ပရိသတ်စိတ်ထဲ ဇာတ်ကောင်နာမည်ကျန်တဲ့အထိ ကြိုးစားနေတဲ့ သရုပ်ဆောင် အေးမြတ်သူ

ပရိသတ်စိတ်ထဲ ဇာတ်ကောင်နာမည်ကျန်တဲ့အထိ ကြိုးစားနေတဲ့ သရုပ်ဆောင် အေးမြတ်သူ

ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုတဲ့ပရိသတ်တွေရဲ့စိတ်ထဲမှာ ကြည့်ရှုပြီးတဲ့နောက် ဇာတ်ကောင် နာမည် ကျန်ရစ်တဲ့အထိ စွဲကျန်ရစ်တဲ့အခြေအနေမျိုးဖြစ်လာအောင် ကြိုးစားနေတယ်လို့ သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။

“ဘယ်လိုခေါ်မလဲလေ ကာရိုက်တာက ဇာတ်ကောင်နာမည်ကျန်ခဲ့တာမျိုးဖြစ်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်၊ အေးမြတ်သူက သရုပ်ဆောင်အလုပ်ကို ရူးသွပ်တယ်၊ မော်ဒယ်ကနေ သရုပ်ဆောင် ဘက် ကို ပြောင်းပစ်လိုက်တာ၊ သရုပ်ဆောင် အလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ၊ အခု အသက်အရွယ် အနေနဲ့လည်း နည်းနည်းကြီးလာပြီ၊ နဂိုကတည်းကလည်း သဘာဝကျတဲ့ ကာရိုက်တာကို လုပ်ရတာ ကြိုက် တယ်၊ အခုနောက်ပိုင်း အဲ့လိုလေးတွေရိုက်ဖို့ငှားလာတာများတယ်၊ အခုနောက်ပိုင်း ဒီဘက်ခေတ် က ပုံစံတွေ သိပ်မလာတော့ဘူး၊ ငယ်ငယ်ကတော့ ရူးရူးမိုက်မိုက်နဲ့ လုပ်တယ် ဘာဖြစ် သလဲ ဆိုပေမယ့် ဒီဘက်ကျတော့ ဇာတ်ကားထဲ ပါရုံတစ်ခုထဲနဲ့တော့ မလုပ်ချင်ဘူး၊ကိုယ့်ဇာတ်ကောင် ကို ပရိသတ်စိတ်ထဲမှာစွဲပြီး ကျန်ခဲ့အောင် တော့ ကြိုးစားနေတယ်”လို့ သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။

သူမကို သရုပ်ဆောင်ဖို့ ငှားရမ်းလာတဲ့ အခါမှာလည်း ထိထိမိမိဖြင့် သရုပ်ဆောင်ဖို့ကြိုးပမ်းနိုင်မယ့် ဇာတ်ကောင် နေရာကိုသာ ကြည့်ရှုလက်ခံလေ့ရှိသလို ဇာတ်ကားအတွင်း ပါရုံလောက် အခြေအနေ မျိုးကိုတော့ လက်ခံမှာ မဟုတ်ကြောင်း၊ ဇာတ်ကားရိုက်ကူးတဲ့အခါမှာလည်း အတူသရုပ်ဆောင်ရတဲ့ တခြားသောအနုပညာရှင်တွေ ဆီက ကောင်းတဲ့အချက်တွေကို ရွေးကာနမူနာယူလေ့လာတာတွေ ရှိတယ်လို့ သိရပါတယ်။

“ကိုယ့်ထက် ငယ်ငယ် ကြီးကြီး တစ်ယောက်ဆီက ဘာရနိုင်သလဲ၊ တစ်ယောက်တစ်ယောက်ဆီက ကောင်းကွက်တွေကို ရွေးပြီးတော့ လေ့လာသင်ယူတာတွေရှိပါတယ်၊ လူတွေအားလုံးက အားလုံးပြီးပြည့်စုံ ဖို့ဆိုရင် ရှားတယ်လေ၊ ဒါကြောင့်လည်း ကောင်းကွက်တွေကို ရွေးပြီးတော့ လေ့လာတာ ဖြစ်ပါတယ်၊ သူတော်စင်ကလွဲလို့လူတိုင်းအမှားလည်းရှိနိုင်တယ်၊ဒါကြောင့်တစ်ယောက် ထဲလည်း စံမထားဘူး၊ မြတ်စွာဘုရားပြီးရင် ကိုယ့်ကိုယ်ကိုပဲ ကိုးကွယ်တယ်၊ ကိုယ်နဲ့သင့်တော်တဲ့ အရာတွေကို လက်ခံပြီးတော့ယူတယ်၊ သိပ်ပြီးတော့ အစွန်းမရောက်ဘူး” လို့လည်း သရုပ်ဆောင် အေးမြတ်သူက ဆက်ပြောပါတယ်။

