိသတ်က အဓိကပဲလေ၊ ပရိသတ်ကြိုက်မယ်လို့ထင်တဲ့ သီချင်းကောင်းလေးတွေတစ်ချို့လည်းရှိပါတယ်၊ အွန်လိုင်းကနေ တင်ပေးသွားမယ်၊ စောင့်မျှော်အားပေးကြပါဦးနော်” လို့ သူမက ရှင်းပြပါတယ်။

သူမဟာ Myanmar Idol Season 3 တေးသီချင်းဆိုပြိုင်ပွဲရဲ့ Top 4 အဆင့်အထိ တက်ရောက်လာနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သလို သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ခန္ဓာကိုယ်အလှအပ အားကစားပြုလုပ်တဲ့အခါ နည်းပေးလမ်းပြတာတွေလုပ်ဆောင်တဲ့ ဆရာမတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။အခုရက်ပိုင်းမှာ သူမနေထိုင်ရာ တမူးမြို့မှာရှိတဲ့ နေအိမ်ကို “ငါတို့အိမ်လေး ရဲရဲနီ ပြည်သူချစ်တဲ့ NLD” ဆိုတဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရေးကြီးသော ရွေးကောက်ပွဲကာလ စည်းရုံးရေးအတွက် အထောက်အကူဖြစ်စေမယ့် ပြိုင်ပွဲလေးတွေမှာ သူမအနေနဲ့ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ခွင့်ရဖို့ ဝန်းရံလုပ်ဆောင်ခဲ့ပြီး အိမ်လေးကိုအလှဆင်ရင်း ယှဉ်ပြိုင်တဲ့အခါ ပထမဆုလည်းရခဲ့တယ်လို့ သိရပါတယ်။

“အစတုန်းကတော့ ပြိုင်ပွဲပြိုင်ဖို့ အိမ်လေးကို အလှဆင်ခဲ့တာတော့မဟုတ်ဘူး၊ ပြိုင်ပွဲမလုပ်ခင်ကတည်းက ငွေဇင်တို့ မိသားစုက အားပေးတဲ့အနေနဲ့ စတစ်ကားလေးတွေ ကပ်ထားကြတယ်၊ အောင်နိုင်ရေးလှည့်လည်ရာမှာ ပါဝင်ဖို့အတွက် ကားကိုလည်း စတစ်ကာလေးတွေ ကပ်ထားတယ်၊ အခုက ဒီလို ပြိုင်ပွဲလေးနဲ့ကြုံတော့ ဝင်ပြိုင်ဖြစ်သွားတယ်၊ အခုလို ဆုရတော့ အရမ်းလည်းဝမ်းသာမိပါတယ်၊ ငွေဇင် ဝါသနာပါတဲ့ တေးသီချင်းတွေနဲ့လည်း အထောက်အပံ့ဖြစ်စေချင်တယ်၊ ပရိသတ်အတွက်လည်း တေးသီချင်းကောင်းတွေဖြစ်ဖို့ ကြိုးစားနေပါတယ်” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၂၃

( Zawgyi )

Myanmar Idol Season 3 ေတးသီခ်င္းဆိုၿပိဳင္ပြဲကေန လူသိမ်ားကာ အားေပးသူမ်ားျပားလာတဲ့ ေတးသံရွင္ ေငြဇင္လႈိင္းဟာ ပရိသတ္ႀကိဳက္ေစမယ့္ ေတးသီခ်င္းသစ္ေတြကိုဖန္တီးဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

သူဟာ လြန္ခဲ့တဲ့ မတ္လထဲမွာ တစ္ကိုယ္ေတာ္ေတးစီးရီးကို ထုတ္လုပ္ျဖန႔္ခ်ီခဲ့သလို လက္ရွိမွာလည္း Single Song ေတြကို အြန္လိုင္းကေန မၾကာမၾကာထုတ္လႊင့္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။

“ပရိသတ္အတြက္ ေငြဇင္ အေကာင္းဆုံးလုပ္ေဆာင္သြားမွာပါ၊ ပရိသတ္က အဓိကပဲေလ၊ ပရိသတ္ႀကိဳက္မယ္လို႔ထင္တဲ့ သီခ်င္းေကာင္းေလးေတြတစ္ခ်ိဳ႕လည္းရွိပါတယ္၊ အြန္လိုင္းကေန တင္ေပးသြားမယ္၊ ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္” လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ Myanmar Idol Season 3 ေတးသီခ်င္းဆိုၿပိဳင္ပြဲရဲ႕ Top 4 အဆင့္အထိ တက္ေရာက္လာႏိုင္ခဲ့သူ တစ္ဦးလည္းျဖစ္သလို သ႐ုပ္ေဆာင္ သက္မြန္ျမင့္ရဲ႕ ခႏၶာကိုယ္အလွအပ အားကစားျပဳလုပ္တဲ့အခါ နည္းေပးလမ္းျပတာေတြလုပ္ေဆာင္တဲ့ ဆရာမတစ္ဦးလည္းျဖစ္တယ္လို႔ သိရပါတယ္။အခုရက္ပိုင္းမွာ သူမေနထိုင္ရာ တမူးၿမိဳ႕မွာရွိတဲ့ ေနအိမ္ကို “ငါတို႔အိမ္ေလး ရဲရဲနီ ျပည္သူခ်စ္တဲ့ NLD” ဆိုတဲ့ ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ အေရးႀကီးေသာ ေ႐ြးေကာက္ပြဲကာလ စည္း႐ုံးေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္ ၿပိဳင္ပြဲေလးေတြမွာ သူမအေနနဲ႔ အုတ္တစ္ခ်ပ္သဲတစ္ပြင့္ ပါဝင္ခြင့္ရဖို႔ ဝန္းရံလုပ္ေဆာင္ခဲ့ၿပီး အိမ္ေလးကိုအလွဆင္ရင္း ယွဥ္ၿပိဳင္တဲ့အခါ ပထမဆုလည္းရခဲ့တယ္လို႔ သိရပါတယ္။

“အစတုန္းကေတာ့ ၿပိဳင္ပြဲၿပိဳင္ဖို႔ အိမ္ေလးကို အလွဆင္ခဲ့တာေတာ့မဟုတ္ဘူး၊ ၿပိဳင္ပြဲမလုပ္ခင္ကတည္းက ေငြဇင္တို႔ မိသားစုက အားေပးတဲ့အေနနဲ႔ စတစ္ကားေလးေတြ ကပ္ထားၾကတယ္၊ ေအာင္ႏိုင္ေရးလွည့္လည္ရာမွာ ပါဝင္ဖို႔အတြက္ ကားကိုလည္း စတစ္ကာေလးေတြ ကပ္ထားတယ္၊ အခုက ဒီလို ၿပိဳင္ပြဲေလးနဲ႔ႀကဳံေတာ့ ဝင္ၿပိဳင္ျဖစ္သြားတယ္၊ အခုလို ဆုရေတာ့ အရမ္းလည္းဝမ္းသာမိပါတယ္၊ ေငြဇင္ ဝါသနာပါတဲ့ ေတးသီခ်င္းေတြနဲ႔လည္း အေထာက္အပံ့ျဖစ္ေစခ်င္တယ္၊ ပရိသတ္အတြက္လည္း ေတးသီခ်င္းေကာင္းေတြျဖစ္ဖို႔ ႀကိဳးစားေနပါတယ္” လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၂၃