သူမအနေနဲ့ ခေတ်အခြေအနေကို မီးမောင်းထိုးကာ ပညာပေးနိုင်သော ဇာတ်ကားတွေမှာ သရုပ်ဆောင် သွားဖို့ ရှိနေသလို လက်ရှိအခြေအနေမှာလည်း ပျော်စရာကောင်းတဲ့ Life တစ်ခုအဖြစ် ပိုင်ဆိုင်ထားကာ ကြိုးပမ်းမှုရဲ့ ရလာဒ်တွေကို ခံစားလာရတယ်လို့ သိရပါတယ်။ “ပရိသတ်တွေက အခုနောက်ပိုင်း နားလည်ပေးလာကြတယ်၊ ဗီလိန်ရယ်ဘာရယ် ဆိုပြီးတော့ မခွဲခြားတော့ဘူး၊ နားလည်ပြီး အားပေးလာကြတယ်၊ တစ်ဖက်သားက အထင်သေးတာမျိုးတွေ မဖြစ်အောင် ကြိုးစားနေ တယ်၊ ဟော့ပ်မှ နာမည်ကြီးမယ့်အထဲ မပါချင်တော့ဘူး၊ ကိုယ်လုပ်နေတဲ့ အနုပညာမှာ ကြိုးစားရင်းနဲ့ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကို ယူမှပဲ အဆင်ပြေမယ်၊ အဲ့ဒီအတွက် ကိုလည်း ကြိုးစားနေပါတယ်၊ အေးမြတ်သူအနေနဲ့ ဒီနေ့ဒီအချိန်မှာ နေလို့ကောင်းပြီး သက်တောင့် သက်သာ ရှိတယ်၊ ပျော်စရာကောင်းတဲ့ Life တစ်ခုပဲလို့ ခံယူတယ်၊ အရမ်း လောဘ မကြီးပါဘူး၊ လောဘကြီး ရင် အရမ်းပူလောင်တယ်၊ ကြိုးစားတာတော့ မလျှော့ဘူး”လို့လည်း သူမက ဆက်လက် ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၁၁

(  Zawgyi  )

 ႐ုပ္ရွင္ဇာတ္ကားေတြကို ၾကည့္ရႈတဲ့ပရိသတ္ေတြရဲ႕စိတ္ထဲမွာ ၾကည့္ရႈၿပီးတဲ့ေနာက္ ဇာတ္ေကာင္ နာမည္ က်န္ရစ္တဲ့အထိ စြဲက်န္ရစ္တဲ့အေျခအေနမ်ိဳးျဖစ္လာေအာင္ ႀကိဳးစားေနတယ္လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူက ေျပာပါတယ္။

“ဘယ္လိုေခၚမလဲေလ ကာ႐ိုက္တာက ဇာတ္ေကာင္နာမည္က်န္ခဲ့တာမ်ိဳးျဖစ္ေအာင္ ႀကိဳးစားေနတာ ျဖစ္ပါတယ္၊ ေအးျမတ္သူက သ႐ုပ္ေဆာင္အလုပ္ကို ႐ူးသြပ္တယ္၊ ေမာ္ဒယ္ကေန သ႐ုပ္ေဆာင္ ဘက္ ကို ေျပာင္းပစ္လိုက္တာ၊ သ႐ုပ္ေဆာင္ အလုပ္ကိုပဲ ဆက္လုပ္သြားမွာပါ၊ အခု အသက္အ႐ြယ္ အေနနဲ႔လည္း နည္းနည္းႀကီးလာၿပီ၊ နဂိုကတည္းကလည္း သဘာဝက်တဲ့ ကာ႐ိုက္တာကို လုပ္ရတာ ႀကိဳက္ တယ္၊ အခုေနာက္ပိုင္း အဲ့လိုေလးေတြ႐ိုက္ဖို႔ငွားလာတာမ်ားတယ္၊ အခုေနာက္ပိုင္း ဒီဘက္ေခတ္ က ပုံစံေတြ သိပ္မလာေတာ့ဘူး၊ ငယ္ငယ္ကေတာ့ ႐ူး႐ူးမိုက္မိုက္နဲ႔ လုပ္တယ္ ဘာျဖစ္ သလဲ ဆိုေပမယ့္ ဒီဘက္က်ေတာ့ ဇာတ္ကားထဲ ပါ႐ုံတစ္ခုထဲနဲ႔ေတာ့ မလုပ္ခ်င္ဘူး၊ကိုယ့္ဇာတ္ေကာင္ ကို ပရိသတ္စိတ္ထဲမွာစြဲၿပီး က်န္ခဲ့ေအာင္ ေတာ့ ႀကိဳးစားေနတယ္”လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူက ေျပာပါတယ္။

သူမကို သ႐ုပ္ေဆာင္ဖို႔ ငွားရမ္းလာတဲ့ အခါမွာလည္း ထိထိမိမိျဖင့္ သ႐ုပ္ေဆာင္ဖို႔ႀကိဳးပမ္းႏိုင္မယ့္ ဇာတ္ေကာင္ ေနရာကိုသာ ၾကည့္ရႈလက္ခံေလ့ရွိသလို ဇာတ္ကားအတြင္း ပါ႐ုံေလာက္ အေျခအေန မ်ိဳးကိုေတာ့ လက္ခံမွာ မဟုတ္ေၾကာင္း၊ ဇာတ္ကား႐ိုက္ကူးတဲ့အခါမွာလည္း အတူသ႐ုပ္ေဆာင္ရတဲ့ တျခားေသာအႏုပညာရွင္ေတြ ဆီက ေကာင္းတဲ့အခ်က္ေတြကို ေ႐ြးကာနမူနာယူေလ့လာတာေတြ ရွိတယ္လို႔ သိရပါတယ္။

“ကိုယ့္ထက္ ငယ္ငယ္ ႀကီးႀကီး တစ္ေယာက္ဆီက ဘာရႏိုင္သလဲ၊ တစ္ေယာက္တစ္ေယာက္ဆီက ေကာင္းကြက္ေတြကို ေ႐ြးၿပီးေတာ့ ေလ့လာသင္ယူတာေတြရွိပါတယ္၊ လူေတြအားလုံးက အားလုံးၿပီးျပည့္စုံ ဖို႔ဆိုရင္ ရွားတယ္ေလ၊ ဒါေၾကာင့္လည္း ေကာင္းကြက္ေတြကို ေ႐ြးၿပီးေတာ့ ေလ့လာတာ ျဖစ္ပါတယ္၊ သူေတာ္စင္ကလြဲလို႔လူတိုင္းအမွားလည္းရွိႏိုင္တယ္၊ဒါေၾကာင့္တစ္ေယာက္ ထဲလည္း စံမထားဘူး၊ ျမတ္စြာဘုရားၿပီးရင္ ကိုယ့္ကိုယ္ကိုပဲ ကိုးကြယ္တယ္၊ ကိုယ္နဲ႔သင့္ေတာ္တဲ့ အရာေတြကို လက္ခံၿပီးေတာ့ယူတယ္၊ သိပ္ၿပီးေတာ့ အစြန္းမေရာက္ဘူး” လို႔လည္း သ႐ုပ္ေဆာင္ ေအးျမတ္သူက ဆက္ေျပာပါတယ္။

သူမအေနနဲ႔ ေခတ္အေျခအေနကို မီးေမာင္းထိုးကာ ပညာေပးႏိုင္ေသာ ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ သြားဖို႔ ရွိေနသလို လက္ရွိအေျခအေနမွာလည္း ေပ်ာ္စရာေကာင္းတဲ့ Life တစ္ခုအျဖစ္ ပိုင္ဆိုင္ထားကာ ႀကိဳးပမ္းမႈရဲ႕ ရလာဒ္ေတြကို ခံစားလာရတယ္လို႔ သိရပါတယ္။ “ပရိသတ္ေတြက အခုေနာက္ပိုင္း နားလည္ေပးလာၾကတယ္၊ ဗီလိန္ရယ္ဘာရယ္ ဆိုၿပီးေတာ့ မခြဲျခားေတာ့ဘူး၊ နားလည္ၿပီး အားေပးလာၾကတယ္၊ တစ္ဖက္သားက အထင္ေသးတာမ်ိဳးေတြ မျဖစ္ေအာင္ ႀကိဳးစားေန တယ္၊ ေဟာ့ပ္မွ နာမည္ႀကီးမယ့္အထဲ မပါခ်င္ေတာ့ဘူး၊ ကိုယ္လုပ္ေနတဲ့ အႏုပညာမွာ ႀကိဳးစားရင္းနဲ႔ ပရိသတ္ရဲ႕ ခ်စ္ျခင္းေမတၱာကို ယူမွပဲ အဆင္ေျပမယ္၊ အဲ့ဒီအတြက္ ကိုလည္း ႀကိဳးစားေနပါတယ္၊ ေအးျမတ္သူအေနနဲ႔ ဒီေန႔ဒီအခ်ိန္မွာ ေနလို႔ေကာင္းၿပီး သက္ေတာင့္ သက္သာ ရွိတယ္၊ ေပ်ာ္စရာေကာင္းတဲ့ Life တစ္ခုပဲလို႔ ခံယူတယ္၊ အရမ္း ေလာဘ မႀကီးပါဘူး၊ ေလာဘႀကီး ရင္ အရမ္းပူေလာင္တယ္၊ ႀကိဳးစားတာေတာ့ မေလွ်ာ့ဘူး”လို႔လည္း သူမက ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၁၁